ပြည်တွင်းဖြစ် ချစ်ပ်များဖြင့် ထုတ်လုပ်သည့်ကား ၁၀ ရက်အတွင်း အမှာစာ ၁ သောင်းကျော် ရရှိ


ပြည်တွင်းဖြစ် ချစ်ပ်များဖြင့် ထုတ်လုပ်သည့်ကား ၁၀ ရက်အတွင်း အမှာစာ ၁ သောင်းကျော် ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Geely Lynk & Co နောက်ဆုံးထုတ် မော်ဒယ် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် SUV မော်ဒယ်  Lynk & Co 08 ကို စက်တင်ဘာလ ၈ ရက်တွင် အရောင်း စဖွင့်ခဲ့ရာ ၁၀ ရက်အကြာတွင် အမှာစာ စီးရေ ၁ သောင်းကျော် လက်ခံ ရရှိခဲ့သည်။
ဗားရှင်း ၅ မျိုး ထုတ်လုပ်ထားပြီး ဈေးနှုန်းများမှာ ယွမ် ၂၀၈,၈၀၀ - ၂၈၈,၀၀၀ (28,400 – 39,200 USD) ဖြစ်ပါသည်။

ကားတွင် တရုတ်ပြည်တွင်းဖြစ် ချစ်ပ်များကိုသာ သုံးစွဲထားသည်။ 
Dragon Eagle-1 ဟု အမည်ပေးထားသော မော်တော်ယာဉ်သုံး ချစ်ပ်သည် Qualcomm Snapdragon 8155 ချစ်ပ်များနှင့် တန်းတူ ဖြစ်ပါသည်။
ဆော့ဖ်ဝဲမှာ Geely ပိုင်ဆိုင်သည့် Meizu Flyme Auto ဖြစ်ပါသည်။ 

Lynk & Co 08 အရွယ်အစားမှာ အလယ်အလတ် SUV ဖြစ်ပါသည်။
အလျား 4820 mm
အကျယ် 1915 mm
အမြင့် 1685 mm
ခါးအလျား 2848 mm 

ရှေ့ဘီးယက်နှင့် ၄ဘီးယက် နှစ်မျိုး ထုတ်လုပ်ထားသည်။
၄ဘီးယက် သည် 0 – 100 km/h ကို ၄.၆ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါသည်။

 


Source: Xchuxing
 

Read 1107 times