တရုတ်အီးဗီကဏ္ဍမှ လုပ်ငန်းများ ဥရောပတွင် ထုတ်လုပ်ရန် ခြေစလှမ်း


တရုတ်အီးဗီကဏ္ဍမှ လုပ်ငန်းများ ဥရောပတွင် ထုတ်လုပ်ရန် ခြေစလှမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 ဥရောပတွင် စျေးသက်သာသော တရုတ် အီးဗီများ စျေးကွက်ထဲသို့ ဝင်လာနေသဖြင့် ဥရောပမှ ကားလုပ်ငန်းများ ထိခိုက်မည့်အရေးကို အီယူကော်မရှင်က စိုးရိမ်ကြောင့်ကြနေစဉ် တရုတ်အီးဗီကဏ္ဍမှ လုပ်ငန်းများသည် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့်အချက်ကို အလေးပေးကာ ဥရောပတွင် ထုတ်လုပ်မှုများ စတင်မည့် အစီအစဉ်များကို ကြေညာနေကြသည်။


နိုင်ငံပိုင်ကားလုပ်ငန်း SAIC Motor မှ အမှုဆောင်အရာရှိတစ်ဦးက ကုမ္ပဏီသည် ဥရောပတွင် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံအတွက် ဆီလျော်မည့် နေရာ ရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို ယခုလတွင် စတင်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုလ မြူးနစ်ကားပြပွဲတွင် ကမ္ဘာ့ထိပ်တန်း EV ထုတ်လုပ်သူဖြစ်သည့် BYD မှ အမှုဆောင်အရာရှိက ကုမ္ပဏီသည် ယခုနှစ်ကုန်တွင် ဒေသတွင်းရှိ ကားအပြီးသတ် ထုတ်လုပ်မည့်စက်ရုံအတွက် တည်နေရာကို ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Great Wall Motor က ဂျာမနီ၊ ဟန်ဂေရီနှင့် ချက်သမ္မတနိုင်ငံတို့ကို စက်ရုံအသစ်တစ်ခု တည်ဆောက်ရန် နေရာအဖြစ် လျာထားကြောင်း ဂျာမန်သတင်းဌာနတစ်ခုအား ပြောကြားခဲ့သည်။

Chery Automobile သည် ယူကေတွင် စက်ရုံတစ်ရုံ လုပ်ကိုင်ရန် ယူကေမှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်။ 

အီးဗီဘက်ထရီထုပ် ထုတ်လုပ်သည့် ထိပ်တန်းလုပ်ငန်းကြီး Contemporary Amperex Technology (CATL) က ဂျာမနီတွင် စက်ရုံတရုံကို ၂၀၂၂ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ ဟန်ဂေရီတွင် နောက်ထပ် စက်ရုံတရုံ တည်ဆောက်နေသည်။

တရုတ်အီးဗီများ ဈေးသက်သာရသည်မှာ တရုတ်အစိုးရက အီးဗီလုပ်ငန်းများကို အထောက်အပံ့များ တနင့်တပိုး ပေးနေခြင်းကြောင့် ဟုတ်မဟုတ်ကို အီယူကော်မရှင်က စူးစမ်းလေ့လာနေသည်။ 

 တရုတ်အာဏာပိုင်တို့က တရုတ်အီးဗီ စျေးနှုန်းများသည် ထောက်ပံ့ကြေးများနှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

"တရုတ်အစိုးရသည် စွမ်းအင်သစ် မော်တော်ယာဉ်များအတွက် ထောက်ပံ့မှုများကို ၂၀၂၂ နှစ်ကုန်တွင် ရပ်ဆိုင်းလိုက်သည်"ဟု တရုတ်နိုင်ငံ အိမ်စီးကား အသင်းက ပြောကြားသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် အီးဗီများ အပါအဝင် စွမ်းအင်သစ် မော်တော်ယာဉ် အစီးရေ ၇ သန်း ထုတ်လုပ်ခဲ့သည်။ ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်သည်။ ၁၅% ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ထက်ဝက်ခန့်ကို ဥရောပသို့ တင်ပို့ခဲ့ရာ အစီးရေ ၅ သိန်းခွဲဝန်းကျင် ရှိသည်။ 

၂၀၂၃ ခုနှစ် ပထမ ခုနစ်လအတွင်း တရုတ် အီးဗီ အစီးရေ ၄သိန်းခွဲခန့်ကို ဥရောပသို့ တင်ပို့ခဲ့သည်။
ဥရောပဈေးကွက်တွင် ဈေးကွက်ဝေစု ၈% ရရှိခဲ့သည်။ 


Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 379 times