စီးတီးတက္ကစီမှတ်ပုံတင်ရုံးအသစ်ကို
အမှတ်၂၆ ပင်လုံလမ်း
၂၉ ရပ်ကွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)
ရန်ကုန်မြို့တွင်
တည်ရှိသော YRTC ရုံးတွင် ဖွင့်လှစ်ထားပြီး သက်တမ်းတိုးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၁၅ရက်မှ စတင်ကာ ပြန်လည်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပျမ်းမျှအားဖြင့် တစ်ရက်လျှင် တက္ကဆီစီးရေ ၂၀၀ ဝန်းကျင်ကို သက်တမ်းတိုးပေးလျက် ရှိသည်။
ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ပေးပါသည်။
ကိုဗစ်လှိုင်းထခဲ့စဉ်က စီးတီးတက္ကစီမှတ်ပုံတင် ကိစ္စများကို မတ်လ ၁၆ရက်မှာ ရပ်ဆိုင်းထားခဲ့ပြီး ဇူလိုင်လ ၁ ရက်တွင် သံသုမာလမ်း ၁၅ရပ်ကွက် တောင်ဥက္ကလာပမြို့နယ် တွင် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ၌
ကိုဗစ် တတိယလှိုင်းကြောင့် ဇူလိုင်လ ၁၅ ရက်တွင် ပြန်လည်ရပ်ဆိုင်းထားခဲ့ရပါသည်။ ယခုအခါ စက်တင်ဘာ ၁၅ရက်မှ စတင်ကာ စီးတီးတက္ကစီများကို သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
စီးတီးတက္ကဆီ စီးရေ ၆၅,၀၀၀ ဝန်းကျင်ရှိပြီး စနစ်တကျ ရှိစေရန် တက္ကဆီများ မှတ်ပုံတင်ခြင်း လုပ်ငန်း စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။