ဝန်ထမ်းကားပါမစ်ကိစ္စ ဆက်လက် ဆောင်ရွက်ပေးမည်


ဝန်ထမ်းကားပါမစ်ကိစ္စ ဆက်လက် ဆောင်ရွက်ပေးမည်ဟု သိရပါသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရေး အတွက်  သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အရာထမ်း အမှုထမ်းများ၏စာရင်းကို ယခု စက်တင်ဘာလအတွင်း အပြီးအစီး ကောက်ယူရန် ညွှန်ကြားထားသည်ဟု သိရသည်။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ် ရရှိ ထားပြီး (၁-၁၀-၂၀၂၁)ရက်နေ့တွင် အသက်(၅၇)နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန်(၃)နှစ် အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် ခံစားနေသော ဝန်ထမ်းများအပါ)အား ရာထူးအဆင့်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ မော်တော်ယာဉ် ဝယ်ယူခွင့်အား ဆက်လက်ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

ယခင် မော်တော်ယာဉ်ဝယ်ယူခွင့် လျှောက်ထားခွင့် ရရှိထားပြီးဖြစ်သည့် ဝန်ထမ်းများ စာရင်း ထပ်မံပေးသွင်းရန်မလိုဟု သိရပါသည်။
 

Read 625 times