ကျပ်သိန်း ၂၀၀ ဖြင့် ကားဝယ်ယူမည့်သူများ ရွေးချယ်ဝယ်ယူသင့်သည့်ကားအမျိုးအစား ၂ မျိုး


ပြည်တွင်းကားစျေးကွက်ထဲတွင် Sedan ကားများထဲမှ Toyota Belta နှင့် Nissan Latio တို့လူကြိုက်အများဆုံးဟုဆိုနိုင်ပါသည်။

စျေးနှုန်းသင့်သကဲ့သို့ အကြမ်းခံပြီး ပြင်ဆင်ရည်းလွယ်သည့်အတွက် ယင်းကားများကို အိ်မ်စီးကားအဖြစ်နှင့်သာမက တက္ကစီအဖြစ်နှင့်လည်း အသုံးပြုကြပါသည်။

Nissan Latio

အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူကားစျေးကွက်တွင် Badged Sedan ကားအဖြစ် Nissan Latio  ကိုရွေးချယ်ခဲ့ကြပါသည်။

Nissan Latio သည် ၂၀၁၂ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် မိုဒယ်မြင့်ပြီး အင်ဂျင်ပါ၀ါက ၁၁၉၈ စီစီသာ ရှိသည့်အတွက် ဆီစားနှုန်းသက်သာသောကြောင့် လူကြိုက်များပြီး တက္ကစီအနေဖြင့် အသုံးပြုလာကြပါသည်။

ကားအတွင်းပိုင်းကျယ်ဝန်းသကဲ့သို့ ပစ္စည်းထည့်သည့်နောက်ခန်းကလည်း ကျယ်ဝန်းပါသည်။

ထို့ကြောင့် Latio ကိုတက္ကစီလုပ်ငန်းသုံးအနေနှင့်ဖြစ်ဖြစ်၊ အိမ်စီးကားအနေဖြင့်သာဖြစ်ဖြစ် ရွေးချယ်သင့်သည့် ကားအမျိုးအစားဖြစ်ပါသည်။

Nissan Latio က Tiida Latio ၏အမျိုးအစားဖြစ်ပြီး မျိုးဆက်သစ်အနေဖြင့် အမည်နာမကိုလည်း Latio ဟုပေးခဲ့ခြင်းဖြစ်ပါသည်။

ယင်းကားကို ၂၀၁၂ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အထိ မိုဒယ်နှစ်မျိုးသာရှိပါသည်။

ယင်း Sedan ကားကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူစသည့် အရှေ့တောင်အာရှစျေးကွက်ကို ဦးတည်ပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Nissan Latio ၏နောက်ဆုံးမျိုးဆက်အဖြစ်လည်း မြန်မာနို်င်ငံတွင် SKD စနစ်နှင့် Nissan Sunny Sedan ကို ၂၀၁၇ မိုဒယ်ကစပြီး ထုတ်လုပ်နေပါသည်။

Tiida Latio ကိုပုံပြောင်းထုတ်ထားသည့် ၂၀၁၂ မိုဒယ် Latio သည်အင်ဂျင်ပါ၀ါ ၁၁၉၈ စီစီဖြစ်သည့်အတွက် ဆီစားနှုန်းသက်သာပါသည်။

ထို့နောက် Pure Drive စနစ်ပါရှိသည့်အတွက်လည်း ဆီစားနှုန်းအထူးသက်သာပါသည်။

အင်ဂျင်အမျိုးအစားက မြင်းကောင်ရေ ရ၉ ကောင်အား Water Cooling Inline 3 Cylinder DOHC ဖြစ်ပြီး တစ်ဂါလန်ကို မိုင်ခြောက်ဆယ်နှုန်းအထိ မောင်းနှင်နိုင်ပါသည်။

Latio ၂၀၁၂ မိုဒယ်နှင့် ၂၀၁၄ မိုဒယ်က အပြင်ပိုင်းရုပ်မပြောင်းပဲ အတွင်းခန်း Dashboard နှင့်ဒိုင်ခွက်ပုံစံသာ အနည်းငယ်ပြောင်းသွားပါသည်။

၂၀၁၂ မိုဒယ်တွင် B, S, X, G စသည့် Grade များရှိပြီး အမြင့်ဆုံး G Grade မှာ Aircon Auto ဖြစ်သွားပါသည်။

Grade အားလုံးမှာ Central Swich စနစ်ပါရှိသကဲ့သို့ တံခါးလေးချပ်စလုံးပါ၀ါဖြစ်ပြီး မှန်ကာလာလည်းပါ၀င်ပါသည်။

များသောအားဖြင့် G Grade မှာ Smart Key (Push-start) ဖြစ်သွားပါသည်။

Nissan Latio 2012 မိုဒယ်၏စျေးက အက္ခရာ၊ ဂရိတ်နှင့် အရောင်အပေါ် မူတည်ပြီး ကျပ်သိန်း ၁၈၀ မှ သိန်းနှစ်ရာကြားတွင် ရှိပါသည်။

