နှစ်ကုန်ပိုင်းမှာ တရုတ်အီးဗီများ ရောင်းအား စံချိန်တင် မြင့်တက်လာ


နှစ်ကုန်ပိုင်းမှာ တရုတ်အီးဗီများ ရောင်းအား စံချိန်တင် မြင့်တက်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ယခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်ပြည်မှ BYD, Tesla,  Li Auto အပါအဝင် ရောင်းအားကောင်းသော လျှပ်စစ်ကားထုတ်လုပ်သူ အချို့သည် ဘက်ထရီသုံး ကားများ အဝယ်လိုက်နေဆဲ ဖြစ်သဖြင့် ၂၀၂၃ အတွက် ရောင်းအားရည်မှန်းချက်များ ပြည့်မီမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည်။
တရုတ်အိမ်စီးကားအသင်း China Passenger Car Association (CPCA)မှ ခန့်မှန်းချက်အရ နိုဝင်ဘာလတွင် အီးဗီ ဝယ်ယူသူများထံ အစီးရေ ၉၄၀,၀၀၀ အပ်နှံပြီး စံချိန်သစ် တင်ခဲ့သည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာဘအထိ ၁၁ လတာတွင် ကားအစီးရေ ၇.၇၄ သန်း အပ်နှံခဲ့သည်။
CPCA က ၂၀၂၃ တွင် ဘက်ထရီသုံး လျှပ်စစ်ကားများနှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်ကားများ အစီးရေစုစုပေါင်း ၈.၅ သန်း ပေးပို့အပ်နှံမည်ဟု ခန့်မှန်းထားသည်။ 


"နိုဝင်ဘာလအတွက် ပဏာမအရောင်းဒေတာအရ  တရုတ် အီးဗီ စျေးကွက်က ရောင်းအား  ပြန်လည်ကောင်းမွန်လာကြောင်း အားတက်ဖွယ်လက္ခဏာများ ပြသခဲ့ပါတယ်"ဟု ရှန်ဟိုင်းအခြေစိုက် အရောင်းကိုယ်စားလှယ် Wan Zhuo Auto ၏ အရောင်းဒါရိုက်တာ Zhao Zhen က ပြောသည်။

နိုဝင်ဘာလမှာ အရောင်းစံချိန်တင်ခဲ့သည့် အီးဗီလုပ်ငန်းများတွင် ပေကျင်း အခြေစိုက် Li Auto နှင့် ကွမ်ကျိုးအခြေစိုက် Xpeng တို့ ပါဝင်သည်။ ၎င်းတို့သည် အောက်တိုဘာလတွင် တင်ခဲ့သည့် စံချိန်ကို နိုဝင်ဘာလတွင် စံချိန်ချိုးပြီး စံချိန်သစ် ထပ်တင်ခဲ့ကြခြင်း ဖြစ်သည်။

Li Auto သည် အောက်တိုဘာလတွင် ၄၀,၄၂၂ စီး ပေးပို့အပ်နှံပြီး စံချိန်သစ် တင်ခဲ့သည်။ နိုဝင်ဘာလတွင် ၄၁,၀၃၀ စီးဖြင့် စံချိန်သစ် ထပ်မြင့်တက်သည်။

Xpeng သည် အောက်တိုဘာလတွင် ၂၀,၀၄၁ စီး ပေးပို့အပ်နှံပြီး စံချိန်သစ် တင်ခဲ့သည်။ နိုဝင်ဘာလတွင် ၂၀,၀၀၂ စီးဖြင့် စံချိန်သစ် ထပ်တင်သည်။

ယခုနှစ် အီးဗီရောင်းအားသည် အစိုးရ ထောက်ပံ့ကြေး မပါတော့သည့် ရောင်းအားဖြစ်သည်။ တရုတ်အစိုးရက အီးဗီတစီး ဝယ်ယူသူတိုင်းကို ပျမ်းမျှအားဖြင့် ယွမ် ၁၃,၀၀၀ (US$1,822) ထောက်ပံ့သည့် အစီအစဉ်ကို ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ စတင်ရုပ်သိမ်းခဲ့သည်။ 

“နိုင်ငံတစ်ဝှမ်းမှာ ကျယ်ပြောလှတဲ့ အားသွင်းကွန်ရက်ကို ရရှိနိုင်တာကြောင့် လျှပ်စစ်ကားတွေ ပိုစီးလာကြတယ်။ တရုတ်နိုင်ငံက လူငယ် ကားဝယ်သူတွေက ဉာဏ်ရည်ပါတဲ့ လျှပ်စစ်ကား ပိုင်ဆိုင်ဖို့ မောင်းသမားတွေက ပိုစိတ်ဝင်စားလာကြပါတယ်” ဟု မော်တော်ကား အထူးပြု ဘက်ထရီများ ရောင်းချသည့် Suzhou Hazardtex မှ အကြီးတန်းအမှုဆောင် ဒေးဗစ်ကျန်းက ပြောသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တရုတ် ပြည်မကြီးတစ်ဝှမ်းတွင် အားသွင်းစခန်းပေါင်း ၁၅၁,၄၀၀ ရှိနေပြီ ဖြစ်ပြီး တလထက်တလ သိသိသာသာ ပိုများလာနေသည်။ 

၂၀၂၀ ခုနှစ်တွင် တရုတ်အစိုးရသည် ၂၀၂၅ ခုနှစ်တွင် အီးဗီ ရောင်းအားကို ကားအသစ်များ ရောင်းအား၏ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်နေစေရန် ရည်မှန်းချက် ချမှတ်ခဲ့သည်။
အီးဗီ ပြောင်းလဲ သုံးစွဲကြသည့် အရှိန်အဟုန်သည် တရုတ်နိုင်ငံအား သတ်မှတ်ချိန်ထက် သုံးနှစ်စောပြီး ၂၀၂၂ နှစ်ကုန်တွင် ၂၀ ရာခိုင်နှုန်းသို့ ရောက်ရှိစေခဲ့ပါသည်။
Source scmp
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1265 times