City Taxi ယာဉ်ကိုယ်ထည် တစ်ဖက်တစ်ချက် အဝါရောင်လိုင်း ဖော်ပြထားရမည်


City Taxi ယာဉ်ကိုယ်ထည် တစ်ဖက်တစ်ချက် အဝါရောင်လိုင်း ဖော်ပြထားရမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

City Taxi ယာဉ်၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်းထည့်သွင်း သတ်မှတ်ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ 


၁။​ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များအား အခြားသော ယာဉ်များနှင့် ကွဲပြားသော ထင်သာမြင်သာရှိစေရန်အတွက် City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း အနံ ၅လက်မခန့်ရှိ အလျားလိုက်လိုင်း Sticker ဖြင့် ယာဉ်၏ ရှေ့မီးခွက်အောက်မှနောက်မီးခွက်အထိ (ဘေးမှန်ခွင်အောက်မှ) ကပ်ခြင်းကို ၁-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ဆောင်ရွက်ပါမည်။

၂။​ အောက်ပါအတိုင်း ဆောင်ရွက်ပါမည်-

​(က)​သတ်မှတ် Design အတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး   ၅,၀၀ဝိ/- ကျပ်
(၁-၁၁-၂၀၂၃ မှ ၃၁-၁-၂၀၂၄) အထိ YRTC မှ ကျခံပေးပါမည်။

​(ခ)​လက်ခမယူဘဲ မိမိဝန်ထမ်းများဖြင့် ကပ်ပေးခြင်းဆောင်ရွက်ပါမည်။

(ဂ)​City Taxi ယာဉ်ပိုင်ရှင်များ ကိုယ်တိုင် သတ်မှတ် Design အတိုင်း     မိမိအစီအစဉ် ဖြင့် Sticker ကပ်ခွင့် (သို့မဟုတ်) ဆေးသုတ်ခွင့်ပြုပါမည်

ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ

 

 



To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 741 times