 

Toyota Belta

အင်ဂျင်ပါ၀ါ ၁၃၅၀ စီစီအောက်ကားလေးများကို မြန်မာပြည်တွင် လူကြိုက်များသည့် Toyota Belta ကို ရွေးချယ်ဖော်ပြပေးလိုက်ပါသည်။

Belta ကို မြောက်အမေရိကနှင့်သြစတြေးလျစျေးကွက်များကို တင်သွင်းခဲ့သည့် Toyota Yaris နှင့် တောင်အာရှစျေးကွက်ကို တင်သွင်းဖြန့်ချီခဲ့သည့် Toyota Vios ကိုအခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး သိပ်သည်းကျစ်လစ်သည့် Sedan ကားအမျိုးအစားဖြစ်ပါသည်။

Toyota Belta ကို ဂျပန်နိုင်ငံက Toyota Motor Corporation ကပဲ၂၀၀၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိကို ပထမမျိုးဆက်အဖြစ် သတ်မှတ်ထားပါသည်။

Sedan ကားများထဲတွင် Belta တွင်လူကြိုက်များသည့် ကားအမျိုးအစားတစ်ခုဖြစ်ပါသည်။

ဂျပန်ပြည်တွင်းစျေးကွက်တွင်သာမက အာရှစျေးကွက်တွင်ပါ အောင်မြင်မှုရရှိခဲ့သည့် Sedan ကားအမျိုးအစားဖြစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ဇွန်လအရောက်တွင်တော့ ထုတ်လုပ်မှုကို အဆုံးသတ်ခဲ့ပါသည်။

သြစတျေးလျတွင်တော့ Toyota Yaris အနေဖြင့် ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါသည်။

Belta ၏ နောက်ဆက်တွဲမျိုးဆက်များကတော့ Toyota Axio နှင့် Toyota Vios တို့ဖြစ်ပါသည်။

Belta မှာအင်ဂျင်ပါ၀ါ ၁၀၀၀ စီစီနှင့် ၁၃၀၀ စီစီနှစ်မျိုးရှိပါသည်။

အင်ဂျင်ပါ၀ါ ၁၀၀၀ စီစီမှာ Inline 3 Cylinder DOHC အမျိုးအစားဖြစ်ပြီး မြန်မာပြည်တွင် Taxi သုံးလောက်ဖို့သာ တင်သွင်းကြသောကြောင့် လူကြိုက်လည်းနည်းပါသည်။

၁၃၀၀ စီစီမှာ Inline 4 Cylinder DOHC အမျိုးအစားဖြစ်ပြီး ၁၃၀၀ စီစီအောက် Sedan ကားအမျိုးအစားထဲတွင် လူကြိုက်များသကဲ့သို့ မြန်မာပြည်စျေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်ဆုံး ကားများထဲတွင် ပါ၀င်ပါသည်။

အင်ဂျင်ပါ၀ါ ၁၀၀၀ စီစီမှာ 2WD တစ်မျိုးတည်းသာရှိပြီး ၁၃၀၀ စီစီမှာတွင် 2WD ရော 4WD ပါနှစ်မျိုးစလုံးထုတ်လုပ်ထားပါသည်။

Belta ၂၀၁၈ မိုဒယ်ပုံပြောင်းမှာ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ မိုဒယ်များကို ဘော်ဒီအချိုးမပြောင်းဘဲ ဆန်ခါကွက်ပုံသဏ္ဍာန် ရှဲလ်ပြောင်းသွားပြီး ဘက်မှန်ပေါ်တွင် Signal မီးပါလာပါသည်။

အတွင်းခန်းတွင် ဒိုင်ခွက်နှင့် ထိုင်ခုံများကအစ ပြောင်းလဲသွားပြီး ပါ၀ါတံခါးလေးချပ်နှင့် Central Switch များပါရှိသွားပါသည်။

Grade အနေဖြင့် X, XL Package, G စသည့် Grade များရှိပြီး XL Package တွင် အဲကွန်းဒစ်ဂျစ်တယ်ဖြစ်သွားသကဲ့သို့ Grade အမြင့်ဆုံးဖြစ်သည့် G Grade တွင်တော့ အဲကွန်းဒစ်ဂျစ်တယ်ဖြစ်ရုံမက push-start ပါလာပါသည်။

Toyota Belta ၁၃၀၀ စီစီ၏စျေးနှုန်းမှာ Model Year အပေါ်တွင် ကွာဟမှုသိပ်မရှိသော်လည်း Grade အနိမ့်အမြင့်၊ ကားအရောင်၊ ကား Condition အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈၀ မှ ၂၁၀ ၀န်းကျင်အထိ ရှိပါသည်။

၁၀၀၀ စီစီကတော့အရောင်းအဝယ်ဖြစ်တာနည်းပြီး ကျပ်သိန်း ၁၄၀ မှ ၁၆၀ ၀န်းကျင်အထိရှိပါသည်။

 

Read 1891 times