Citroën က ကတ်ထူကိုယ်ထည်ကား တီထွင် ထုတ်လုပ်


Citroën က ကတ်ထူကိုယ်ထည်ကား တီထွင် ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြင်သစ်နိုင်ငံမှ ကားထုတ်လုပ်ရေးလုပ်ငန်း  Citroën က ကားတစ်စီးကို ကတ်ထူကိုယ်ထည်ဖြင့် တီထွင် ထုတ်လုပ်ခဲ့သည်။ သုံးနေကျ သတ္တုကိုယ်ထည်အစား ကတ်ထူကို သုံးစွဲထားသည်။ 
ကတ်ထူအတွင်း အလယ်သားမှာ ပျားအုံကွက် ဖော်ထားပြီး တောင့်တင်းအောင် လုပ်ပေးထားသည်။ ကတ်ထူပေါ်တွင် ပလတစ်စတစ်အလွှာ အုပ်ပေးထားသည်။ အတွင်းနှင့် အပြင် နှစ်ဘက်စလုံးမှာ ပလတ်စတစ်အလွှား အုပ်ပေးထားသည်။ ရေစိုသည့် ဒဏ် ခံနိုင်ရည် ရှိသွားစေသည့်အပြင် ကတ်ထူပြားကို တောင့်တင်းမှု ပိုကောင်းသွားစေသည်။ 

ကတ်ထူပြား ထုတ်လုပ်ရန် ဂျာမနီမှ ဓာတုပစ္စည်း လုပ်ငန်းကြီး BASF နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ 
ကားကို လျှပ်စစ်ကားအဖြစ် ထုတ်လုပ်ထားသည်။ Citroën Oli ဟု မော်ဒယ်အမည်ပေးထားသည်။ 

 Citroën Oli ယာဉ်အလေးချိန်မှ တစ်တန် (ကီလို ၁,၀၀၀) အောက်တွင် ရှိသည်။ အမြန်ဆုံး အမြန်နှုန်းမှာ  တစ်နာရီ ကီလိုမီတာ ၁၁၀ (၆၈ မိုင်) ဖြစ်သည်။ 

Citroën သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားလုပ်ငန်း  Stellantis တွင် ပါဝင်သော ကားလုပ်ငန်း ဖြစ်သည်။ 

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1343 times