မတ်လအတွင်း ကနဦးမှတ်ပုံတင်လုပ်ငန်း ငွေခန်းပိတ်ချိန် အပြောင်းအလဲ အသိပေးကြေညာ


မတ်လအတွင်း ကနဦးမှတ်ပုံတင်လုပ်ငန်း ငွေခန်းပိတ်ချိန် အပြောင်းအလဲ အသိပေးကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်လုပ်ငန်း ငွေခန်းပိတ်ချိန်နှင့် ပတ်သက်၍ ပြည်သူလူထုသို့အသိပေးကြေညာချက် 

 

(က) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်လုပ်ငန်းငွေခန်းများအား အောက်ပါနေရာများတွင်ဖွင့်လှစ်၍ PO ဖြင့် လည်း ကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိပါသည်-

(၁) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်)

(၂) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)

(၃) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)

(၄) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (မန္တလေး)

(ခ) ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် စာရင်းနှင့်ဌာနစာရ ကိုက်ညီမှုရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် လက်ခံဆောင်ရွက်ခြင်းအား ၂၄.၃.၂၀၂၃ ရက်အထိသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် ၂၈.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃ ရက်နေ့နံနက် (၁၂:၀၀) နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

(ဂ) ၃.၄.၂၀၂၃ ရက်နေ့မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

Read 240 times