Citroën က Ami Buggie စီးရေ ၁,၀၀၀ ထပ်မံ ထုတ်လုပ်မည်


Citroën က Ami Buggie စီးရေ ၁,၀၀၀ ထပ်မံ ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Citroën က Ami Buggie လျှပ်စစ်ကားငယ် စီးရေ ၅၀ ထုတ်လုပ်ပြီး ရောင်းချခဲ့ရာ  ၁၈ မိနစ်အတွင်း အားလုံးရောင်းချခဲ့ရပါတယ်။ ယခု နောက်ထပ် စီးရေ ၁,၀၀၀ ထပ်မံ ထုတ်လုပ်ပါမယ်။
လျှပ်စစ်ကားငယ် Ami Buggy ရဲ့ အမြန်ဆုံး အမြန်နှုန်း တစ်နာရီ ၂၈ မိုင် (45 km/h) ဖြစ်ပေမဲ့ အစီး ၅၀ ကို ၁၈ မိနစ်အတွင်း ရောင်းလို့ ကုန်သွားခဲ့ပါတယ်။
 ယခု အစီး ၁,၀၀၀ ကို ထပ်မံထုတ်လုပ်မှာဖြစ်ပြီး ဦးရာလူယူစနစ်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ လာမယ့် နွေဦးမှာ ကားကို စတင်ရရှိမှာ ဖြစ်ပါတယ်။
ပထမအသုတ် အစီး ၅၀ နှင့် အတူတူပင် ဖြစ်သော်လည်း အများက မမျှော်လင့်တဲ့ လုပ်ဆောင်ချက် အင်္ဂါရပ်အချို့ ပါဝင်မယ်လို့ ဆိုပါတယ်။ အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုသေးပါ။

Citroën ရဲ့ ပုံမှန် Ami မော်ဒယ်က ရောင်းအား ကောင်းပါတယ်။ ၂၀၂၀ မှ စတင်ရောင်းချခဲ့ပြီး စီးရေ ၃၀,၀၀၀ ကျော် ရောင်းချခဲ့ပြီးပါပြီ။ 
Ami မှာ 5.5 kWh ဘက်ထရီ သုံးစွဲထားပြီး အားသွင်းချိန် ၄ နာရီအထိ ကြာမြင့်ပါတယ်။ ခရီးတာ ၄၆ မိုင် (၇၄ ကီလိုမီတာ) အထိ သွားနိုင်ပါတယ်။

My Ami Cargo မော်ဒယ်ကိုတော့ မြို့တွင်း ပစ္စည်းလိုက်လံပေးပို့ရန် လုပ်ငန်းသုံးကားငယ်အဖြစ် ထုတ်လုပ်ပါတယ်။ ကုန်အလေးချိန် ၃၀၉ ပေါင် (၁၄၀ ကီလိုဂရမ်) အထိ သယ်ပေးနိုင်ပါတယ်။

My Ami Buggy Concept နမူနာကို ၂၀၂၁ မှာ Citroën က ပြသခဲ့ပါတယ်။
ပင်လယ်ကမ်းခြေစီး ကားစတိုင်လ် Ami Buggy မှာ တံခါးများ မပါပါ။ ရှေ့မီးကြီးရဲ့ မီးခွက်ကို ဆန်ကာအကြဲဖြင့် အုပ်ကာထားပါတယ်။ သဲသောင်ပြင်ပေါ် သွားဖို့ အတုံးအတစ် 
ယလမ်းကြမ်းတာယာများ သုံးထားပါတယ်။
 ၂၀၂၂ မှာ ထုတ်လုပ်တော့ ရိုးရိုးပုံမှန်တာယာများဖြင့် ထွက်လာပါတယ်။ 

မူလ အစီး ၅၀ ဝယ်ယူခဲ့သူတွေမှာ အစီး ၅၀ တညသား ထုတ်လုပ်တာကြောင့် ရှားပါးကားမော်ဒယ်အဖြစ် ဝယ်ယူစုဆောင်းသူတွေ ပါဝင်ပါတယ်။ ယခု အစီး ၁,၀၀၀ ထပ်ထုတ်တဲ့အတွက် ပေါပေါများများ ဖြစ်သွားလို့ စိတ်ပျက်မိကြပါတယ်။

ဒါပေမဲ့ ယခု ထုတ်လုပ်မယ့် အစီး ၁,၀၀၀ ဟာ မူလ အစီး ၅၀ နှင့် မတူကွဲပြားမှု ရှိလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Source carscoops 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2690 times