ကျပ်သိန်း၁၀၀နှင့် ၁၅၀ကြား ရွေးချယ်သင့်သည့် ကားများ


ကျပ်သိန်း၁၀၀နှင့် ၁၅၀ကြား ရွေးချယ်သင့်သည့် ကားများကို ဖော်ပြပေးထားပါတယ်။


Mazda Verisa

Mazda Verisaမှ ထုတ်သော အင်ဂျင်ပါဝါနည်းသော ကားများထဲတွင် Demio၊  Familia Van များကဲ့သို့ Verisaသည်လည်း မြန်မာပြည်ကားစျေးကွက်တွင် အရောင်းအဝယ်သွက်သော ကားအမျိုးအစားများထဲတွင် ပါဝင်လာပါသည်။

Mini MPV အမျိုးအစားဖြစ်သော  Mazda Verisa ၂၀၁၀မိုဒယ်တွင်  C၊ L ဂရိတ်နှစ်မျိုးသာရှိပြီး Aircon Auto၊ ပါဝါတံခါးလေးချပ်နှင့် မှန်ကာလာပါရှိပါသည်။

ထိုဂရိတ်နှစ်မျိုးမှာ Lက ဂရိတ်ပိုမြင့်ပြီး Leather ထိုင်ခုံ Smart Key၊  Steering Volume Control ၊ TV၊  Back  Camera နှင့် ရှေ့ထိုင်ခုံ လက်တင်များပါရှိသည်။

Verisa၏ ကားဒီဇိုင်းမှာ ဥရောပအငွေ့အသက်ပါဝင်ပြီး Ford Fiesta၊ Ford Fusion၊ Opel Meriva များနှင့်လည်း ဆင်ပါသည်။

Mazda Verisa ၂၀၁၀မိုဒယ်ကို ရန်ကုန်လိုင်စင်နှင့် ဝယ်ယူမည်ဆိုလျှင် အက္ခရာနှင့် ကားအခြေအနေအပေါ်မူတည်ပြီး ကျပ် ၁၄၅သိန်း မှ သိန်း၁၆၀ ဝန်းကျင်တွင်ရှိပါသည်။

 

Toyota  Passo Sette

Toyota မှာ နောက်ဆုံးဒီဇိုင်းနှင့် သိပ်သည်းကျစ်လစ်အောင် ထုတ်လုပ်ထားသော Passo Sette သည် MPV အမျိုးအစားဖြစ်ပြီး Daihatsu Boon Luminasနှင့်လည်း ကားဒီဇိုင်းအတွင်း အပြင်ဖွဲ့စည်းပုံ အင်ဂျင်အမျိုးအစားစသဖြင့် တူညီပါသည်။

ထိုင်ခုံသုံးတန်းပါသော Passo Sette သည် Toyota မှ ထုတ်လုပ်သော ခုနှစ်ယောက်စီးကားများတွင် အင်ဂျင်ပါဝါအနည်းဆုံး ဖြစ်ပါသည်။

Toyota  Passo Sette မှာ X၊ GC Package၊  SC Package နှင် ့S Grade Gနှင့်Sသည် Gradeဂရိတ်အမြင့်ဖြစ်ပြီး  Aircon Auto ဖြစ်သလို နှင်းမီးခွဲလည်းပါရှိ ပါသည်။

GC Grade မှာ Aircon Auto မဖြစ်ပေမယ့် Steering Volume Control၊ Original TV ပါရှိပါသည်။

ဂရိတ်အားလုံးမှာ ပါဝါတံခါးလေးချပ်ဖြစ်ပြီး G နှင့် S ဂရိတ်ဆိုလျှင် အလွိုင်းဆိုက်သည် ၁၅လက်မဖြစ်သွားပါသည်။

ထိုင်ခုံသုံးတန်း ခုနှစ်ယောက်စီးဖြစ်ပြီး ထိုင်ခုံအရောင်မှာ အဖြူနှင့် အနက်နှစ်မျိုးရှိပါသည်။

Toyota Passo Sette ၂၀၁၀မိုဒယ်စျေး မှာ Fielder၏ စျေးအောက်တွင်ရှိပြီး ၂၀၀၈ ၊ ၂၀၀၉မိုဒယ် ရန်ကုန်လိုင်စင်ကားကို ဝယ်ယူမည်ဆိုလျှင် အက္ခရာနှင့် ကားအခြေအနေတွင် မူတည်ပြီး ကျပ်သိန်း ၁၃၅သိန်းမှ ၁၅၀သိန်းကြားတွင် ရှိပါသည်။

Toyota Succeed

Toyota ကုမ္ပဏီမှ Corolla Vanနေရာတွင် အစားထိုးရန်အတွက် ၂၀၀၂ခုနှစ်တွင်  Proboxနှင့်အတူ  Succeedကိုလည်း ထုတ်လုပ်ပေးခဲ့ပါသည်။

Toyota ကုမ္ပဏီသည် Succeedကို ဆယ်စုနှစ်ကြာသည်အထိ ပုံမပြောင်းဘဲ ထုတ်လုပ်ခဲ့ပြီး ၂၀၁၄မော်ဒယ်ရောက်မှသာ အပြင်ဒီဇိုင်းနှင့် အတွင်းခန်းပုံစံကို ပြောင်းလဲထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

 Succeed နှင့် Probox သည် ဘော်ဒီ ဒီဇိုင်းတူသော်လည်း ဘမ်ပါ ၊ မီးခွက်၊ ရှဲနှင့် အတွင်းခန်းဖွဲ့စည်းပုံများ မတူညီကြောင်းသိရသည်။

Succeed တွင် U၊ UL၊ ULX၊ TX၊ TXG Package၊ TXG Package Limited၊ စသော ဂရိတ်ခြောက်မျိုးရှိပါသည်။

U Gradeတွေမှာ ဂရိတ်အနိမ့်ဖြစ်ပြီး Uသည် အနိမ့်ဆုံးဖြစ်ကာ ULတွင် မှန်ချိုးမှန်ခေါက်များမပါသော်လည်း မှန်အတင်အချ၊ နောက်ဝိုက်ပါရှိပြီး ရှေ့နှစ်ချပ်မှာ ပါဝါတံခါးဖြစ်ပါသည်။

TXG Grade မှာ ပါဝါတံခါးနှစ်ချပ်ဖြစ်ပြီး  TXG ဖြစ်သွားလျှင် မှန်ကာလာ၊ ပါဝါတံခါးလေးချပ်နှင့် Airbag လေးလုံးပါရှိသလို မှန်ချိုးမှန်ခေါက်လည်း ဖြစ်ပါသည်။

ဂရိတ်အမြင့်ဆုံးဖြစ်သော TXG Limited ဆိုလျှင် ထိုင်ခုံပုံစံနှင့် အရောင်ပါ ပြောင်းသွားပါသည်။

Toyota Succeed ၂၀၁၀မိုဒယ်၏ စျေးနှုန်းသည် ရန်ကုန်လိုင်စင်နှင့် ဂရိတ်ပေါ်မူတည်ပြီး ကျပ်သိန်း ၁၅၀မှ ၁၇၀အထိ ရှိပါသည်။

 

Read 10677 times