ကျပ်သိန်း ၁၅၀နှင့် ၂၅၀ကြား ရွေးချယ်သင့်သည့်ကားများကို ဖော်ပြပေးထားပါသည်။
Toyota Belta
Belta သည် မြောက်အမေရိကနှင့် သြစတြေးလျစျေးကွက်များကို တင်သွင်းခဲ့သော Toyota Yaris နှင့် တောင်အာရှစျေးကွက်ကို တင်သွင်းဖြန့်ချိခဲ့သော Toyota Vios များကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး သိပ်သည်းကျစ်လျစ် Sedan ကားအမျိုးအစားဖြစ်ပါသည်။
Toyota Belta ကို ဂျပန်နိုင်ငံက Toyota Motor Corporation မှ ၂၀၀၅ခုနှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိကို ပထမမျိုးဆက်အဖြစ် သတ်မှတ်ထားပါသည်။
Sedan ကားများထဲတွင် လူကြိုက်များသော ကားအမျိုးအစားတစ်ခုလည်းဖြစ်ပါသည်။
Belta သည် ဂျပန်စျေးကွက်တွင်သာမက အာရှစျေးကွက်တွင်ပါ အောင်မြင်မှုရရှိခဲ့သော Sedan ကားအမျိုးအစားဖြစ်သော်လည်း ၂၀၁၂ခုနှစ်၊ ဇွန်လတွင် ထုတ်လုပ်မှုကို အဆုံးသတ်ခဲ့ပါသည်။
Belta ၏နေရာတွင် Yaris ကို သြစတြေးလျတွင် ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါသည်။
၂၀၁၈မိုဒယ်ပုံပြောင်းတွင် ၂၀၀၅၊ ၂၀၀၆မိုဒယ်များကဲ့သို့ ဘော်ဒီအချိုးမပြောင်းဘဲ ဆန်ခါကွက်ပုံသဏ္ဍာန် ရှဲလ်ပြောင်းသွားပြီး ဘေးနောက်ကြည့်မှန်တွင် Signal မီးပါလာပါသည်။
ဒိုင်ခွက်နှစ်ထပ်ဖြစ်သွားပြီး X၊ X L Package၊ G အစရှိသော ဂရိတ်များရှိပါသည်။
X L Package မှာဆိုလျှင် အဲကွန်း ဒစ်ဂျစ်တယ်ဖြစ်သွားပြီး Grade အမြင့်ဆုံးဖြစ်သော G Grade တွင်ဆိုပါက အဲကွန်းဒစ်ဂျစ်တယ်ဖြစ်ရုံမက Push-start ဖြစ်သွားသလို ထို်င်ခုံလက်တင်များလည်းပါသွားပါသည်။
Toyota Belta ၂၀၁၈မိုဒယ် ၁၃၀၀စီစီ၏ စျေးနှုန်းက ရန်ကုန်လိုင်စင်ဖြစ်ပြီး I၊ J၊ K အက္ခရာတန်းဆိုပါက ကားအခြေအနေ၊ အရောင်နှင့် ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈၀နှင့် ၁၉၀ဝကြားတွင်ရှိပါသည်။
Nissan Latio
အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူ ကားစျေးကွက်များတွင် Badged Sedan ကားအဖြစ် Nissan Latio ကို ရွေးချယ်ခဲ့ကြပါသည်။
မိုဒယ်မြင့်သလို အင်ဂျင်ပါဝါကလည်း ၁၁၉၈စီစီသာရှိသည့်အတွက် ဆီစားနှုန်းသက်သာသကဲ့သို့ လူကြိုက်များပြီး အရှေ့တောင်အာရှနိုင်ငံတစ်ချို့တွင် တက္ကစီအနေဖြင့်လည်း အသုံးပြုကြပါသည်။
Nissan Latio က Tiida Latio ၏ မျိုးဆက်ဖြစ်ပြီး ၂၀၁၂ခုနှစ်ကမှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
