စီးတီးတက္ကစီ မှတ်ပုံတင် ဆောင်ရွက်ရန်အသိပေးကြေညာခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)သည် COVID-19 ရောဂါအခြေအနေကြောင့် စီးတီးတက္ကစီ မှတ်ပုံတင်လုပ်ငန်းကို ၁၆-၃-၂၀၂၀ ရက်နေ့မှစ၍ ခေတ္တဆိုင်းငံ့ထားခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ်မှတ်ပုံတင်ထားသော တက္ကစီယာဉ် များအားလုံး စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ထားသော စီးတီးတက္ကစီယာဉ်များ သက်တမ်းတိုးခြင်းလုပ်ငန်းကို ၁-၇-၂၀၂၁ ရက်နေ့မှစတင်၍ covID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အချိန်နှင့်ရက်ကို ရက်ချိန်း ပေးဆောင်ရွက်ပေးပါမည်။
၃။ ယာဉ်မှတ်ပုံတင်သက်တမ်းနှင့် လုပ်ငန်းလိုင်စင် သက်တမ်းရှိသော တက္ကစီယာဉ် အားလုံး စီးတီးတက္ကစီမှတ်ပုံတင် ဆောင်ရွက်ရပါမည်။
၄။ ချိန်းဆိုသော ရက်၊အချိန်အတိုင်းလာရောက်ပါရန်၊ သက်တမ်းတိုးယာဉ်များ ကားယူ လာရန်မလိုဘဲလိုအပ်သော စာရွက်စာတမ်းများဖြင့် ဆောင်ရွက်မည့်သူ(၁)ဦးသာလာ ရောက်ရန်၊ ရုံးအတွင်း covID-19 စည်းကမ်းများအတိုင်း လိုက်နာကြပါရန် အသိပေးအပ်ပါသည်။
၅။ လာရောက်ဆောင်ရွက်သောအခါ ယာယီရပ်ဆိုင်းထားသော ကာလနှင့်မတိုင်မီကာလက ကျန်ရှိခဲ့သော လလွန်၊ နှစ်လွန်ကြေးများကို ကောက်ခံမည်မဟုတ်ဘဲ ကင်းလွတ် ခွင့်ပြုပါသည်။ ။ ရက်ချိန်းပေးထားသောကားများ သတ်မှတ်ကာလကျော်လွန်၍ လာရောက်ပါက ယခင်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ပါမည်။
ဆောင်ရွက်ရန်နေရာ
အမှတ်(၂၉၇)၊ သံသုမာလမ်း၊ (၁၅)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။
ဆက်သွယ်ရန်ဖုန်း
၀၉-၄၅၂၉၄၃၃၃၀ ။ ၀၉-၄၂၅၂၈၄၉၅၁
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး
ကြီးကြပ်မှုကော်မတီ (YRTC)