ဒစ်ဂျစ်တယ်ခေတ်မှာ ဒေါ်လာ ထောင်ချီကုန်ကျသော ရွှံ့မော်ဒယ်များကို ဘာကြောင့် ဆက်လက်သုံးစွဲနေကြသနည်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ရွှံ့မော်ဒယ်ကို သုံးစွဲတဲ့ နည်းပညာဟာ နှစ်ပေါင်း ၁၀၀ နီးပါးလောက်ရှိနေပြီဖြစ်ပေမဲ့လည်း အခုထိ ခေတ်မကုန်သေးပါဘူး။
ကားကုမ္ပဏီများဟာ မော်တော်ယာဥ် ပုံဖော်တဲ့ ဒီဇိုင်းလုပ်ငန်းစဉ်တွင် ရွှံ့စေးမော်ဒယ်များကို အသုံးပြုလာသည်မှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပါပြီ။ တခြားနည်းပညာအမျိုးမျိုး ရနိုင်နေပြီ ဖြစ်ပေမဲ့လည်း ရွှံ့စေးမော်ဒယ်များကို မစွန့်လွှတ်ကြတာ ဘာကြောင့်ပါလဲ။
အဖြေက ရိုးရှင်းပါတယ်။
ဒစ်ဂျစ်တယ်နည်းပညာဖြင့် 3D ပုံတစ်ပုံကို ဖန်တီးလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီပုံက အပြားပြင် 2D စခရင်ပေါ်မှ 3D ပုံ ဖြစ်နေပါတယ်။ နောက်တစ်ချက်က တကယ့် 3D ဖြစ်နေဖို့ လိုအပ်ပြီး တွေ့ထိလို့ ရဖို့၊ ကြည့်လို့ရဖို့ လိုအပ်ပါတယ်။
ဒစ်ဂျစ်တယ်လောကတွင် ကောင်းမွန်စွာအလုပ်လုပ်နိုင်သော ဒီဇိုင်းကို အစစ်အမှန်အရာဝတ္ထုတစ်ခုအဖြစ် ရှုမြင်ထိေတွ့တဲ့အခါ အဆင်မပြေတာတွေ ရှိနေပါတယ်။
ပျော့ပြောင်းသော ရွှံ့စေးဟာ ယာဉ်တစ်စီးရဲ့ အချိုးအစားကို ပြေပြစ်အောင်ပြုလုပ်ရာတွင် အဓိကကျပါတယ်။
ရြွှံက ဒီဇိုင်နာများနှင့် အင်ဂျင်နီယာများအား လိုအပ်သောပြောင်းလဲမှုများကို လုပ်တဲ့အခါ ရှုထောင့်အမျိုးမျိုးမှ အတိအကျ ရေးဆွဲထားတဲ့ ပုံေတွ အများအပြားကို ပြန်ပြင်ရေးဆွဲနေဖို့ မလိုအပ်တာကြောင့် အလုပ်တွင်ပါတယ်။
ကားကိုယ်ထည်ရဲ့ လေခွင်းနိုင်စွမ်းကို လေတိုက်ဥမင် wind tunnel ထဲမှာ လက်တွေ့ စမ်းသပ်ဖို့လည်း အဆင်ပြေပါတယ်။ ကိုယ်ထည်မှာ အပြောင်းအလဲကို အလွန်အမင်းအနုစိတ်အထိ လုပ်နိုင်စေပြီး ပြောင်းလဲလိုက်တဲ့အတွက် လေခွင်းနိုင်စွမ်း ပြောင်းလဲသွားတာကို လက်တွေ့ကျကျ သိရပါတယ်။
ဒေါ်လာ ထောင်ချီကုန်ကျသော ရွှံ့မော်ဒယ်များကို ကားကုမ္ပဏီများ ဘာကြောင့် ဆက်လက်သုံးစွဲနေကြသနည်း။
မေး။ ။ မြင်ဖူးသမျှကားတိုင်း အရွယ်အစားပြည့် ဂရုတစိုက် ထုလုပ်ထားသော ရွှံ့စေးပုံစံအဖြစ် စတင်ခဲ့ပါတယ်။ အဆိုပါ မော်ဒယ်များကို တည်ဆောက်ခြင်းအတွက် ကားတစ်စီးလျှင် ဒေါ်လာ ထောင်ပေါင်းများစွာ ကုန်ကျနိုင်ပါတယ်။ မော်တော်ကား ထုတ်လုပ်သူများက ကားများကို ဒီဇိုင်းထုတ်ရန်အတွက် 3D ပုံရိပ်ဖော်ခြင်းနှင့် စင်စစ်နီးပါး ပုံတူ virtual-reality (VR)နည်းပညာများမှာ ကြီးမားသော တိုးတက်မှုတွေနဲ့အတူ
