ကျပ်သိန်း ၁၅၀ နှင့် ၂၀၀ ကြား ရွေးချယ်ဝယ်ယူသင့်သည့်ကားများ


အင်ဂျင်ပါဝါနည်းသောကားများထဲမှ လူငယ်ကြိုက်ကားများဖြစ်သည့် Toyota IQ နှင့် Suzuki Splash များသည် သင့်တင့်သောစျေးနှုန်းများကြောင့် ၁၃၀၀ စီစီကားများထဲမှ ရွေးချယ်သင့်သည့် ကားအမျိုးအစားထဲတွင် ပါဝင်ပါသည်။

 

1. Toyota IQ

IQ ကို ဆီစားသက်သာစေရန် City Car အဖြစ် အင်ဂျင်ပါဝါ ၁၀၀၀ စီစီ၊ ၁၃၀၀ စီစီ၊ ၁၄၀၀ စီစီများကို ထုတ်လုပ်ထားပါသည်။

၁၀၀၀ စီစီကို Auto ဂီယာတစ်မျိုးတည်းဖြင့်သာထုတ်လုပ်ထားသောလည်း ၁၃၀၀ စီစီမှာ Auto ဂီယာအပြင် Manual ဂီယာခြောက်ချက်နှင့်လည်း ထုတ်လုပ်ပေးထားပါသည်။

ဆီစားသက်သာစေရန် 2WD အင်ဂျင်ဖြင့်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး Chassis အနေဖြင့် ခွဲမည်ဆိုပါက ၁၀၀၀ စီစီက KGJ10 ဖြစ်ပြီး ၁၃၀၀ စီစီက NGJ10 ဖြစ်ပါသည်။

အတွင်းခန်းအပြင်အဆင်ကို Sport Type ဆန်ဆန်ဖန်တီးထားပြီး တံခါး နှစ်ပေါက်၊ လေးယောက်စီး ကားအမျိုးအစားဖြစ်ပါသည်။

Auto ဂီယာများတွင် ရိုးရိုး Key နှင့်သာဖြစ်ပြီး Manual ဂီယာဆိုပါက Push-start ဖြစ်သွားပါသည်။

ကားအရွယ်အစားသေးသော်လည်း Airbag ကိုးလုံးအထိပါရှိပြီး ရှေ့မြင်ကွင်းကို ကျယ်ကျယ်ပြန့်ပြန့်မြင်နို်င်ရန်အတွက် ရှေ့နေကာမှန်မှာလည်း တခြားကားများထက် အရွယ်အစားပိုကြီးပါသည်။

၂၀၁၂ မိုဒယ်တွင် MT Leather Package၊ MT၊ Leather Package၊ X Package စသည့်တို့ရှိပြီး Leather ဂရိတ်များမှာ Original Alloy ၁၆ လက်မဖြစ်သွားပါသည်။

Toyota IQ 2012 Model 1300 CC Auto Gear ကို ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား ကားကို ဝယ်ယူမည်ဆိုပါက ကျပ်သိန်း ၁၅၀ နှင့် ၁၆၀ ကြားရှိပါသည်။

၁၀၀၀ စီစီကို ဝယ်ယူမည်ဆိုပါက ကျပ်သိန်း ၁၃၀ ဝန်းကျင်တွင် ရှာဖွေဝယ်ယူရနိုင်ကြောင်းသိရပါသည်။

 

2. Suzuki Splash

Suzuki Splash ကို အင်ဂျင်ပါဝါ ၁၀၀၀ စီစီ၊ ၁၂၀၀ စီစီနှင့် ၁၃၀၀ စီစီကို ထုတ်လုပ်ထားပြီး ၁၃၀၀ စီစီကို ဒီဇယ်အင်ဂျင်နှင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ဂျပန်ပြည်တွင်း အသုံးပြုရန်အတွက် ၁၂၄၂ စီစီကိုသာ အများဆုံးထုတ်လုပ်ထားသည့်အတွက် ဂျပန်လေလံတွင်လည်း ၁၂၀၀ စီစီအနေဖြင့်သာ ဝယ်ယူရပါမည်။

Chassis အနေဖြင့် ကြည့်မယ်ဆိုပါက ၁၀၀၀ စီစီက K10B၊ ၁၂၀၀ စီစီက K12B ဟူ၍ အလွယ်တကူ ခွဲခြားနိုင်ပါသည်။

မိုဒယ်တစ်ခုကို ဂရိတ်တစ်မျိုးတည်းဖြင့်သာ ထုတ်လုပ်ထားသည့်အတွက် မြန်မာပြည်မှ ထုတ်လုပ်သော Suzuki Ertiga ကဲ့သို့ ရွေးချယ်စရာ ကားအရောင်သာရှိပါသည်။

၂၀၁၁ မိုဒယ်တွင်လည်း Base Grade တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပြီး နောက် Spoiler၊ နောက် Wiper ပါရှိသော်လည်း ဘက်မှန်မီးခြောက်မပါဘဲ ပါးခြမ်းမီးသာ ပါဝင်ပါသည်။

ထို့နောက် Suzuki Swift ကဲ့သို့ Digital Aircon မဟုတ်ဘဲ လက်လှည့်သာတပ်ဆင်ထားပါသည်။

ထိုကား၏ အားသာချက်မှာ အလွိုင်းဆိုက် ၁၅ လက်မ ဖြစ်သွားသည့်အတွက် ကားအောက်ပိုင်း အနည်းငယ်မြင့်သွားပါသည်။

Suzuki Splash ကို ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူမည်ဆိုပါက အက္ခရာ၊ မိုဒယ်နှင့် ကားအခြေအနေပေါ်တွင်မူတည်ပြီး ကျပ်သိန်း ၁၅၀ နှင့် ၁၆၀ ကြားတွင်ရှိပါသည်။

 

Read 1330 times