တရုတ် လျှပ်စစ်ကားသင်္ချိုင်း ဖြစ်ရပ်မှန်[Video]


တရုတ် လျှပ်စစ်ကားသင်္ချိုင်း ဖြစ်ရပ်မှန်[Video]

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံမှာ စွန့်ပစ်ထားသော လျှပ်စစ်ကားများအကြောင်း ဗီဒီယိုများ အွန်လိုင်းတ‌ွင် ပျံ့နှံ့နေပြီး အကယ်စင်စစ် အီးဗီများ အလုပ်မဖြစ်သဖြင့် စွန့်ပစ်ထားခြင်း မဟုတ်ပါ။

တရုတ်နိုင်ငံတွင် စွန့်ပစ်ထားသော လျှပ်စစ်ကားအစီးရေ ထောင်ပေါင်းများစွာကို ပြသသည့် ဗီဒီယိုများ၏ မူလ အစ ဖွသည့်သူမှာ   တရုတ်ဘလော့ဂါတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်က ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့ပါသည်။ 

အီးဗီအပေါ် အမြင်စောင်းသူများနှင့် တရုတ်ကားလုပ်ငန်းများ အောင်မြင်မှုအပေါ် မကောင်းမြင်သူများက ယခုအခါ ဆက်ဖွကြသဖြင့် အွန်လိုင်းတွင် ပိုပွသွားခဲ့သည်။

တရုတ်နိုင်ငံရှိ မြို့ကြီးများတစ်ဝိုက်ရှိ ကွင်းကျယ်များတွင် လျှပ်စစ်ကားအစီးရေ ထောင်ပေါင်းများစွာ စွန့်ပစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သောင်းချီ စွန့်ပစ်ထားသည့် နေရာများလည်း ရှိသည်။ 
၎င်းကားများ အားလုံးနီးပါးသည် လျှပ်စစ်ကားများ ဖြစ်ပါသည်။
ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်းများ၊ အက်ပ် အသုံးပြု ကားအငှားလုပ်ငန်းများက စွနိ့ပစ်ထားခြင်း ဖြစ်ပါသည်။
များသောအားဖြင့် လုပ်ငန်းပြုတ်သွားသဖြင့် ကားများ စွန့်ပစ်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းစွန့်ပစ်ထားသည့် နေရာများသည် ယခုအခါ "တရုတ် အီးဗီ သင်္ချိုင်းများ"  “Chinese EV graveyards” ဟု အမည်တွင်ပါသည်။

တရုတ် အီးဗီ သင်္ချိုင်းတစ်ခုတွင်  Neta V နှင့်  BAIC BJEV EC3 လျှပ်စစ်ကားများကို တွေ့ရသည်။ အက်ပ် အသုံးပြု ကားအငှားလုပ်ငန်းများနှင့် ကားစင်းလုံးငှားလုပ်ငန်းများက စွန့်ပစ်ထားခြင်း ဖြစ်ကြောင်းကို ကားကိုယ်ထည်ပေါ်မှ အမှတ်အသားများအရ သိနိုင်ပါသည်။


တရုတ်ပြည်တွင် ကားအငှား ကုမ္ပဏီများက သွားနိုင်သည့် ခရီးတာ နည်းပါးသည့် အီးဗီများကို မြို့ကြီးများတွင် မြို့တွင်းစီးရန် အီးဗီအနေဖြင့် အငှား ဝန်ဆောင်မှု ပေးခဲ့ကြသည်။ အရှုံးပေါ်ပြီး လုပ်ငန်း ပိတ်သိမ်းရသည့်အခါ ကားများကို သတ်မှတ်ထားသည့် ကွင်းကျယ်မှာ စွန့်ပစ်ခဲ့ကြသည်။

မရောင်းရသည့် ကားအသစ်များ စွန့်ပစ်ထားခြင်း မဟုတ်ပါ။ သုံးပြီးသား ကားအဟောင်းများ ဖြစ်သည့်အပြင် အငှားချထားသည့် ကားများ ဖြစ်သဖြင့် တရိုတသေ စီးသည့် အိမ်စီးကားများကဲ့သို့ "ကားအသန့်"များလည်း မဟုတ်ပါ။ ပြန်ရောင်းဖို့ ခက်သည့် အခြေအနေတွင် ရောက်ရှိနေပါသည်။ 
အီးဗီ အစီးရေ သန်းချီ စ‌ီးနေကြသော တရုတ်ပြည်တွင် အငှာကားလုပ်ငန်းသုံး အီးဗီအဟောင်း သောင်းဂဏန်း စွန့်ပစ်ထားခြင်း ဖြစ်ပါသည်။

