တရုတ်ထိပ်တန်း အီးဗီလုပ်ငန်း ၃ ခု ဇူလိုင်လမှာ အရောင်းစံချိန်သစ်တင်


တရုတ်ထိပ်တန်း အီးဗီလုပ်ငန်း ၃ ခု ဇူလိုင်လမှာ အရောင်းစံချိန်သစ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဇူလိုင်လတွင် တရုတ်ပြည်တွင်းဈေးကွက်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကား ထုတ်လုပ်သည့် လုပ်ငန်း ၃ ခုသည် စံချိန်သစ်တင်သည်အထိ ရောင်းအား ကောင်းခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်းဈေးကွက်တွင် လျှပ်စစ်ကားများနှင့် ဟိုက်ဘရစ်ကားများ ရောင်းအား ပြန်မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဈေးချရောင်းကြသည့် ဈေးနှုန်းစစ်ပွဲသည် ရောင်းအားမြင့်တက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိချေ။
ဒုတိယနှစ်ဝက် စတင်သည့် ဇူလိုင်လတွင် ရောင်းအား ပြန်မြင့်တက်လာခဲ့သည်ကို တွေ့ကြရသည်။

ကမ္ဘာ့အကြီးဆုံး အီးဗီ ထုတ်လုပ်သူ ရှန်ကျန်းမြို့ အခြေစိုက် BYD သည် ဇူလိုင်လတွင် အစီးရေ ၂၆၂,၁၆၁ စီးကုိ မှာကြားထားသူများထံ ပေးပို့ခဲ့သည်။ ဇွန်လထက် ရောင်းအား ၃.၆% ပိုများပြီး စံချိန်သစ် တင်ခဲ့သည်။ BYD သည် တလထက်တလ ရောင်းအားမြင့်တက်ပြီး စံချိန်သစ် တင်သဘ်မှာ ၃ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။


ပေကျင်းမြို့တော် အခြေစိုက် Li Auto က ၃၄,၁၃၄ စီး ဝယ်ယူသူများထံ ပေးပို့ခဲ့ပြီး စံချိန်သစ် တင်သည်။ ယခင်စံချိန်ဟောင်းမှာ ဇွန်လက တင်ခဲ့သည့် အစီးရေ ၃၂,၅၇၅ စံချိန် ဖြစ်သည်။ 


ရှန်ဟိုင်းမြို့တွင် ရုံးချုပ်ထားရှိသည့် Nio သည်  ၂၀,၄၆၂ စီးကို ဝယ်ယူသူများထံ ပေးပို့ခဲ့ပြီး စံချိန်သစ် တင်ခဲ့သည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၂၂ ဒီဇင်ဘာလတွင် တင်ခဲ့သည့် ၁၅,၈၁၅ စီး စံချိန် ဖြစ်သည်။

ကွမ်ကျိုးမြို့ အခြေစိုက် Xpeng သည် ဇူလိုင်လတွင် အစီးရေ ၁၁,၀၀၈ စီး ရောင်းချခဲ့ကြောင်း ကြေညာသည်။ 
 
Tesla သည် တရုတ်နိုင်ငံတွင်  လစဉ် ရောင်းချသည့် စီးရေကို ထုတ်ပြန်ခြင်း မပြုပေ။

ပထမနှစ်ဝက် ဈေးနှုန်းစစ်ပွဲကာလတွင် ‌အပြိုင်အဆိုင် ဈေးချနေကြသည်ကို အသာကြည့်နေခဲ့ပြီး ဒုတိယနှစ်ဝက်တွင် ဈေးထပ်ကျဖို့ ခဲယဉ်းသွားပြီ ဖြစ်သောအခါ ကားဝယ်ရန် အစီအစဉ် ရှိထားသူများ ကားစဝယ်ကြသဖြင့် ဇူလိုင်လတွင် ရောင်းအား မြင့်တက်ခဲ့သည်ဟု ယူဆကြသည်။
ဈေးနှုန်းစစ်ပွဲကာလအတွင်း ၄၀%အထိ ဈေးချခဲ့ကြသည်ကို တွေ့ခဲ့ကြရသည်။ 
Source bangkokpost 
 

Read 954 times