Latio Sedan ကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူစသော အရှေ့တောင်အာရှစျေးကွက်ကို ဦးတည်ပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း Latio နှင့်ဆင်သော Nissan Sunny Sedan ကို SKD အနေဖြင့် ထုတ်လုပ်နေပါသည်။
Latio ၂၀၁၄မိုဒယ်မှာ ရှေ့ရုပ်နှင့် အတွင်းခန်း Dashboard၊ ဒိုင်ခွက်စသောအရာများပြောင်းလဲသွားပြီး မြန်မာနိုင်ငံတွင်ထုတ်သော Nissan Sunny Sedan နှင့် ရုပ်ချင်းဆင်ပါသည်။
၂၀၁၂မိုဒယ်တွင် B၊ S၊ X၊ G စသော Grade ဂရိတ်များရှိပြီး G Grade သည်အမြင့်ဆုံးဖြစ်၍ Aircon Auto နှင့် Push-start ဖြစ်သွားပါသည်။
Grade အားလုံးတွင် တံခါးလေးချပ်စလုံး ပါဝါဖြစ်ပြီး မှန်ကာလာလည်းပါဝင်ပါသည်။
Nissan Latio ၂၀၁၂မိုဒယ်၏စျေးသည် ရန်ကုန်လိုင်စင်၏ အက္ခရာအပေါ်မူတည်ပြီး ကျပ်သိန်း ၁၈၀နှင့် သိန်းနှစ်ရာကြားတွင်ရှိပါသည်။
Honda Civic Hybrid
ပြည်တွင်းကားစျေးကွက်တွင် Hybrid Car ဟုဆိုပါက Honda Civic နှင့် Honda Insight များကို မြင်ယောင်မိကြမည်ဖြစ်ပါသည်။
ထိုကားများသည် ၁၃၀၀စီစီကားစျေးကွက်များထဲတွင် လူကြိုက်အများဆုံးဖြစ်၍ ယခုအချိန်တွင် ကားအရောင်းစင်တာများမှတဆင့် တင်သွင်းထားသော လက်ကျန်ကားများနှင့် တစ်ဦးချင်းတင်သွင်းသူများတွင်ရှိသောကားများကို ရှာဖွေဝယ်ယူနေကြသည့်အတွက် တခြားကားများထက် ပို၍ အရောင်းအဝယ်ဖြစ်နေပါသည်။
Civic Hybrid ကို ၂၀၀၁ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ပထမဆုံး Hybrid Automobile အဖြစ် California Air Resources Board (CARB) မှ ချီးမြှင့်သော Advance Technology Partial Zero Emissions Vehicle (AT-PZEV) ဆုကို ရရှိခဲ့ပါသည်။
Civic Hybrid တွင် MXST၊ MX နှင့် MXB ဟူ၍ ဂရိတ်သုံးမျိုးရှိပါသည်။
MXST ဂရိတ်သည် အမြင့်ဆုံးဖြစ်ပြီး Smart-key၊ Digital Aircon၊ နောက်ကြည့်မှန်မီးခြောက်များပါရှိပြီး ထိုင်ခုံကြိုးချုပ် ဖြစ်ပါသည်။
ထိုနောက် MXST ဂရိတ်တွင် Steering Volumn Control၊ ရှေ့နှင်းခွဲမီး၊ ရှေ့/နောက် Spoiler များပါသွားပြီး သားရေစတီယာရင်ဖြစ်သွားသကဲ့သို့ Original အလွိုင်းဆိုက် ၁၆လက်မဖြစ်သွားပါသည်။
MX တွင် Digital Aircon ဖြစ်ပြီး စတီယာရင်ကြိုးချုပ်နှင့် Steering Volume Control ပါရှိပါသည်။
MXBသည် ဂရိတ်အနိမ့်ဆုံးဖြစ်ပြီး ဘက်မှန်မီးခြောက်ကအစ မပါဝင်ပါ။
Honda Civic Hybrid ၂၀၀၈၊ ၂၀၀၉ မိုဒယ်ကို ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူမည်ဆိုပါက MXST ဂရိတ်က ကျပ်သိန်း ၂၂၀ ဝန်းကျင်ရှိပါသည်။