ရွှံ့စေးတွင် အဘယ်ကြောင့် ငွေကြေးများစွာ အကုန်ခံနေကြရတာလဲ။
ဖြေ။ ။ ကောင်းပြီ၊ ပုံမှန်အားဖြင့် ရွှံ့နမူနာတစ်ခုအတွင်းမှာ ဘီးဗဟိုချက်များ တွဲထားတဲ့ စတီးဖရိန် တစ်ခု ရှိနေပါတယ်။ အဲဒီ စတီးဖရိန်ပေါ်မှာ ကပ်ပေးထားတဲ့ အမြှုပ်တုံးများ ရှိနေပါတယ်။ အဲဒီအပေါ်မှာမှ ကျွန်တော်တို့က အထူ ၁ လက်မ ၂ လက်မရှိေအာင် ရွှံ့ကို တင်ပါတယ်။ စက်သုံးပြီးလုပ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ ဒီဇိုင်းကို ပြေပြစ်အောင် ပုံဖော်ပါတယ်။
မေး။ ။ အဲဒီကနေ မော်ဒယ်တစ်ခုရဲ့ အနုစိတ်မှုပေါ် မူတည်ပြီး အသေးစိတ်အချက်အလက်တွေက ကွဲပြားပါတယ်။ အရွယ်အစားပြည့် ရွှံ့နမူနာဟာ ပစ္စည်းဖိုး ကန်ဒေါ်လာ ၂၀,၀၀၀ ကုန်ကျနိုင်ပါတယ်။ ငွေကုန်ကျတာအပြင် ဒစ်ဂျစ်တယ်ဒီဇိုင်နာများ၊ ပန်းပုဆရာများနှင့် CNC စက်များဖြင့် ပုံစံထုတ်ခြင်းတို့အတွက် လုပ်အားနာရီများ ကုန်ကျပါတယ်။ မော်ဒယ်ကို ချိန်ညှိမှုတွေ မည်ရွေ့ မည်မျှအထိ ပြုလုပ်တဲ့အပေါ်မူတည်ပြီး အပြီးသတ်ရန် နှစ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။
မြေစေးပုံစံပြုလုပ်ခြင်းရဲ့ ဇစ်မြစ်က ၁၉၃၀ ခုနှစ်လွန်ကာလများတွင် General Motors (GM) မှ စတင်ခဲ့ပါတယ်။
GM စတိုင်လ်စတူဒီယို အကြီးအကဲ Harley Earl ဟာ ပျော့ပြောင်းသော ရွှံ့စေးကို အသုံးပြု၍ ပုံကြမ်းများကို အပြည့်အ၀ မော်ဒယ်များအဖြစ်သို့ ပထမဆုံး ပြောင်းလဲခဲ့သူဖြစ်ပါတယ်။
လုပ်ငန်းကဏ္ဍမှာ ရိုးရှင်းစေပြီး ဒီဇိုင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးခြင်းဖြင့် လုပ်ငန်းကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီဇိုင်နာများဟာ စတီးသားဖြင့် ဖန်တီးရန် ခက်ခဲပြီး အချိန်လည်း ကုန်တဲ့ ပုံသဏ္ဍာန်များနှင့် ပုံစံများကို မြင်တွေ့လို့ ရသွားစေခဲ့ပါတယ်။
ဒါပေမဲ့ ၂၁ ရာစုတွင် အရာခပ်သိမ်း ဒစ်ဂျစ်တယ်ခေတ်တွင် ရွှံ့ပုံစံပုံစံကို အဘယ်ကြောင့် တန်ဖိုးထားနေကြရတာပါလဲ။
