ကမ္ဘာ့နံပါတ်(၁) ဖြစ်လာနိုင်သည့် တရုတ်မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ


ကမ္ဘာ့နံပါတ်(၁) ဖြစ်လာနိုင်သည့် တရုတ်မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်မော်တော်ယာဉ််လုပ်ငန်းကဏ္ဍသည် ဂျပန်မော်တော်ကားလုပ်ငန်းကဏ္ဍကို ကျော်တက်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး မော်တော်ယာဉ််လုပ်ငန်းကဏ္ဍ ဖြစ်လာသည်။
မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာ ကြီးထွားလာခဲ့သည့် တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍအတွက် ထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းအနေဖြင့် အံ့မခန်းတိုးတက်မှုကို ရရှိရန်အတွက် အထောက်အကူဖြစ်စေသော အကြောင်းရင်းများ ရှိပါသည်။

အကြောင်းရင်းတစ်ခုမှာ တရုတ်နိုင်ငံသည် နှစ်ကာလ အတန်ကြာအောင် စီးပွားရေး ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရေမြင့်လျှင် ကြာတင့်သည့် ဆိုသည့်အတိုင်း ကားဝယ်စီးသူ ဦးရေ တဟုန်ထိုး များပြားလာခဲ့ပြီး တရုတ်မော်တော်ယာဉ််လုပ်ငန်းကဏ္ဍ ကြီးထွားဖို့ အခွင့်သာနေစေခဲ့သည်။ 

နောက်ထပ်တချက်မှာ စွမ်းအင်သစ်မော်တော်ယာဉ်လုပ်ငန်းကဏ္ဍအတွက် တရုတ်အစိုးရက ပံ့ပိုးကူညီမှုများ၊ ထောက်ပံ့မှုများ၊ အခွန်လျှော့ပေါ့ပေးခြင်း စသည့် လုပ်ဆောင်ချက်များဖြင့် တိုးတက်ကြီးထွားအောင် မြေတောင်မြှောက်ပေးခဲ့သည်။ 
တရုတ်ကားကုမ္ပဏီများတွင် ထိပ်တန်း ၁၀ စာရင်းဝင်သည့် ကားလုပ်ငန်းများသည် ပုံတူကူးချခြင်းအစား သုတေသနနှင့် ဖွံ့ဖြိုးရေးကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြသည်။ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ကားများ ထုတ်လုပ်နိုင်ခဲ့ကြသည်။ အစဉ်အလာကြီးမားသည့် ကားကုမ္ပဏီကြီးများကို နောက်မှာ ကျန်နေရစ်အောင် ချန်ထားနိုင်ခဲ့ကြသည်။

အားသာချက်မှာ ဈေးသက်သာခြင်း၊ ကားတွင် တမူထူးခြားသည့် လုပ်ဆောင်ချက်များ ပါခြင်းတို့ ဖြစ်သည်။ ဈေးသက်သာသာ ကားတွင် ပါလာမည်ဟု ထင်မထားသော လုပ်ဆောင်ချက်များကို ရရှိနေသည့်အတွက် တရုတ်စွမ်းအင်သစ်ကားများကို ဝယ်ယူကြသည်။ 

လက်ရှိ အလားအလာ လမ်းကြောင်းအရဆိုလျှင် တရုတ်ကားကုမ္ပဏီများသည် အနာဂတ်တွင် ကမ္ဘာ့နံပါတ် ၁ ဖြစ်လာနိုင်ဖွယ်ရှိသည်။ သို့သော် တရုတ်ကားကုမ္ပဏီများ ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများ ရှိနေသည်။ အဓိက စိန်ခေါ်မှုမှာ အမှတ်တံဆိပ် brand ကို အစဉ်အလာရှိအောင် လုပ်ဆောင်နိုင်ရေး ဖြစ်သည်။ တရုတ်ကားအမှတ်တံဆိပ်များသည် ပြည်ပဈေးကွက်များတွင် စိမ်းနေသေးသည်။ မကြားဖူးသည့် အမည်အမှတ်တံဆိပ်များ ဖြစ်နေသည်။ သို့ဖြစ်ရာ လူသိများပြီး မှတ်မိသော တရုတ်ကား အမှတ်တံဆိပ်များသည် ဈေးကွက်များကို ထိုးဖောက်နိုင်မည်ဖြစ်ပြီး ထိုသို့မဟုတ်သော အမှတ်တံဆိပ်များသည် ပြည်ပဈေးကွက်တွင် တွင်ကျယ်နိုင်မည်မဟုတ်ဟု သုံးသပ်ကြသည်။ 


Source nationthailand

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1491 times