ဘက်ထရီ ကျန်းမာရေး စစ်ဆေးပေးပါ


ဘက်ထရီ ကျန်းမာရေး စစ်ဆေးပေးပါ


ဘက်ထရီက သင့်ကားကို  အဆင်ပြေပြေ လည်ပတ်စေဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။  သင့်ကားမှာ အလုပ်အတော်များများကို ချစ်ပ်တွေက ထိန်းကျောင်းညွှန်ကြားပေးနေကြတော့ လျှပ်စစ်ဓာတ်အား ချို့တဲ့ရင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး။ ဘက်ထရီ ကျန်းမာမှ သင့်ကားကို ချောမွေ့စွာ လည်ပတ်နိုင်ပါလိမ့်မယ်။
 ကားတစ်စီ'မှာ အင်ဂျင်နှင့် စက်ပိုင်းဆိုင်ရာကို ဂရုပြုကြလေ့ရှိတယ်။ ကားအောက်ပိုင်းကို စစ်ဆေးကြည့်လေ့ ရှိတယ်။ ဘက်ထရီကိုတော့ မေ့ထားတတ်ကြပါတယ်။ ဘက်ထရီခေါင်း ဆားပွင့်နေတာကိုတောင် သန့်ရှင်းရေး မလုပ်မိတဲ့အထိ လျစ်လျူပြုထားမိတတ်ကြပါတယ်။ 

ကားအင်ဂျင် စနိုးသွားဖို့ကို ဘက်ထရီက စွမ်းအင်တွေ ထုတ်ပေးပြီး ကားစက်နိုးတဲ့အထိ စွမ်းအင်တွေ ထုတ်ပေးနေရပါတယ်။ 
ဘက်ထရီထဲမှာ ဆဲလ်တွေ ရှိတယ်။ အဲဒီဆဲလ်တွေက ကားစက်နှိုးဖို့ လိုအပ်မယ့် စွမ်းအင်တွေကို သိုမှီးပေးထားကြပါတယ်။ 
ဘက်ထရီမကောင်းရင် ချူချာနေလို့ စွမ်းအင်အလုံအလောက် ထုတ်မပေးနိုင်ဘူး။ ကားစက်နှိုးတာ နိုးတော့မှာ မဟုတ်ဘူး။ 

စက်နှိုးလိုက်တဲ့အခါ ဘက်ထရီထဲမှာ ဓာတုတုံ့ပြန်မှုတွေ ဖြစ်ပွားပါတယ်။ ဘက်ထရီက ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်သို့ပြောင်းလဲပေးပြီး စက်နှိုးဖို့အတွက် မော်တာလည်ဖို့ လျှပ်စစ်စွမ်းအင်ကို ဖောဖောသီသီ ပေးအပ်ပါတယ်။ 

ဘက်ထရီမှာ ပါဝါ ရှိရဲ့လား သိချင်ရင် ဘက်ထရီရဲ့ ငုတ်နှစ်ခုအကြား ဗို့အားကို တိုင်းတာကြည့်ပါတယ်။ ဘက်ထရီ အားပြည့်နေချိန်မှာ  ၁၂.၆ ဗို့နှင့်အထက် ရှိနေတယ်ဆိုရင် အိုကေပါတယ်။
၁၂.၂ ဗို့အထိ အားကျဆင်းနေတယ်ဆိုရင် အားတစ်ဝက် ၅၀ % ပဲ အားရှိပါတယ်။ ဘက်ထရီအိုးကို 12 volts ဘကင်ထရီလို့ အလွယ်ပြောနေကြပေမဲ့ 12 volts ပဲ ရှိတဲ့ အခြေအနေဆိုရင် ဘက်ထရီ သေခါနီးနေပါပြီ။ 12 volts အောက်ကို ဆင်းသွားတဲ့အခါ ဘက်ထရီ သေပါတယ်။ အသစ်တစ်လုံးနဲ့ လဲလှယ် ရတော့မှာ ဖြစ်ပါတယ်။ 
ကားစက်နှိုးလိုက်တာ နိုးသွားပြီဆိုရင်တော့ ဒိုင်နမိုလို့လည်း ခေါ်ကြတဲ့ အော်လ်တာနိတ်တာကို အင်၈ျင်က လှည့်ပေးနေလို့ မွတ်မွတ်လည်ရင်း ဓာတ်အားတွေ ထုတ်ပေး'ပါတယ်။ အချို့အဝက်က ဘက်ထရီဆီ ရောက်သွားပြီး ဘက်ထရီကို အားပြည့်တဲ့အထိ အားဖြည့်ပေးနေမှာ ဖြစ်ပါတယ်။

