(၅)နှစ်ကျော်နှစ်ပြတ်၊  ကားဟောင်းများ မှတ်ပုံတင်ရန် ပေးဆောင်ရမည့် အခကြေးများနှင့် လိုအပ်သည့် စာရွက်စာ


(၅)နှစ်ကျော်နှစ်ပြတ်၊  ကားဟောင်းများ မှတ်ပုံတင်ရန် ပေးဆောင်ရမည့် အခကြေးများနှင့် လိုအပ်သည့် စာရွက်စာတမ်းများ


(၅)နှစ်ကျော်နှစ်ပြတ်၊  I980 Model နှင့် ၎င်းမတိုင်မီ ရှေးဟောင်း Classic မော်တော်ယာဉ်များအား ပြန်လည်မှတ်ပုံတင်ပေးမမည့် ရက်ကာလမှာ ၂၄-၂-၂၀၂၂ရက် (ကြာသပတေးနေ့) မှစ၍ ၂၅-၃-၂၀၂၂ ရက် (သောကြာ)နေ့ထိ ဖြစ်ပြီး ရုံးပိတ်ရက်များမှအပ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲအထိ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ကားနံပါတ်
ရောက်ရှိယာဉ်အမှတ်အသစ် သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ 

ယူဆောင်လာမယ့် စာရွက်စာတမ်းများမှာ 
မော်တော်ယာဉ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း + မိတ္တူ
နေရပ်လိပ်စာ မှန်ကန်စေရေးအတွက် အိမ်ထောင်စုစာရင်း(ပုံစံ-၁၀) မူရင်း + မိတ္တူ
ယာဉ်ပိုင်ရှင်အမည်ပေါက်မဟုတ်ပါက ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူပြီးကြောင်း အခွန်ပုံစံ-၁ နှင့် မူရင်းအရောင်းအဝယ်စာချုပ်
မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) (အုံနာဘုတ်) မူရင်း
မော်တော်ယာဉ် သက်သေခံလက်မှတ် (အဝိုင်း) (ဝှီးတက်) မူရင်း
သူတစ်ပါးထိခိုက်မှု အာမခံပေးဆောင်ပြီးကြောင်း ပြေစာ
စည်ပင်သာယာဘီးခွန် ပေးဆောင်ပြီးကြောင်း ပြေစာ (တိုင်းဒေသကြီး/ ပြည်နယ် အစိုးရခွင့်ပြုချက်ဖြင့် စည်ပင်သာယာဘီးခွန် ရယူသည့် ရုံးများသာ)

ပြန်လည်မှတ်ပုံတင်မည့် မော်တော်ယာဉ်ရဲ့ ပကတိ အခြေအနေက 
ကိုယ်ထည် ဘော်ဒီက ထုတ်လုပ်သည့်ခုနှစ်ပုံစံ Model အလိုက် ထုတ်လုပ်ထားတဲ့ ရုပ်သဏ္ဍာန်အတိုင်းသာ ဖြစ်ရပါမယ်။ ထိုက်သင့်သည့်ဥပဓိရုပ် ရှိပါမယ်။
အင်ဂျင်က မူလထုတ်လုပ်သည့် ထုတ်လုပ်သူ (Manufacturer) က တပ်ဆင်ပေးထားတဲ့ အင်ဂျင်စက်စွမ်းအား (Engine CC) ထက်ကျော်လွန်သော အင်ဂျင်ကို ပောင်းလဲတပ်ဆင်ခြင်းကို ခွင့်မပြုပါဘူး။ 
အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရပါမယ်။ 

ဘောင်အမှတ် ဖောက်ထည့်၊ ဖြတ်ဆက်၊ ပြန်ရိုက်ထားသည့်ယာဉ်များ၊ 
Body Coach ပြောင်းလဲထားသည့်ယာဉ်များ မှတ်ပုံတင်ခွင့် မပြုပါ။

 ပြန်လည်မှတ်ပုံတင်သည့်နေ့မှစ၍ (၅)နှစ်အတွင်း ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်မပြုပါ။

 

ကောက်ခံမယ့် အခကြေးများမှာ 

ဒဏ်ကြေး

ယာဉ်ငယ်တစ်စီးလျှင် ဒဏ်ကြေးအဖြစ် သက်တမ်းပြတ်ကာလ
(၅)နှစ် အထက်မှ (၁၀)နှစ်အတွင်း သိန်း(၃၀)ကျပ်၊ 
(၁၀)နှစ်အထက်မှ (၁၅)နှစ်အတွင်း သိန်း(၄၀)ကျပ်၊
(၁၅)နှစ်အထက် သိန်း(၅၀)ကျပ်၊ 

