ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရွေးချယ်နိုင်သည့်ကားများ


ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရွေးချယ်နိုင်သည့်ကားများအနက် သုံးမျိုးကို ဖော်ပြထားပါသည်။

Mazda Demio

အင်ဂျင်ပါ၀ါ ၁၃၀၀ စီစီ ကားများထဲတွင် Mazda Demio သည်ပုံစံဆန်းသစ်လှပသည့်အတွက် လူကြိုက်များသည့် ကားအမျိုးအစားတစ်ခုဖြစ်ပါသည်။

၂၀၀၈ ခုနှစ်တွင် World Car of the Year ဆုကိုရရှိခဲ့သည့် Demio သည် DE Platform ကိုအခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး ယင်းနည်းပညာက Ford Fiesta တွင်လည်း အသုံးပြုထားပါသည်။

၂၀၁၁ မိုဒယ်မှစပြီး skyactive နည်းပညာကိုအသုံးပြုထားပြီး တချို့ဂရိတ်များတွင် ပါ၀င်ပါသည်။

စတုတ္ထအမျိုးအစားဖြစ်သည့် ၂၀၁၄ မိုဒယ်နောက်ပိုင်းတွင် ရုပ်ပြောင်းသွားပြီး အတွင်းခန်းနှင့် ထိုင်ခုံများကအစ ပြောင်းသွားပါသည်။

Skyactive ဂရိတ်တွင် Digital Aircon, Smart key နှင့် Steering Volume Control ပါသွားပြီး အလွိုင်းဆိုက်ကလည်း ၁၄ လက်မဖြစ်သွားပါသည်။

Mazda Demio ၂၀၁၁ စျေးနှုန်းမှာ Grade နှင့် အက္ခရာပေါ်မူတည်ပြီး ကျပ် ၁၂၀ မှ ၁၃၀ ကြားရှိပါသည်။

Skyactive ဖြစ်ပြီး အက္ခရာမြင့်ပါက ကျပ် သိန်း ၁၅၀ ကြားတွင် ရှိပါသည်။

Dalhatsu Boon

Dalhatsu boon ကို ၂၀၁၄ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အထိကို ပထမမျိုးဆက်၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကို ဒုတိယမျိုးဆက်အနေဖြင့် သတ်မှတ်ခဲ့ပါသည်။

၂၀၀၆ မိုဒယ်ကစပြီး ၂ နှစ်ခြားစီ ထုတ်လုပ်ခဲ့ပြီး ၂၀၁၀ မိုဒယ်တွင်ပုံပြောင်းသွားပါသည်။

၂၀၁၀ မိုဒယ်မှ ၂၀၁၄ မိုဒယ်အထိ ပုံမပြောင်းပဲ Toyota Passo နှင့် ပုံသဏ္ဍာန်အနီးစပ်ဆုံး တူပါသည်။

Passo ကဲ့သို့ ဂီယာက စတီယာရင်၏ ဘေးတွင် Gear ရှိပြီး Auto Hand Gear ဖြစ်ပါသည်။

တံခါးငါးပေါက်ပါ Hatchback အမျိုးအစားဖြစ်ပြီး လူငါးဦးနှင့် ကုန်ပစ္စည်းအပေါ့စားများကို သယ်ဆောင်နိုင်ပါသည်။

Grade အနေဖြင့် 1.0L, 1.0 Limited, 1.0 CX စသည်တို့ရှိပြီး 1.0 Limited နှင့် 1.0 CH က Aircon Auto ဖြစ်ပါသည်။

Grade အားလုံးတွင် Driver, Passenger, Side Airbags နှင့် နောက် Wiper ပါရှိပြီး မှန်ကာလာဖြစ်သွားပါသည်။

Daihatsu Boon က Toyota Passo ၏ စျေးတန်းနှင့် မတိမ်းမယိမ်းတွင် ရှိပြီး ၂၀၁၀ မိုဒယ် ၁၀၀၀ စီစီဆိုလျှင် ကျပ်သိန်း တစ်ရာ နှင့် ၁၃၀၀ စီစီ ဆိုလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင် တွင် ရှိပါသည်။

Toyota Porte

Toyota Porte သည်အင်ဂျင်ပါ၀ါ ၁၃၀၀ စီစီ ကားများထဲတွင် အကြမ်းခံပြီး အရွယ်အစားကြီးမားသည့် Mini MPV အမျိုးအစားဖြစ်ပြီး Toyota Vitz ကိုအခြေခံထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

ကားကိုယ်ထည် တည်ဆောက်ပုံနှင့် Electric-Powered Sliding Door များတပ်ဆင်ထားမှုမှာ ပြင်သစ်နာမည်ကြီး ကားအမျိုးအစားတစ်ခု ဖြစ်သည့် Peugeot 1007 နှင့် ပုံစံတူပါသည်။

Porte ကို ညာမောင်းတစ်မျိုးတည်းသာ ထုတ်လုပ်ခဲ့သည့်အတွက် ဥရောပစျေးကွက်ကို ချဲ့ထွင်နိုင်ခြင်းမရှိဘဲ ဂျပန်ပြည်တွင်းနှင့် ညာမောင်းသုံးစွဲသည့် အာရှနိုင်ငံအချို့ကသာ ၀ယ်ယူသုံးစွဲကြပါသည်။

Mini MPV အမျိုးအစားဖြစ်သည့်အတွက် အလျားရှည်ပြီး အတွင်းခန်း ကျယ်ဝန်းပါသည်။

တခြား ၁၃၀၀ စီစီ ကားများဖြစ်သည့် Passo, Vitz, Fit, Swift တို့နှင့်ယှဉ်လျှင် အလျား၊ အနံ၊ အမြင့် ပိုများပါသည်။

၂၀၁၀ မိုဒယ် Porte တွင် Grade အနေဖြင့် 130l, 130l HID SELECTION, 130l C PACKAGE, 130l C PACKAGE HID SELECTION, 150R, 150l, 150l HID SELECTION,150R G PACKAGE, 150l G  PACKAGE Grade များက အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီဖြစ်ပြီး ကျန်တာမှာ ၁၃၀၀ စီစီ ဖြစ်ပါသည်။

Grade တိုင်းသည် Power Window ဖြစ်ပြီး C PACKAGE, G PACKAGE များမှာ Auto Aircon ဖြစ်သွားပါသည်။

UV Filter ဖြစ်သည့်အတွက် မှန်ကာလာပါ၀င်ပါသည်။

Toyota Porte 2010 မိုဒယ်၏ စျေးက ၁၃၀၀ စီစီဆိုလျှင် ကျပ် ၁၂၀ ၀န်းကျင်ရှိပြီး ၁၅၀၀ စီစီ တင်သွင်းမှုနည်းပြီး ကျပ်သိန်း ၁၅၀ ကြားတွင် ရှိပါသည်။

 

Read 1705 times