ဘက်ထရီ အားနည်းရင် ဘာဖြစ်နိုင်သလဲ။
အင်ဂျင်ကို စနှိုးပေးတဲ့ စတတ်တာ မော်တာ ထိခိုက်ပါတယ်။ အော်လ်တာနိတ်တာခမျာ ဖြစ်သင့်တာထက် ပိုပြီး အားဖြည့်ပေးရရှာတယ်။ အဲဒီနှစ်ခုကို ထိခိုက်စေနိုင်ပါတယ်။ မလိုအပ်ဘဲ အချီကြီးတွေ ပြင်ရတတ်ပါတယ်။ 

ကားဘက်ထရီ ဘယ်လောက်ကြာကြာခံသလဲ။
ဘက်ထရီရောင်းတဲ့ဆိုင်က ပေးတဲ့ အာမခံသက်တမ်း အထိတော့ ကြာကြာခံလေ့ ရှိပါတယ်။ 

ဘက်ထရီ မကောင်းစ ပြုလာပြီဆိုရင်

ဒက်ရှ်ဘုတ်မှာ ဘက်ထရီ သတိပေးနီနီ လင်းပါတယ်။ ဘက်ထရီပုံ မီးနီနီ ဖြစ်ပါတယ်။ 
ကားရှေ့မီး'ကြီးတွေ အားပါးတရ မလင်းနိုင်တော့ဘူးဆိုရင် ဘက်ထရီ သိပ်မကောင်းတော့တဲ့ လက္ခဏာတစ်မျိိုး ဖြစ်ပါတယ်။ 
ကားမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်အစိတ်အပိုင်းတွေ ပုံမှန် အလုပ်မလုပ်တော့လို့ စက်သံမမှန်တော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ 
အတော်ဆိုးလာပြီဆိုရင်တော့ စက်နှိုးလိုက်ရင် ကလစ်လို့ တစ်ချက်မြည်ပြီး စက်နှိုးမော်တာ စတတ်တာ မလည်တော့ပါဘူး။  ကံကောင်းထောက်မလို့ စက်နှိုးရင်လည်း အင်ဂျင်စလည်ချိန်မှာ နှေးနေတယ်။ မလည်ချင်လည်ချင်နဲ့ လည်နေမယ်။ ပြန်ရပ်ချင် ရပ်သွားလိမ့်မယ်။ 
မနက်ဖက် စက်နှိုးရင် ဘက်ထရီက ပေကပ်ကပ် ဖြစ်နေတတ်တယ်။ မောင်းပြီးသွားလို့ စက်ပူနေရင် ဘက်ထရီက စက်ပြန်နှိုးလို့ရတဲ့ အဆင့်မှာ ဘက်ထရီကို အသစ်တစ်လုံးနှင့် လဲလိုက်သင့်ပါပြီ။ 


ဘက်ထရီ အိုးစို ဖြစ်ဖြစ် အိုးခြောက်ဖြစ်ဖြစ် ဘက်ထရီအိုးကို သန့်သန့်ရှင်းရှင်း ထားဖို့ဘလိုအပ်ပါတယ်။ 
မသန့်ရှင်းရင် ရေနိုင်နိုင်ဖြင့် ဆေးကြောပေးပါ။

 

ငုတ်မှာ ဆားပွင့်နေသလား။ ခေါင်းမှာချေးတက်‌ေနသလား။ စစ်ဆေးပါ။
ဆားပွင့်ရင် ရေနွေးနဲ့ လောင်းဆေးပါ။
ခေါင်းချေးတက်နေရင်  ဘရတ်ဖြင့် နာနာပွတ်ပြီး ချေးချွတ်ပါ။
ငုတ်မှာ ခေါင်းချောင်နေသလားစစ်ပါ။

Read 694 times