ဖြေ ။ ။ ဖန်သားပြင်ပေါ်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဘယ်လောက် လုပ်လုပ်၊ သင်္ချာနည်းအရ ၎င်းပုံဟာ 2D ရုပ်ပုံအဖြစ်ဖြင့်သာ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်ရဲ့ အစောပိုင်း တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ မြင်နိုင်တဲ့၊ တွေ့ထိလို့ရတဲ့ 3D ရုပ်ပုံ လိုအပ်ပါတယ်၊ ကျွန်တော်တို့ အချိုးအစား အကဲဖြတ်လို့ရတယ်။ စခရင်ပေါ်တွင် ကားတစ်စီးရဲ့ အချိုးကျကျ ဖြစ်မဖြစ် အကဲဖြတ်ရန် အလွန်ခက်ခဲပါတယ်။ လက်တွေ့ကျတာတစ်ခုက 3D မော်ဒယ်နဲ့ဆိုရင်တော့ ခင်ဗျား လိမ်လို့ မရဘူး။ ဘာမှ လှည့်စားခြင်း မရှိပါဘူး။ အရှိကို အရှိအတိုင်းပါပဲ။
စခရင်ပေါ်မှာ VR မှာ ခင်ဗျား ကြည့်လိုက်တော့ အတော်ဟန်ကျပန်ကျ ဖြစ်နေတယ်။ အပြင်မှာ ပုံတူကို ထုတ်လုပ်လိုက်တော့ မမျှော်လင့်တာတွေ အများကြီး အမြဲတစေ တွေ့ကြုံရပါတယ်။
ဥပမာအားဖြင့် ဒစ်ဂျစ်တယ်မော်ဒယ်တစ်ခုမှာ လိုင်းတွေက ကြည့်လို့ အတော်ကောင်းတယ်။ ဒါပေမဲ့ အရွယ်အစားပြည့် ထုတ်လုပ်လိုက်တဲ့အခါ ကြည့်မကောင်းတော့ဘူး။ အချိုးကျကျ မဖြစ်ဘူး။ 3D မော်ဒယ်မှာ လိမ်လို့မရဘူး။
မေး ။ ။ မြေစေးမော်ဒယ်များသည် လေခွင်းအား စမ်းသပ်ခြင်းအတွက်လည်း အသုံးဝင်ပါတယ်။ ကားတစ်စီးရဲ့ နောက်ပြန်ဆွဲငင်မှု၊ ပတ်လည်လေထုထဲ ကားက ဘယ်လို အလွယ်တကူ တိုးဝင်သွားသလဲဆိုတာကို အင်ဂျင်နီယာတွေက အကဲဖြတ်တဲ့ လေတိုက်ဥမင်ထဲမှာ စမ်းသပ်ဖို့အတွက် မြေစေးမော်ဒယ်ဟာ ပြီးပြည့်စုံပြီး အချိန်ကုန်သက်သာသော ကိရိယာပါပဲ။
ဖြေ။ ။ အဆုံးစွန်မှာ နောက်ပြန်ဆွဲ မြောက်ဖော်ကိန်း drag coefficient ကို လျှော့ချဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လျှပ်စစ်ကားမှာ နည်းလေ ကောင်းလေ၊ ထိရောက်မှု ပိုရှိလေပါပဲ။
လေတိုပ်ဥမင် တစ်နာရီ ငှားရမ်းခက အလွန်ဈေးကြီးပါတယ်။ တစ်ခါတလေ ကန်ဒေါ်လာ ထောင်ချီ သောင်းချီပါတယ်။ အချိန်က ငွေ ဖြစ်နေတယ်။ ဒီတော့ မြေစေးမော်ဒယ်ဖြင့် ကျွန်တော်တြိ့ လုပ်ကိုင်တဲ့အခါ ကျွန်တော်တို့ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လို့ ရတာကြောင့် အချိန်ကုန် သက်သာပါတယ်။
ကျွန်တော်တို့မှာ လေခွင်းအားအတွက် ကွန်ပျူတာမော်ဒယ်များ ရှိသော်လည်း ၁၀၀% သေချာစေရန် နှစ်ထပ်ကွမ်း စစ်ဆေးရန် လိုအပ်ပါသေးတယ်။
