ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရွေးချယ်သင့်သည့်ကားများ


ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရွေးချယ်သင့်သည့်ကားအချို့ကို ကောက်နုတ်ဖော်ပြပေးထားပါတယ်။

Mitsubishi Colth

Mitsubishiထုတ်ကားတွေထဲမှာ Clothက သက်တမ်းအရင့်ဆုံးဖြစ်ပြီး ၁၉၆၂ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်သည်။

Clothဒီဇိုင်းအသစ်ကိုတော့ ၂၀၀၂ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံသား Olivier Boulayက ပုံဖော်ခဲ့တာ ဖြစ်ပါသည်။

Clothမှာ Limited၊ Very ၊ Cool Very 1.3 RX စတဲ့ဂရိတ်တွေရှိပြီး Cool Very က ဂရိတ်မြင့်လို့ လူကြိုက်များပါသည်။

ဂရိတ်အားလုံးက Aircon Auto၊ မှန်ကာလာနှင့် မှန်ချိုးမှန်ခေါက်ဖြစ်ပြီး နောက်ဝိုက်ပါရှိပါသည်။

Cool Very ဂရိတ်မှာတော့ ရှေ့ထိုင်ခုံဆက်သွားသကဲ့သို့ နှင်းခွဲမီးလည်း ပါသွားပါသည်။

1.3RX ဂရိတ်တွင် ထိုင်ခုံနှင့် Dashboard ကအနက်ရောင်ဖြစ်သွားပြီး အလွိုင်းဆိုက် ၁၅ လက်မနှင့် ရှေ့လက်တင် ပါသွားပါသည်။

Colt ၏ ထူးခြားချက်က Key Remote နှင့် မှန်ချိုး/မှန်ခေါက် ပြုလုပ်နိုင်သကဲ့သို့ Driver ဘက်က မှန်ကိုလည်း အတင်/ အချပြုလုပ်နိုင်ပါသည်။

Mitsubishi Colt ၂၀၀၉၊ ၂၀၁၀ မိုဒယ်ကို၀ယ်မည်ဆိုလျှင် အက္ခရာနှင့် ကားအခြေအနေပေါ်မူတည်ပြီး စျေးကွာဟာချက်ရှိပါသည်။

ရန်ကုန်လိုင်စင် H, I, J အက္ခရာတန်းဆိုလျှင် ကျပ် ၁၁၅ သိန်းမှ ကျပ် ၁၂၅ သိန်းဝန်းကျင်ရှိပြီး Cool Very ဖြစ်ပါက ပုံမှန်ဂရိတ်ထက် ကျပ် ငါးသိန်း လောက်စျေးပိုများပါသည်။

Suzuki Splash

Suzuki Splash ကို ၂၀၀၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး နှစ်စဉ်မထုတ်လုပ်နိုင်သည့်အတွက် ၂၀၁၄ ခုနှစ်အထိကို မိုဒယ် ငါးခုပဲ ရှိပါသေးသည်။

ထိုကားကို Opel ကားကုမ္ပဏီနှင့် ပူးပေါင်း ထုတ်လုပ်ထားခြင်းဖြစ်ပြီး Opel Agila ကား၏ ဒီဇိုင်းကို အနီးစပ်ဆုံး ယူထားခြင်း ဖြစ်ပါသည်။

မိုဒယ်တစ်ခုကို ဂရိတ်တစ်မျိုးတည်းနှင့် သာ ထုတ်လုပ်ထားသည့်အတွက် မြန်မာပြည်ကထုတ်လုပ်သည့် Suzuki Ertiga လိုသာဆိုလျှင် ရွေးချယ်စရာ ကားအရောင်သာရှိပါသည်။

၂၀၁၁မိုဒယ်မှာဆိုလျှင် Base Gradeတစ်မျိုးတည်းကိုပဲ ထုတ်လုပ်ထားပါပြီး နောက်Spoiler၊ နောက်Wiperပါရှိပေမယ့် ဘက်မှန်မီးခြောက်မပါဘဲ ပါးခြမ်းမီးသာပါရှိသည်။

ထို့နောက် Suzuki Swift လို Digital Aircon မဟုတ်ဘဲ လက်လှည့်သာ တပ်ဆင်ထားပါသည်။

ထိုကား၏အားသားချက်မှာ အလွိုင်းဆိုက် ၁၅လက်မဖြစ်သွားသည့် အတွက် ကားအောက်ပိုင်းအနည်းငယ်မြင့်သွားသည်။

Suzuki Splash ကို ရန်ကုန်လိုင်စင်နှင့်ဝယ်ယူမည်ဆိုလျှင်ထိုကား၏ဈေးတန်းက Suzuki Swift အောက်တွင်ရှိသည့်အတွက် အက္ခရာနှင့်ကားအခြေအနေပေါ်မူတည်ပြီးကျပ်သိန်း၁၂၀နှင့် ၁၃၀ကြားမှာ ၀ယ်ယူရရှိနိုင်ပါသည်။

Toyota IQ 100G

Toyotaကနေ IQ100Gကို ဥရောပဈေးကွက်အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် ဒီဇိုင်းရေးဆွဲသည့်အခါToyota European Design And Development ( Toyota ED2)အတိုင်း ဒီဇိုင်းဆွဲထားပါသည်။

ထိုကားကို ၂၀၀၈ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်သည့်နှစ်တွင် Japanese Car of the Yearဆုကို ရရှိခဲ့ပါသည်။

IQ100Gကို အန်စာတုံးပုံသဏ္ဍာန်(Cubic Shape)ဒီဇိုင်းရေးဆွဲပြီး Toyotaကထုတ်သော ၁၀၀၀စီစီ ကားချင်းယှဉ်လျှင် အတွင်းဂရိတ်တွေအများကြီးသာပါသည်။

တခါးနှစ်ပေါက် လေးယောက်စီးဖြစ်ပြီး ထိုင်ခုံတွေမှာ ပြိုင်ကားခုံတွေလို သွယ်တန်းရှည်လျားပါသည်။

IQ100G၂၀၁၀မိုဒယ် မှာ GO၊ Leather Package စတဲ့ ဂရိတ်တွေရှိပြီး Leather Packageဂရိတ်က အမြင့်ဖြစ်လို့ Digital Aircon ၊Smart-Key၊ Steering Volume Control စဖြင့်ပါရှိသကဲ့သိို့ု ၁၅လက်မရှိသော Original Alloyလည်းပါရှိပါသည်။

၂၀၁၀မိုဒယ်IQ 100Gရဲ့ဈေးက ရိုးရိုးဂရိတ်ဆိုလျှင် ကျပ်သိန်း၁၂၀ ၀န်းကျင်ရှိပြီး Leather Packageဖြစ်သွားလျှင် ကျပ်သိန်း၁၃၀ အထက်တွင်ရှိပါသည်။

Read 1780 times