မြို့တွင်းစီးရန် အီးဗီအနေဖြင့် အငှား ဝန်ဆောင်မှု ပေးခဲ့ကြရာ၌ အရင်းအနှီး သက်သာစေရန် ဈေးသက်သာသည့် သွားနိုင်သည့် ခရီးတာ မိုင် ၁၀၀ အောက်အီးဗီများကို သုံးစွဲကြသည်။
ဘက်ထရီ ၁၀၀% အပြည့် ဆိုပါက ခရီးတာ မိုင် ၁၀၀ သွားနိုင်သည်မှာ ဘက်ထရီ အားကုန်သည်အထိ သုံးလျှင် ရောက်မည့် ခရီးတာ ဖြစ်ပါသည်။
လက်တွေ့တွင် ဘက်ထရီ သက်တမ်း ကြာကြာခံအောင် အား အနည်းဆုံး ၂၀% ကျန်သည်အထိသာ သုံးကြရသည်။ အားဖြည့်လျှင် အများဆုံး ၈၀% အထိသာ ဖြည့်ကြရသည်။ သို့ဖြစ်ရာ ၈၀% ဖြည့်ပြီး ၂၀% ကျန်သည်အထိ မောင်းနှင်လျှင် ခရီးတာ မိုင် ၅၀ ဝန်းကျင်အထိသာ ရမည် ဖြစ်သည့်အပြင် ကားအဟောင်း ဖြစ်နေခြင်း၊ တချိန်က အငှားချထားသည့်ကားဖြစ်နေခြင်းတို့ကြောင့် ဝယ်မည့်သူ ရှားပါသည်။ 
 


 

ပူးတွဲပါ ဗီဒီယိုမှာ ပေါက်ပေါက်ဖောက်သလို အမျှင်မပြတ် ပြောပြထားတာတွေကို မူရင်း လိုရင်း မပျက်စေဘဲ အကျဉ်းရုံးပြီး ဖော်ပြအပ်ပါတယ်။


 

0:00  China Auto မှ ကြိုဆိုပါတယ် ကျွန်တော်တို့ China Auto ရဲ့ အတွင်းကျကျ စုံစမ်း စစ်ဆေးမှုကို ပထမဆုံး ပြုလုပ်တာ ဖြစ်ပါတယ်။

ပထမဆုံး ပြုလုပ်တာ ဖြစ်သလို နောက်ဆုံး ပြုလုပ်တာလည်း ဖြစ်မှာပါ။

 

တရုတ်နိုင်ငံရှိ ကားသင်္ချိုင်းများကို ပြသတဲ့  ၂၀၂၁ ခုနှစ်မှ  ဗီဒီယိုဖိုင်ကို မကြာသေးမီက အွန်လိုင်းတွင် သင် ကြည့်ဖူးပါလိမ့်မယ်။ 

 

မူရင်းဗီဒီယိုကို  တရုတ်ဘလော့ဂါတစ်ဦးမှ ပြောပြ တင်ဆက်ခဲ့ပါတယ်။

Neta V အီးဗီများ သောင်းချီပြီး ကွင်းကျယ်ထဲ စွန့်ပစ်ထားတယ်။ တခါမှ မမောင်းရသေး၊ တခါမှ မရောင်းရ၊ အလဟဿ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

 

0:30 ကျွန်တော့ ဘယ်ဘက်ခြမ်းမှာ Netta V တွေ ရှိနေတာ သင် တွေ့နိုင်ပါတယ်။

 ညာဘက်ခြမ်းမှာ တခြားကားတွေ ရှိနေပါတယ်။

အဲဒီလို ကားတွေ ရှိနေလို့ ဒီတရုတ်ကားသင်္ချိုင်းမှာ ဘာတွေတကယ်ဖြစ်နေလဲဆိုတာကို ကိုယ်တိုင်လာပြီး စုံစမ်းကြည့်လိုက်ပါတယ်။

အခု ဗီဒီယို အဖွင့်မှာ ပြသတဲ့ မြင်ကွင်းကို ပြသပါမယ်။ 

 

 0:55 ‌Neta V တသောင်းလို့ ပြောဆိုနေကြတဲ့  ဗီဒီယို အဖွင့်မှာ ပြသတဲ့ နေရာ၊ သတင်းတွေမှာ တွစ်တာမှာ တင်ပြထားတဲ့နေရာဆိုတာ မီးခိုးခေါင်းတိုင်နှင့် တိုက်ခန်း အဆောက်အဦများ နောက်ခံတူနေတာကို ကြည့်ပြီး သိနိုင်ပါတယ်။ 


 

0:17 ဗီဒီယိုထဲမှ ကားတွေက အသစ်တွေလို့ ဆိုထားတာ မှားပါတယ်။ 

ယာဉ်အငှား ဝန်ဆောင်မှုမှ ယာဉ်များ စွန့်ပစ်ထားတယ် ဆိုတာ မှန်ပါတယ်။ 

 ဟန်ကျို့ အရှေ့မြောက်ပိုင်း တောင်ခြေမှာ ဖြစ်ပါတယ်။ ကွင်းပြင်ထဲမှာ သောင်းချီတဲ့  Neta V တရုတ် အီးဗီများ ဆွေးမြေ့ ပျက်စီးနေတယ်လို့ ဗီဒီယိုမှာ ဆိုထားတာ မှားယွင်းတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။

