တရုတ်နိုင်ငံ တစ်ပတ်ရစ်ကားစျေးကွက် ၂၀၂၃ တွင် ဦးမော့မည် မျှော်မှန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ၏ တစ်ပတ်ရစ်ကားစျေးကွက်သည် ယခုနှစ်အတွင်း တည်ငြိမ်စွာ ပြန်လည်ဦးမော့လာရန် မျှော်လင့်ထားပြီး ရောင်းအားပမာဏမှာ အစီးရေ သန်း ၂၀ အထိ ရှိလာနိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၌ တစ်ပတ်ရစ်ကားအစီးရေ ၁.၂၅ သန်းခန့် ရောင်းဝယ်ဖောက်ကားခဲ့သည်။ အရောင်းအဝယ် စုစုပေါင်း တန်ဖိုးမှာ ယွမ် ၇၈.၀၃ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၃၆ ဘီလီယံ) ရှိကြောင်း တရုတ်နိုင်ငံ မော်တော်ယဉ် ရောင်းဝယ်ရေး အသင်း China Automobile Dealers Association. က အချက်အလက် ထုတ်ပြန်သည်။
Click Here > HT-LT
ယမန်နှစ် ဇန်နဝါရီလထက် ၁၅.၉၃% လျော့နည်းသည်။
တရုတ်နှစ်ကူး နွေဦးပွဲတော်အတွင်း မိသားစုပြန်လည်ဆုံဆည်းရန်အတွက် မွေးရပ်မြေသို့ ပြန်ရန် အရောင်းဆိုင်အများစုသည် ဆိုင်ကို ရက်အတန်ကြာ ပိတ်ထားသောကြောင့် အရောင်းအ၀ယ်ကာလ တိုတောင်းသဖြင့် ရောင်းအားကျဆင်းသွားခြင်းဖြစ်သည်။ ယမန်နှစ်က ဖေဖော်ဝါရီလကျမှ တရုတ်နှစ်ကူးခဲ့သည်။
သို့ဖြစ်ရာ ဖေဖော်ဝါရီလတွင် ယမန်နှစ်ထက် ရောင်းအား ပိုများမည်ဟု ခန့်မှန်းထားသည်။
စစ်တမ်းအချက်အလက်များအရ တစ်ပတ်ရစ်ကားရောင်းဝယ်သူ ထက်ဝက်ခန့်သည် ယခုနှစ်ကုန်သွယ်မှုပမာဏ ၂၀ ရာခိုင်နှုန်းကျော် တိုးမည်ဟု မျှော်လင့်ထားကြပါသည်။
Source Xinhua