ကားစျေးကွက်တွင် ကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့် ရွေးချယ် ၀ယ်ယူနိုင်သည့် ကားများ ကုိဖော်ပြပေးထားပါသည်။
Mitsubishi eK Wagon
ယင်းကားအမျိုးအစားကို ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့ပါသည်။
eK Wagon ကို ၂၀၁၂ မိုဒယ်မှ ၂၀၀၅ မိုဒယ်အထိကို ပုံစံတစ်မျိုး၊ ၂၀၀၆၊ ၂၀၀၇ မိုဒယ်တွင် ပုံစံတစ်မျိုး၊ ၂၀၀၈ မိုဒယ်မှ ၂၀၁၂ မိုဒယ် အထိကို ပုံစံတစ်မျိုး ထုတ်လုပ်ခဲ့ပါသည်။
၂၀၁၃ မိုဒယ်နောက်ပိုင်းတွင် ရှဲလ်၊ မီးခွက်၊ ဘော်ဒီအချိုး၊ ဘေးဖောင်းလိုင်းများပါ ပြောင်းသွားပြီး sport ဆန်သည့်အငွေ့အသက်များပါသွားပါသည်။
Grade အားလုံးမှာ Manual Aircon နှင့် ပါ၀ါ၀င်းဒိုးဖြစ်ပြီး မှန်ကာလာနှင့် နောက်ဝိုက်ပါ ပါရှိပါသည်။
၂၀၁၀ မိုဒယ် eK Wagon ၏စျေးနှုန်းမှာ Daihatsu Mira နှင့် Suzuki Alto တို့ကြားတွင်တည်ရှိပြီး နံပါတ်အနိမ့်အမြင့်နှင့် ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်ပေါ် မူတည်ပြီး ကျပ်သိန်း ကိုးဆယ်မှ တစ်ရာ ကြားတွင် ရှိပါသည်။
Daihatsu Move Conte
Daihatsu Move ၏ sub-brand တစ်ခုဖြစ်သည့် conte သည် Toyota Pixis Space ကဲ့သို့ လေးထောင့် ဆန်ပြီး ခေါင်မြင့်ကားတစ်စီး ဖြစ်ပါသည်။
ယင်းကားသည် ၆၆၀ စီစီအောက် Kei ကားဖြစ်ပါသည်။
လေးယောက်စီး၊ တံခါးငါးချပ်ဖြစ်ပြီး ဂရိတ်အနေဖြင့် ဂရိတ်အနေဖြင့် X Special, X+S, X, G စသည်တို့ရှိပါသည်။
ယင်းဂရိတ်များထဲတွင် X Special က Manual Aircon ဖြစ်ပြီး ကျန်ဂရိတ်များမှာ Auto Aircon ဖြစ်ပါသည်။
ဂရိတ်များအားလုံးက ပါ၀ါ၀င်းဒိုးနှင့် မှန်ကာလာဖြစ်ပြီး နောက်ဝိုက်ပါ ပါရှိပါသည်။
Airbag နှစ်လုံးပါရှိပြီး G Grade တွင် အလွိုင်းဆိုက်က ၁၄ လက်မဖြစ်သွားပါသည်။
ဘော်ဒီကာလာအနေဖြင့် အနက်၊ အညို၊ အပြာ၊ ပန်းရောင်၊ ဓာတ်တိုင်၊ ပါးဝှိုက်၊ ရွှေရောင်တို့ရှိပါသည်။
Daihatsu Move Conte 2010 မိုဒယ်၏စျေးမှာ Mira, Alto တို့၏အပေါ်တွင်ရှိပြီး ရန်ကုန်လိုင်စင် I, J,K အက္ခရာတန်းဆိုလျှင် ကျပ် ၁၀၅ သိန်းဝန်းကျင်တွင် ရှိပါသည်။