မေး။ ။ အရေးအကြီးဆုံးအချက်မှာ ဒစ်ဂျစ်တယ်ပုံရိပ်ဖော်ခြင်းမှာ မရနိုင်တာကို ရွှံ့စေးမော်ဒယ်က ဖော်ပြပေးနိုင်တာက သဘာဝအလင်းရောင်တွင် ယာဉ်က ဘယ်လိုနေမလဲဆိုတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ စမ်းသပ်မှုတွေထဲက တစ်ခုက အပြင်ထုတ်ပြီး ကားကို တကယ်မောင်းနှင်တဲ့အခါ ဘယ်လိုမြင်တွေ့ကြမလဲဆိုတာကို ဒီဇိုင်းသမားတွေ မြင်နိုင်ေစပါတယ်။ အခုံးအကွေးတွေမှာ နေရောင် ဘယ်လို အလင်းပြန်သွားသလဲဆိုတာ သူတို့ စိတ်ကူးထားတဲ့အတိုင်း ဖြစ်မဖြစ် သူတို့ မြင်နိုင်ေစပါတယ်။
ရွှံ့စေးပုံစံများဟာ ပြောင်းလဲခြင်းမရှိသော ရှေးခေတ်ဒီဇိုင်းနည်းလမ်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက မော်ဒယ်တစ်ခုလုံးကို လက်ဖြင့်ပုံဖော်ရတဲ့အတွက်ကြောင့် မော်ဒယ်တစ်ခုကို စတင် အလုပ်လုပ်ဖို့နှင့် စမ်းသပ်နိုင်ဖို့ ရက်သတ္တပတ်များစွာ ကြာနိုင်ပါတယ်။
ယနေ့တွင် CNC စက်များနှင့် ဒေတာမောင်းသွင်းပေးသည့်စနစ်များဖြင့် အသေးစိတ်ပုံစံကို ပန်းပုဆရာများ စတင်လုပ်ကိုင်ရန်အတွက်ညတွင်းချင်း ထုတ်လုပ်ပေးနိုင်ပါတယ်။
ကားလုပ်ငန်းတစ်ခုလုံးနည်းတူ ၎င်းသည်လည်း ပိုမိုမြန်ဆန်စွာ တိုးတက်လာပါတယ်။
ဒါပေမဲ့ အပြောင်းအလဲ လုပ်ဖို့ အတည်ပြုချက်လိုတဲ့အခါတိုင်း ရွှံ့စေးကို ညတွင်းချင်း ပြန်ပုံဖော်ပြီး ထပ်စစ်ဆေးပါတယ်။ လက်နဲ့ လုပ်ဖို့ လိုတာ ရှိရင်လည်း မြန်မြန်ဆန်ဆန် လုပ်ပေးလိုက်ကြပါတယ်။
ကွန်ပျူတာများဖြင့် ဘယ်လောက် မြန်မြန်ဆန်ဆန် ကားကို ထွင်းထုပေးထားသော်လည်း လူရဲ လက်မှာ အားသာချက်ရှိတာက အနုစိတ်အချောကိုင်ပေးတာ ဖြစ်ပါတယ်။
တစ်ခါတစ်ရံ ကားတစ်စီးရဲ့ ကိုယ်ထည်ပေါ်မှာ အနုစိတ် အချက်တစ်ချက်ကို ပြောင်းလဲပေးရတာဟာ မီလီမီတာမျှသာ နည်းနည်းပါးပါး ပြောင်းပေးလိုက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ဖြင့် လိုက်လုပ်ပေးရတာ ငြီးငွေ့ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ရွှံ့စေးပျော့ကို အသုံးပြုခြင်းဖြင့် ဒီဇိုင်သမားများကို လက်တွေ့ကျကျအမြင်ဖြင့် အချိုးအစားများကို အပြောင်းအလဲများစွာ ပြုလုပ်နိုင်စေပါတယ်။ ကွန်ပျူတာက မယှဉ်သာပါဘူး။
ဒစ်ဂျစ်တယ်နည်းပညာက ကားဒီဇိုင်းကို လုပ်သားအင်အား သုံးစွဲရတာ နည်းအောင် ဆက်လက်လုပ်ဆောင်နေသော်လည်း လူပန်းပုဆရာများက ထုလုပ်ထားသော ရွှံ့နမူနာများကသာ ကားကုမ္ပဏီများကို ၎င်းတို့ရည်မှန်းထားသည့်အတိုင်း ဖြစ်မြောက်အောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
Source businessinsider
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U