Cigarette Lighter Receptacle အကြောင်းတစေ့တစောင်း


မော်တော်ကားများတွင်ပါဝင်သည့် Cigar Lighter Receptacle သို့မဟုတ် Cigar Lighter Socket ဟုလည်း ခေါ်ဝေါ်ကြသည့် Cigarette Lighter Receptacle မှာဆေးလိပ်မီးညှိကိရိယာ Cigarette Lighter Receptacle ကိုလျှပ်စစ်နည်းဖြင့်အပူပေးရန်တီထွင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင်အီလက်ထရွန်းနစ်ပစ္စည်းများကို ကားထဲတွင်လျှပ်စစ်ဓာတ်အားသွင်းနိုင်ရန်ချိတ်ဆက်အသုံးပြုရသည့် Car Charger များ၏ ပလပ်ပေါက်အဖြစ်သာအသုံးတွင်ကျယ်လာခဲ့ပါသည်။

အရေးပေါ်ကားဘီးလေထိုးစက်များ၊ ကားရေခဲသေတ္တာများ၊ ကားဖုန်စက်အသေးစားလေးများ၊ လက်ကိုင်ဖုန်းများအစရှိသည့်လျှပ်စစ်ဓာတ်အားသုံးပစ္စည်းတော်တော်များများကို Cigarette Lighter Receptacle နှင့်ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

ထို့ကြောင့်ကားများတွင်အသုံးတည့်လှသည့် Cigarette Lighter Receptacle များအကြောင်းကိုအောက်တွင် ဖော်ပြပေးထားပါသည်။

ဆေးလိပ်မီးညှိရန်အသုံးပြုသည့်ကားသုံး Cigarette Lighter တွင်နီခရုမ်းကွိုင်ပါဝင်ပြီး Receptacle ဟုခေါ်သည့်ပလပ်ပေါက်ထဲဖိထည့်လိုက်ချိန်တွင်ပြင်းထန်သည့်လျှပ်စီးကြောင်းစီးဆင်းပြီး ဆေးလိပ်မီးတို့ရမည့် ကွိုင်ကိုအပူပေးခြင်းဖြစ်ပါသည်။

ကမ္ဘာကျန်းမာရေးအမြင်အရဆေးလိပ်သောက်သုံးမှုကျဆင်းလာသောကြောင့် ကားထုတ်လုပ်သူများအနေဖြင့် နောက်ပိုင်းတွင်အီလက်ထရွန်းနစ်ပစ္စည်းများအားသွင်းနိုင်မည့် USB Charger များကို Cigarette Lighter များနေရာတွင်အစားထိုးလာကြပါသည်။

ယခုလက်ရှိမော်တော်ကားများတွင်လျှပ်စစ်ဓာတ်အားသုံးပစ္စည်းကိရိယာများအသုံးပြုနိုင်ရန် ၁၂ ဗို့အားပေးစွမ်းနိုင်သည့် 12V 120 Watt USB Charger များကိုစံထားတပ်ဆင်အသုံးပြုကြပြီး ယခင်ကကဲ့သို့ Cigarette Lighter များကိုအသုံးပြုလေ့မရှိတော့ပါ။

Cigarette Lighter များနေရာတွင်တပ်ဆင်ရန်အရင်ကပုံမှန်ပလပ်ပေါက်တစ်ခုတည်းမှယခုအခါပစ္စည်းသုံး၊ လေးခုပြိုင်တူအားသွင်းနိုင်ရန်ရည်ရွယ်ပြီးပလပ်ပေါက်နှစ်ခုနှင့်အထက်အားသွင်း charger များကိုတီထွင်ထုတ်လုပ်လာကြပါသည်။

Cigarette Lighter များနေရာတွင်တပ်ဆင်ရန်အရင်ကပုံမှန်ပလပ်ပေါက်တစ်ခုတည်းမှယခုအခါပစ္စည်းသုံး၊ လေးခုပြိုင်တူအားသွင်းနိုင်ရန်ရည်ရွယ်ပြီး ပလပ်ပေါက်နှစ်ခုနှင့်အထက်အားသွင်း Charger များကိုတီထွင်ထုတ် လုပ်လာကြပါသည်။

Cigarette Lighter များကို ၁၈၈၀ ပြည့်လွန်နှစ်အစောပိုင်းတွင်ဂျာမန်တီထွင်သူတစ်ဦးဖြစ်သည့် Friedrich Wihelm Schindler က Cigar Lighter ကို စတင်စမ်းသပ်တီထွင်ခဲ့တာဖြစ်ပါသည်။

၁၈၉၀ ပြည့်လွန်နှစ်များတွင် Electrical Cigar Lighter (Cigarrenanzuender) အဖြစ်ဈေးကွက်ထဲ စတင်ရောင်းချခဲ့ပါသည်။

 ၁၉၂၀ ပြည့်လွန်နှစ်များတွင်ဆေးပြင်းလိပ်ထက်စီးကရက်ရောင်းအားကမြင့်တက်လာခဲ့သောကြောင့် Cigarette Lighter ဟူပြီးအမည်ပြောင်းလဲသွားခဲ့ပါသည်။

၁၉၂၅-၁၉၂၆ ခုနှစ်တွေမှာ အမေရိကန်ပြည်ထောင်စုရှိ မော်တော်ကားတွေဟာ Cigarette Lighter တွေကို စံသတ်မှတ်ချက်တစ်ခုအဖြစ်ထည့်သွင်းပေးလာကြပါသည်။

Read 2611 times