ဝန်ထမ်းပါမစ် ပေါက်ဈေးနှင့် နောက်ဆုံးသိရသည့်အချက်များ


ပါမစ်

- ၂၀၂၀ ဒီဇင်ဘာ (၂၉) ရက်နေ့အထိ ၂၀၁၈ မှ ၂၀၂၀မော်ဒယ် လျှောက်ခွင့်ရှိပါမယ်။

- ၂၀၂၁ ဇန်နဝါရီ (၁) ရက်နေ့နောက်ပိုင်းဆို ၂၀၁၉ မှ ၂၀၂၁ မော်ဒယ် လျှောက်ထားခွင့်ရှိပါမယ်။

- ပါမစ်သက်တမ်း (၃)လ ခွင့်ပြုပြီး

သက်တမ်းတိုးခွင့် ပထမအကြိမ် (၂)လ၊ ဒုတိယအကြိမ် သက်တမ်း (၁)လ .

စုစုပေါင်း ပါမစ်သက်တမ်း (၆)လ ခွင့်ပြုမယ်။

- သန်းခေါင်စာရင်းလိပ်စာ ရန်ကုန်ဖြစ်မယ်ဆို ရန်ကုန်လိပ်စာ၊ နယ်လိပ်စာဖြစ်ပါက နယ်လိပ်စာ ခွင့်ပြုပါမယ်။

- ပါမစ်ကို တစ်ကြိမ်သာ ပြင်ဆင်ခွင့် ရှိမယ်။

- အချက်အလက် မှန်ကန်စေဖို့ မော်တော်ယာဉ် ဝယ်ယူပြီးမှ လိုင်စင်/ပါမစ် လျှောက်သင့်ပါတယ်။ ဘယ်နေ့ နောက်ဆုံး လျှောက်ကို လျှောက်ရမယ် မကန့်သတ်ထားပါဘူး။ ဒါကြောင့်မို့ အမှားမပါစေဖို့ မလောကြစေချင်ပါ။

- ကားအမျိုးအစားနဲ့ ပတ်သက်ပြီး ဘယ်ကားအမျိူးအစား ခွင့်ပြုမယ်၊ ဘယ်ကားတော့ ခွင့်မပြုဘူးရယ်လို့ သတ်မှတ်ထားခြင်း မရှိပါ။

- ပါမစ်နဲ့ တင်သွင်းလာတဲ့ ကားနဲ့ ကွဲလွဲမှု ရှိလာရင် လက်ရှိဒဏ်ကြေးတွေအတိုင်း ကောက်ပါမယ်။

- သတ်မှတ် ခွင့်ပြုအင်ဂျင်ပါဝါထက် ပိုပြီး တင်သွင်းလာရင် ခွင့်ပြုမယ် မဟုတ်ပါ။

- အရစ်ကျ အစီအစဉ်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ရပါမယ်။

- ညွှန်ချုပ် ပါမစ်အရေအတွက် (၁၀၀)၊ ဒုညွှန်နဲ့အထက် ပါမစ်အရေအတွက် (၁၇၀၀) ဝန်းကျင် ရှိပါတယ်။

- ဒုတိယညွှန်ကြားရေးမှူးနှင့် အထက်များအနေနဲ့ ပြည်ပမှ ကားများ တင်သွင်းခွင့်ရှိသလို ပြည်တွင်း showroom/sale center မှ ဝယ်ယူခွင့်ရပါမယ်။

- လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်အဆင့်များ ကားတင်သွင်းခြင်း၊ used car sale center များမှ ဝယ်ယူခွင့် ရှိမည် မဟုတ်ပါ။ ပြည်တွင်းထုတ် SKD သို့မဟုတ် ပြည်ပမှ သွင်းလိုပါက Brand New Showroom များမှ တစ်ဆင့်သာ

၁၃၅၀ စီစီအောက်ကားများ ဝယ်ယူနိုင်ပါတယ် ။

အခွန်

AV=CIF

ပေါက်ဈေး

လက်ညွှန်ကနေ ဒုညွှန် အထိက ပြန်ရောင်းဖို့မေးတာများပြီး

ညွှန်မှုးနဲ့ အထက် စီးဖို့ မေးမြန်းတာ များတယ်။

ဝန်ထမ်းပါမစ် ဈေးမှန်ပေါက်ဈေး

လက်ညွှန် ရန်ကုန် သန်းခေါင်စာရင်းက ၁၅ သိန်း

ဒုညွှန် ရန်ကုန်သန်းခေါင်စာရင်းက သိန်း ၅၀

 

၃ နှစ်

ပြည်ပတင်သွင်းယာဉ် ၂၀၁၈ မော်ဒယ်အထိ ကားများကို

ယာဉ်မှတ်ပုံတင်သက်တမ်း ၃ နှစ်အထိ ခွင့်ပြုပေးထားပါတယ်။

အမည်ပြောင်းတာလည်း ၃ နှစ် အထိ ရပါတယ်။

ဝန်ထမ်းပါမစ် ကားများ ၃ နှစ်အတွင်း အမည်ပြောင်းခွင့်မပြုပါ ။

 

ကနဦး မှတ်ပုံတင်

မန္တလေး ကညန ကနဦး ယာဉ်မှတ်ပုံတင် ရုံးများ ဒီဇင်ဘာလ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မယ်

ယာဉ်အစီးရေ ၂၀ စီး ထပ်တိုးလုပ်ဆောင်ပေးပါမယ်

Online Booking ယူသည့် ယာဉ်အစီးရေ ယခင် တစ်ရက်လျှင် ၈၀ စီးမှ ၂၀ စီးထပ်တိုးဆောင်ရွက်ပေးမှာ ဖြစ်လို့ တစ်ရက်လျှင် စီးရေ ၁၀၀ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်တို့မှာလည်း နေ့စဉ် စီးရေ ၁၀၀ ဆောင်ရွက်ပေးနေပါတယ်။

နောက်ဆုံးရောက်ရှိ နံပါတ်များ (17-12.2020)

မော်တော်ကား 5R 8965

တက္ကဆီ HH 4097

စက်မှုဇုန်ထုတ်ကား 8M 8859

ထရော်လာဂျီ 9V 63218

မော်တော်ဆိုင်ကယ် 79W 24991

သုံးဘီးတပ်ယာဉ် 18U 6491

နောက်တွဲ 2LTR 4473

နိဗ္ဗာန်ယာဉ် HSE 6050

ကားဝယ်ဖို့  ဘဏ်ချေးငွေအကြောင်း ဗီဒီယိုမှာ ကြည့်ရှု နိုင်ပါတယ်။

Read 28788 times