ကမ္ဘာ့အီးဗီဈေးကွက်အတွက် တရုတ်နိုင်ငံက အီးဗီအများဆုံး ထုတ်လုပ်ပေးလျက်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်ပြည်ဖြစ် လျှပ်စစ်ကား တင်ပို့မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မကြုံစဖူး ကိန်းဂဏန်းများအထိ မြင့်တက်လာခဲ့ပါသည်။
၂၀၂၂ ခုနှစ် ပထမ ၉လတာတွင် တရုတ်နိုင်ငံသည် ကမ္ဘာတဝှမ်းသို့ ကားအမျိုးမျိုး စီးရေ ၂.၂ သန်းကို တင်ပို့ခဲ့သည်။ ၂၀၂၁ အလားတူကာလထက် ၅၄% ပိုများသည်။
ထိုသို့ များလာရန် အိမ်စီး အီးဗီများက ကျေးဇူးပြုပေးခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ပထမ ၉လတာတွင် တရုတ်ပြည်ဖြစ် အီးဗီ စီးရေ ၃၄၂,၀၀၀ တင်ပို့ခဲ့သည်။
Bloomberg မှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်ပြည်မှ တင်ပို့သည့် အိမ်စီးကားများတွင် ၂၀၁၉ ခုနှစ်၌ အီးဗီများ ၂% မျှသာ ပါဝင်ခဲ့သည်။ ၂၀၂၂ ပထမ ၉ လတာတွင် ၂၉% ပါဝင်သည်။
တရုတ်နိုင်ငံ၏ အီးဗီ တင်ပို့မှု တိုးတက်လာရခြင်း၏ အကြောင်းရင်းမှာ ဘက်ထရီနည်းပညာနှင့် အီးဗီအတွက် ယာဉ်ပစ္စည်းများ ထုတ်လုပ်မှုတွင် တရုတ်ပြည်က ကြီးစိုးထားခြင်းကြောင့် ပြည်တွင်း မော်တော်ယာဥ် စက်ရုံများ ထုတ်လုပ်မှုကို မြှင့်တင်နိုင်စေခဲ့သည်။
တရုတ်ပြည်ဖြစ် ပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားသည့် တရုတ်ကုမ္ပဏီ BYD ၏ Atto 3 မှအစ တရုတ်ပြည်ဖြစ် MIC (made in China) BMW iX3 အလယ်၊ တရုတ်အီးဗီနည်းပညာသုံးထားသည့် Toyota BZ4X အဆုံး ပြည်တွင်းပြည်ပ အီးဗီထုတ်လုပ်ရေး ကုမ္ပဏီများသည် တရုတ်ပြည်တွင် ထုတ်လုပ်ရေးစရိတ် သက်သာခြင်း၊ အီးဗီအတွက်လိုအပ်သော ဘက်ထရီအပါအဝင် ယာဉ်ပစ္စည်းများကို တရုတ်ပြည်တွင်းမှ ရရှိနိုင်ခြင်း၊ အီးဗီနည်းပညာများကို လက်လှမ်းမီခြင်းတို့ကြောင့် ကိုဗစ်ပြဿနာ ရှိနေသော်လည်း တရုတ်ပြည်တွင် အီးဗီထုတ်လုပ်ကြသည်။
အမေရိကန်မှ Tesla သည် တရုတ်ပြည်မှ တင်ပို့သည့် အီးဗီများတွင် အဓိကကျသည့် အီးဗီတင်ပို့သူ ဖြစ်သည်။ ၂၀၂၂ ပထမ ၉ လတွင် တရုတ်ပြည်မှ စီးရေ ၁၆၀,၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။
Volkswagen ကလည်း တရုတ်ပြည်ရှိ စက်ရုံမှ ပြည်ပသို့ တင်ပို့ရန် အီးဗီများ ထုတ်လုပ်မည် ဖြစ်သည်။
ဗြိတိသျှ ကားအမှတ်တံဆိပ် MG ကို ပိုင်ဆိုင်သည့် SAIC က ၂၀၂၂ ပထမ ၉ လတွင် ပြည်ပသို့ အီးဗီစီးရေ ၇၈,၀၀၀ တင်ပို့ခဲ့သည်။
DFSK မှ ထုတ်လုပ်သော လျှပ်စစ်ဗင်သည် ဈေးသက်သာသည့်အတွက် ပြည်ပဈေးကွက်တွင် ရောင်းပန်းလှသည့် လုပ်ငန်းသုံးဗင် ဖြစ်သည်။
DFSK၊ Maxus နှင့် Great Wall တို့သည် ရေရှည်၊ နိုင်ငံတကာ တိုးချဲ့မှု အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့ပြီး အကောင်အထည်ဖော်နေကြသည်။
BYD က ယခုနှစ် ၂၀၂၃ တွင် ပြည်ပဈေးကွက်များတွင် အီးဗီစီးရေ တိုးမြှင့်ရောင်းချနိုင်ရန် အပြင်းအထန် ဆောင်ရွက်နေသည်။
Source carbuyer.com
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U