ကျပ်သိန်း၁၀၀နှင့် ၁၅၀ကြားရွေးချယ်သင့်သည့်ကားများ


ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ အကြားရွေးချယ်သင့်သည့်ကားများကို ရွေးချယ်ဖော်ပြထားပါသည်။

Mitsubishi Town Box

Mitsubishi Town Boxကို ၁၉၉၉ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Nissan Clipper Rioဟုလည်းခေါ်ပါသည်။

Kei Minivanကားအမျိုးအစားဖြစ်ပြီး ငါးယောက်စီး၊ တံခါးငါးချပ်ပါရှိသည်။

ထိုကားကို Mitsubishiကုမ္ပဏီက ဂျပန်စျေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Nissan Clipper Rioအမည်ဖြင့်လည်း ရောင်းချပါသည်။

Town Boxကို မလေးရှားနိုင်ငံတွင် Proton Juaraဟူ၍လည်း ထုတ်လုပ်ပါသည်။

တံခါးငါးချပ်မှာ ရှေ့တံခါးနှစ်ချပ်က ပါဝါဖြစ်ပြီး နောက်ဘေးတံခါးက Slide Door ဖြစ်ပါသည်။

Economyကားဖြစ်သည့်အတွက် စထုတ်သောမိုဒယ်မှစ၍ နောက်ဆုံးမိုဒယ်အထိ ဘော်ဒီ ဒီဇိုင်းမပြောင်းလဲဘဲ ရှေ့ရှဲတွေကိုသာ ရုပ်ပြောင်းအနေဖြင့် ထုတ်လုပ်ထားပါသည်။

ဂရိတ်ငါးခုရှိပြီး မှန်ကာလာနှင့်နောက်ဝိုက်ပါရှိပါသည်။

Mitsubishi Town Box ၂၀၀၉၊ ၂၀၁၀မိုဒယ်ကို ဝယ်ယူမည်ဆိုပါက ရန်ကုန်လိုင်စင်ဖြစ်မဖြစ်နှင့် အက္ခရာအနိမ့်အမြင့်ပေါ်မူတည်ပြီး ကျပ်သိန်း၁၂၀ကနေ ၁၃၀ ဝန်းကျင်ကြားရှိပါသည်။

 

Diahatsu Atrai

Diahatsu Atrai Minivanကို ၁၉၈၁ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အင်ဂျင်နည်းပညာပိုင်းကတော့ Diahatsu Hijetကို အခြေခံထားခြင်းဖြစ်ပါသည်။

Diahatsu Atrai ကိုMinibusအသေးစားအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာပြည်စျေးကွက်တွင် ၆၆၀စီစီMinivanတွေကို Wagonကားတွေအတိုင်း အခွန်ကောက်ခံသည့်အတွက်

Carry Truck များနှင့်ယှဉ်မည်ဆိုလျှင် ကျပ်သိန်းသုံးဆယ်ခန့် စျေးပိုများပါသည်။

Diahatsu Atrai ကတခြား ၆၆၀စီစီ Minivanတွေထက် အတွင်းဂရိတ်ပိုမြင့်ပါသည်။

ဘေးSlide Doorအပါအဝင် တံခါးလေးချပ်ဖြစ်ပြီး ငါးယောက်စီးအမျိုးအစားဖြစ်ပါသည်။

ပစ္စည်းတင်သည့်နောက်ခန်းသည် ကျယ်ဝန်းပြီး နောက်ထိုင်ခုံတွေကိုလည်း ခေါက်ပြီးအသုံးပြုနိုင်ပါသည်။

၂၀၁၀မိုဒယ်မှာ Custom Turbo R၊ Custom Turbo RS၊ Custom Turbo RS Limited စသောဂရိတ်တွေရှိပြီး ပါဝါတံခါးနှစ်ချပ်နှင့် Aircon Autoဖြစ်ပါသည်။

မှန်ချိုး၊မှန်ခေါက်၊ ဘက်မှန်မီးခြောက်နှင့် မှန်ကာလာလည်းပါရှိသည်။

Limited ဂရိတ်ဆိုသည်မှာလည်း ရှေ့နောက်ထိုင်ခုံလက်တင်ပါရှိသလို Push-starဖြစ်လေ့ရှိပါသည်။

Diahatsu Atrai Minivan ရဲ့ပေါက်စျေး မှာ Push-starဖြစ်ပြီး ထိုင်ခုံလက်တင်ပါရှိပါက ကျပ်သိန်း၁၄၀ ဝန်းကျင်ရှိပြီး ပုံမှန်ဂရိတ်မှာ ကျပ်သိန်း၁၃၀ဝန်းကျင်ရှိပါသည်။

 

Suzuki Every

Everyကို ကမ္ဘာ့ထိပ်တန်း Keiကားများထုတ်သော Suzukiကုမ္ပဏီက ၁၉၆၄ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိ မျိုးဆက်၁၀ခုရှိသွားခဲ့ပြီဖြစ်ပါသည်။

Suzuki Everyကို ပုံစံတူအတုယူပြီး ထုတ်လုပ်ထားသော Micrivanတစ်မျိုးမှာ Mazda Scrum ဖြစ်ပြီး၊ ပုံသဏ္ဍာန်၊ Classis၊ အရွယ်အစား ၊ အလေးအချိန်(Dimensions)ကအစ တူပါသည်။

Grade အားလုံးမှာ ရှေ့နောက်Airbag များပါရှိသော်လည်း Power Windowတွင်  Join၊ Join Turbo Grade တွေမှာသာပါရှိပါသည်။

၂၀၁၀မိုဒယ်ကားအားလုံးတွင် မှန်ကာလာပါရှိပြီး နောက်ဝိုက်ပါ ပါရှိပါသည်။

Gradeအားလုံးအတွက် Airconမှာ Manualဖြစ်ပါသည်။

Suzuki Every၏နောက်ဆုံခုံကိုခေါက်ထားမည်ဆိုလျှင် Carry Truck နောက်ခန်းအတိုင်း ပစ္စည်းသယ်ယူနိုင်ပါသည်။

တချို့နယ်များတွင် Everyကို Ambulanceအနေဖြင့် အသုံးပြုကြသည်ကိုတွေ့ရသည်။

Suzuki Every၂၀၁၀မိုဒယ်ကို Gradeကွာခြားချက်နှင့် Auto Gear၊ Manual Gearအပေါ်မူတည်ပြီး ကျပ်သိန်း၁၂၀မှ ၁၃၀အထိရှိပါသည်။

Read 5563 times