 

1:47 ဒီကွင်းကျယ်ထဲမှာ Neta စီးရေ ၁ သောင်း မရှိပါဘူး။ တကယ်ရှိတာ တရာ့ငါးဆယ်၊ နှစ်ရာ ဖြစ်ပါတယ်။ ကားတွေမှာ နံပါတ်ပြား တပ်ထားတာ အစိုးရ ထောက်ပံ့ကြေးရဖို့ ရောင်းချပြီးသား ကားများအဖြစ် လုပ်ဇာတ်ခင်းထားတယ်လို့ ပြောဆိုထားတာကလည်း မှားပါတယ်။ 

တရုတ်ပြည်မှာ ရောင်းချရတဲ့ အီးဗီစီးရေ မြင့်မားအောင် ဒီကားတွေကို မရောင်းရပေမဲ့ ထည့်တွက်ထားတယ်လို့ ပြောဆိုတာလည်း မမှန်ပါဘူး။

 

2:18 သက်တမ်း ၁ နှစ် ၂ နှစ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်တုန်းက ကားတွေ ဖြစ်လို့ ယခုအချိန် ‌အီးဗီရောင်းအားမှာ အကျုံးမဝင်တော့ပါဘူး။

သက်တမ်း အသစ်တွေပါလို့ ဆိုရင်တောင် တရုတ်ပြည်မှာ အီးဗီ သန်းချီနေတဲ့ အရေအတွက်မှာ ခောင်ဂဏန်း သောင်းဂဏန်းမျှ ထည်တွက်တ အကြောင်းမထူးလောက်ပါဘူး။

 

2:40 ဒီကားတွေက အသစ်တွေ မဟုတ်ပါဘူး။ သုံးပြီးသား ကားတွေပါ။ ကြမ်းခင်းပြား‌ေတွ၊ ဘူးခွံတွေ၊ ဆေးလိပ်ဘူးခွံတွေ ကားထဲမှာ တွေ့ရပါတယ်။ 

ကားမှာ ကပ်ထားတဲ့ စတစ်ကာများအရ ကားအငှား ကုမ္ပဏီများ၊ Uber လို အက်ပ်ဖြင့် တက္ကဆီ ဆွဲတဲ့ပုံစံဖြင့် တက္ကဆီ ကုမ္ပဏီများမှ ကားများ ဖြစ်ပါတယ်။ ကုမ္ပဏီ ဒေဝါလီခံတော့ ကျန်ခဲ့တဲ့ကားတွေ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မှတ်တမ်းဗီဒီယိုကို ပြန်လည်တင်ပြပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

 

3:18 BAIC နှင့် BJEV EC3 ကားမော်ဒယ်တွေကို ၂၀၁၇ မှာ ထုတ်လုပ်ခဲ့ပါတယ်။ 

car2go လို ကားအငှား ဝန်ဆောင်မှု အက်ပ်တွေက ငှားတဲ့သူက ငှားစီးတဲ့ကားကိုအက်ပ်ဖြင့် သော့ဖွင့်၊ စက်နှိုးပြီး မောင်းလို့ရပါတယ်။ ကားကို ပြန်အပ်ရင် အဆင်ပြေတဲ့ သတ်မှတ်နေရာတခုခုမှာ ရပ်ထားခဲ့ရုံပါပဲ။ 

3:43 ၂၀၁၆- ၁၇ ဝန်းကျင် တရုတ်ပြည်မှာ အရူးအမူး ရေပန်းစားခဲ့တဲ့စက်ဘီးတွေ ငှားရမ်းတဲ့ ပုံစံကို ကားအငှား ဝန်ဆောင်မှုမှာ သုံးစွဲခဲ့ကြတယ်။ ဒါပေမဲ့ ကားတွေမှာ စက်ဘီးလို မအောင်မြင်ခဲ့ဘူး။ တရုတ်မြို့ကြီးတွေမှာ ယာဉ်ကြောကျပ်နေတဲ့အခါ ကားစင်းလုံးငှားပြီး မောင်းသွားတာထက် မြေအောက်ရထား စီးတာက ပိုမြန်မြန် ရောက်တယ်။ ကားရပ်ဖို့ နေရာရဖို့ကလည်း မလွယ်ဘူး။

 

4:52 လူအများ ငှားစီးဖို့ အဆင်မပြေလို့  ငှားမစီးချင်တဲ့ ကားကို အငှားဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း ဖြစ်နေတယ်။ ချုံကင်းမြို့မှ car2go လုပ်ငန်းပြုတ်သည့် နည်းတူ ကားအငှားလုပ်ငန်းတွေ ဒေဝါလီခံကြရတယ်။

 

 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 4066 times