Classic မော်တော်ယာဉ်များ ပြန်လည် မှတ်ပုံတင်ပေးမည်


Classic မော်တော်ယာဉ်များ ပြန်လည် မှတ်ပုံတင်ပေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ မှတ်ပုံတင်သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည် မှတ်ပုံတင်ပေးခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာပါသည်။

• ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထား ထိန်းသိမ်းနိုင်စေရန် မှတ်ပုံတင်သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည် မှတ်ပုံတင်ပေးခြင်းကုိ 1980 model နှင့် ၎င်းမတိုင်ယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ်  ပြန်လည် မှတ်ပုံတင်ပေးမည် ဖြစ်ပါသည်။

• မှတ်ပုံတင် ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားသည့် ယာဉ်များကိုသာ ပြန်လည်ဆောင်ရွက်ပေးမည်။

• ယခင်က မှတ်ပုံတင်ထားခြင်း မရှိသော ရှေးဟောင်း ယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ပါ။

• ယာဉ်အမှတ်အား ရောက်ရှိဆဲ ယာဉ်အမှတ်ဖြင့် သတ်မှတ်ပေးမည်။ (ဇန်နဝါရီလ ၁၅ရက် ရောက်ရှိဆဲ ယာဉ်အမှတ်မှာ S5 2200 ကျော် ဖြစ်ပါသည်)

• ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည် မှတ်ပုံတင်ပေးခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ခရိုင် ကုန်လမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဉီးစီးဌာန ကညန ရုံးများမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ၆ လကာလအတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
Source RTAT

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 285 times