၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ ဆိုလာပြား ထပ်တိုးတပ်ဆင်မှု ကမ္ဘာ့အများဆုံး ဖြစ်ခဲ့


၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ ဆိုလာပြား ထပ်တိုးတပ်ဆင်မှု ကမ္ဘာ့အများဆုံး ဖြစ်ခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အခြားမည်သည့်နိုင်ငံမှာမဆို တပ်ဆင်ထားပြီးသား ဆိုလာပြား စုစုပေါင်း ပမာဏထက်  ပိုများသော ပမာဏရှိသည့်  ဆိုလာပြားများကို တပ်ဆင်ခဲ့သည်။

တရုတ်နိုင်ငံသည် ဆိုလာပြား တပ်ဆင်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က ဆိုလာစွမ်းအင် ၂၁၆ ဒသမ ၈၈ ဂစ်ဂါဝပ် ထပ်တိုးခဲ့ပြီး ထပ်တိုးသည့် ပမာဏ စံချိန်သစ် တင်ခဲ့ပြန်သည်။

ယခင်စံချိန်ဟောင်းမှာ ၂၀၂၂ ခုနှစ်တွင် ၈၇ ဒသမ ၄ ဂစ်ဂါဝပ် ထပ်တိုးခဲ့သည့် စံချိန် ဖြစ်သည်။ 

 

အမေရိကန်တွင် တပ်ဆင်ထားသည့် ဆိုလာပြားများ၏ စုစုပေါင်း ဓာတ်အားထုတ်လုပ်သည့် ပမာဏမှာ ၁၇၅.၂ ဂစ်ဂါဝပ် ရှိသည်။

သို့ဖြစ်ရာ တရုတ်နိုင်ငံတွင် တနှစ်တာ ထပ်တိုးသည့် ဆိုလာစွမ်းအင် ပမာဏသည် အမေရိကန်၏ ဆိုလာစွမ်းအင် စုစုပေါင်းထက် သိသိသာသာ ပိုများနေပါသည်။

 

တရုတ်နိုင်ငံသည် ဆိုလာစွမ်းအင် ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အမေရိကန်သည် ကမ္ဘာ့ ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါသည်။

 

 

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လေအားလျှပ်စစ်စွမ်းအင် ၇၅.၉ ဂစ်ဂါဝပ် ထပ်တိုးခဲ့ပြီး ထပ်တိုးသည့်ပမာဏ စံချိန်သစ် တင်ခဲ့ပါသည်။ ယခင် စံချိန်ဟောင်းမှာ ၂၀၂၂ ခုနှစ်တွင် ၃၇.၆ ဂစ်ဂါဝပ် ထပ်တိုးခဲ့သည့် စံချိန် ဖြစ်ပါသည်။

 

 

ကမ္ဘာ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပမာဏသည် ယမန်နှစ်က ၅၂၀ ဂစ်ဂါဝပ် ထပ်တိုးခဲ့ပြီး တိုးသည့်ပမာဏ စံချိန်သစ်တင်ခဲ့သည်။ ထိုသို့ စံချိန်သစ် တင်နိုင်ခဲ့သည်မှာ တရုတ်နိုင်ငံမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထပ်တိုးသည့် ပမာဏ ကြီးမားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ 

 

တရုတ်နိုင်ငံ၏ ဆိုလာပြား တပ်ဆင်မှု စုစုပေါင်းသည် ကမ္ဘာ့ဆိုလာပြား တပ်ဆင်မှု စုစုပေါင်း၏ ၅၈% ရှိပြီး ကမ္ဘာ့လေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု စုစုပေါင်း၏ ၆၀%ကို တရုတ်နိုင်ငံက ထုတ်လုပ်ပါသည်။ 

 

အခြားတဖက်၍ တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရှိနေပြီး နိုင်ငံတွင် သုံးစွဲသည့် ဓာတ်အားပမာဏ စုစုပေါင်း၏ ၅၉%ကို ကျောက်မီးသွေးဖြင့် ထုတ်လုပ်လျက် ရှိပါသည်။ 

 

Source Bloomberg

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 173 times