ယာဉ်ကြီးတစ်စီးလျှင် ဒဏ်ကြေးအဖြစ် သက်တမ်းပြတ်ကာလ 
(၅)နှစ်အထက်မှ (၁၀)နှစ်အတွင်း (၂၅)သိန်း၊
 (၁၀)နှစ်အထက်မှ (၁၅)နှစ်အတွင်း (၃၅)သိန်း၊ 
(၁၅)နှစ် အထက် (၄၅)သိန်း


မှတ်ပုံတင်ခများ
(၅)နှစ်ကျော် နှစ်ပြတ်ထားတာအတွက် မှတ်ပုံတင်ခ ၅ နှစ်စာ  + ကနဉီး မှတ်ပုံတင်ကြေး ၁ နှစ်စာ  = စုစုပေါင်း ၆ နှစ်စာ ပေးဆောင်ရပါမယ်။ 

ကနဦး မှတ်ပုံတင်ခ
ယာဉ်ငယ် ၁၅,၀၀၀ ကျပ်
ယာဉ်ကြီး ၃၀,၀၀၀ ကျပ်

စစ်ဆေးခများ
ကနဦး ယာဉ်စစ်ဆေးခ
ယာဉ်ငယ် ၅,၀၀၀ ကျပ်
ယာဉ်ကြီး ၁၀,၀၀၀ ကျပ်

အထူးစစ်ဆေးခ
(ကမ-၃ အုံနာဘုတ်၊ ဝှီးတက်အဝိုင်း၊ ဟိုလိုဂရမ်) ၂,၂၀၀ ကျပ်

နံပါတ်ပြား
ဖောင်းကြွနံပါတ်ပြား ၂ ချပ်အတွက် ၉,၀၀၀ ကျပ် ပေးသွင်းရပါမယ်။ 

ရိုပ်နှိပ်ခ
အကယ်၍ ယာဉ်စစ်ဆေးတဲ့အခါမှာ အင်ဂျင်စက်အမှတ်၊ ချာစီဘောင်အမှတ်များကို ရိုက်နှိပ်ရန် လိုအပ်ပါက ရိုက်နှိပ်ခကို သတ်မှတ်ထားတဲ့အတိုင်း ပေးသွင်းပြီး နံပါတ်များ ရိုက်နှိပ်ရပါမယ်။

အာမခံ၊ ဘီးခွန်
 သူတစ်ပါးထိခိုက်မှုအာမခံကြေးနှင့် စည်ပင်သာယာဘီးခွန်ကြေးတို့ ပေးသွင်းရပါမယ်။

ရှေးဟောင်း Clasic မော်တော်ယာဉ် ဆိုတာ -
နိုင်ငံတကာသတ်မှတ်ချက်အရ ရှေးဟောင်းသမိုင်းဝင်ယာဉ် Classic Car ဆိုတာ သက်တမ်း (၂၅)နှစ်နှင့်အထက် မော်တော်ယာဉ်ဟောင်း(Used Vehicles) များကိုခေါ်ပါတယ်။
Classic Car များကို သမိုင်းဝင်ယာဉ်များအဖြစ် စုဆောင်းခြင်းနှင့် ဆက်စပ်ပစ္စည်းများပြန်လည်ထိန်းသိမ်းခြင်း များကို လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင်ရွက်နေကြပါတယ်။

 ကညန (ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)တွင် မှတ်ပုံတင်ထားရှိပြီးသော (၅)နှစ် ကျော်နှစ်ပြတ်၍ မှတ်ပုံတင်ဖျက်သိမ်းပြီးသည့်မော်တော်ယာဉ်များအနက် I980 Model နှင့် ၎င်းမတိုင်မီ ယာဉ်များအား ရှေးဟောင်း Classicယာဉ်အဖြစ်သတ်မှတ်ပြီး သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ 

အဆိုပါ ရှေးဟောင်း Classic မော်တော်ယာဉ်များမှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် ထိုက်သင့် သည့် ဥပဓိရုပ်နှင့်အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းစွာမောင်းနှင်နိုင်သည့် အဆင့်ဖြစ်ပါက ရှေးဟောင်း Classic မော်တော်ယာဉ်များအဖြစ်သတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည် နယ်/ခရိုင်ရုံးများတွင် သတ်မှတ်အခွန်အခများကောက်ခံပြီး ၂၄-၂-၂၀၂၂ရက် (ကြာသပတေးနေ့)မှစ၍ ၂၅-၃-၂၀၂၂ ရက် (သောကြာ)နေ့ထိ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မူသေအမှတ်များကို ရောက်ရှိယာဉ်အမှတ်အသစ် သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ 
 

Read 19280 times