ချုံကျင်း ဆိုကွန် လုပ်ငန်းသုံး အီးဗီများ ထိုင်းမှာ ထုတ်လုပ်မည်


ချုံကျင်း ဆိုကွန် လုပ်ငန်းသုံး အီးဗီများ ထိုင်းမှာ ထုတ်လုပ်မည်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ထင်ရှားသော တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Chongqing Sokon Motor သည် ထိုင်းနိုင်ငံတွင် လုပ်ငန်းသုံး အီးဗီကဏ္ဍသို့ ဝင်ရောက်ရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ချုံကျင်း ဆိုကွန်သည် ထိုင်းမှ ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး ဆောင်ရွက်မည် ဖြစ်သည်။

 
Chongqing Sokon Motor ၏ အရောင်းဒါရိုက်တာ David Luo က ထိုင်းနှင့် အာဆီယံနိုင်ငံများရှိ လုပ်ငန်းသုံးအီးဗီကဏ္ဍ တိုးတက်မှုအလားအလာအပေါ် ယုံကြည်စိတ်ချထားကြောင်း ပြောကြားခဲ့သည်။

 
ကုမ္ပဏီသည် အဓိကအားဖြင့် အာဆီယံတွင် ထိုင်းနိုင်ငံ၏ ခိုင်မာသော မော်တော်ယာဥ်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်များနှင့် အရေးပါသော ကားထုတ်လုပ်မှု အခြေစိုက်စခန်းအဖြစ် ဂုဏ်သတင်းကြောင့် အီးဗီ ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့ရန် ဗဟိုချက်အသစ်အတွက် ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဗင်များနှင့် ပစ်ကပ်များ အပါအဝင် ဘက်ထရီသုံး လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရေးအတွက် ထိုင်းနိုင်ငံမှ Planet EV Co နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါသည်။

Planet EV မှ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Kittapart Wiriyachanta က ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို အပြီးသတ်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Planet EV သည် ထိုင်း အီးဗီ စက်မှုလုပ်ငန်းကဏ္ဍကို အထောက်အကူပြုရန်အတွက် အီးဗီ ထုတ်လုပ်ရေးနှင့် ဘက်ထရီအားသွင်းခြင်းကဏ္ဍတို့တွင် အကျိုးတူလုပ်ဆောင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုမ္ပဏီသည် အီးဗီ အားသွင်းရုံများ ဆောက်လုပ်ရန်အတွက် ဘတ်ငွေ သန်း ၃၀ မှ ၄၀အထိ ရင်းနှီးမြုပ်နှံရန် မျှော်မှန်းထားသည်။

ထိုင်းနိုင်ငံ၏ စုစုပေါင်းကားရောင်းချရမှု၏ ၁၀% သည် အိမ်စီးအီးဗီများ ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အိမ်စီးအီးဗီများ ရေပန်းစားနေသော်လည်း လုပ်ငန်းသုံး အီးဗီ ကဏ္ဍသည် သီးသန့်စျေးကွက်တစ်ခုအဖြစ် ရှိနေသေးသည်။

Chongqing Sokon Motor က ထိုင်းနိုင်ငံရှိ လုပ်ငန်းသုံးအီးဗီ အပိုင်းကဏ္ဍသည် ကြီးထွားလာခါစဖြစ်ပြီး အနာဂတ်တွင် ရောင်းအားတိုးလာမည့် အလားအလာကို မြင်တွေ့နေရသည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

Planet EV သည် Sokon အမှတ်တံဆိပ်ဖြင့် ပစ်ကပ်အပါအဝင် လုပ်ငန်းသုံး အီးဗီများ ဖြန့်ဖြူးမည် ဖြစ်သည်။
စစချင်းတွင် တရုတ်ပြည်မှ တင်သွင်းပြီး ရောင်းချမည် ဖြစ်သည်။ 

၂၀၂၄ ခုနှစ်တွင် လုပ်ငန်းသုံး အီးဗီ အစီး ၁,၀၀၀ နှင့် အားသွင်းပွိုင့် ၁,၀၀၀ ထူထောင်ရန် Planet EV ရည်မှန်းထားသည်။

လက်ရှိတွင် ဘန်ကောက်မြို့ ရမ် အင်ထရာလမ်းတွင် အရောင်းပြခန်းတစ်ခု ဆောက်လုပ်လျက်ရှိသည်။

Planet EV သည် လုပ်ငန်းသုံး အီးဗီများကို ကော်ပိုရေးရှင်းများသို့ ရောင်းချရန် ရည်ရွယ်ပြီး ဈေးဦးပေါက်အနေဖြင့် TPI Polene Power Plc ထံ အစီး ၃၀ ရောင်းချခဲ့သည်။

Source thethaiger

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 216 times