ရန်ကုန်စီးတီးတက္ကစီအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(မူကြမ်း) ဆွေးနွေး


ရန်ကုန်စီးတီးတက္ကစီအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(မူကြမ်း) ဆွေးနွေး

"ရန်ကုန်စီးတီး တက္ကစီ အသင်း" ဖွဲ့စည်းနိုင်ရေး နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကိုရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂ လိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီယာဉ်များကို စည်းကမ်းထိန်းသိမ်းရန်၊ ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက်  ရန်ကုန်စီးတီး တက္ကစီအသင်း(ယာယီ)ကို အဖွဲ့ဝင် ၂၅ ဦးဖြင့်  ၂၇-၁၂-၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း YRTC ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဆိုပါ အစည်းအဝေးတွင် ပြောကြားပါသည်။
 
ဥပဒေပညာရှင် (Law and Legal Adivisory Co.,Ltd) ဒေါ်ဖြိုးသန္တာကျော်က အခန်း ၁၉ ခန်းပါရှိပြီး စာပိုဒ် ၉၈ ပါဝင်သော ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း(မူကြမ်း)ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာသူများက အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း  ရေးဆွဲပြီးပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တက်ပြီး အတည်ပြုချက်ရယူမည်ဟု သိရပါသည်။

Read 8066 times