တရုတ်ပြည်မှာ အီးဗီ အကူးအပြောင်း မြန်ဆန်သဖြင့် ပြည်ပ ကားအမှတ်တံဆိပ်များ နောက်ကျကျန်ရစ်


တရုတ်ပြည်မှာ အီးဗီ အကူးအပြောင်း မြန်ဆန်သဖြင့် ပြည်ပ ကားအမှတ်တံဆိပ်များ နောက်ကျကျန်ရစ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံ စွမ်းအင်သစ်သုံး ကားများဆီသို့ လျင်မြန်စွာ ကူးပြောင်းရာတွင် တရုတ် ကားအမှတ်တံဆိပ်များသည် ရှေ့မှ ဦးဆောင်နေပါသည်။
.
Bernstein သည် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် တရုတ်နိုင်ငံရှိ ကားဝယ်စီးသူ ၁၅၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့သည်။
တရုတ်ပြည်တွင် လျှပ်စစ်ကားများကို ဝယ်ယူသည့်အခါ BYD ကို အရင်ဆုံး စဉ်းစားသည်ဟု စစ်တမ်းရလဒ် ရရှိသည်။ ဒုတိယနေရာတွင် Tesla ရှိနေပြီး Nio သည် တတိယနေရာတွင် ရှိနေသည်။
.
ယခုနှစ် ပထမ ၉ လအတွင်း Volkswagen တရုတ်ပြည် ရောင်းအားသည် ၂၀၁၂ ခုနှစ်နောက်ပိုင်း အနည်းဆုံး ဖြစ်ခဲ့သည်။
.
 လျှပ်စစ်ကားများ စျေးကွက်သို့ ကူးပြောင်းရာတွင် ရုန်းကန်နေရသော Toyota သည် အစီးရေ ၁.၈ သန်းခန့်သာ ရောင်းချနိုင်ခဲ့သည်။  ၂၀၂၀ ပြည်နှစ် နောက်ပိုင်း တရုတ်ပြည် ရောင်းအား အဆိုးဝါးဆုံး ဖြစ်သည်။
.
Nissan သည်လည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း တရုတ်ကားဈေးကွက်တွင် ရောင်းအား အဆိုးရွားဆုံးနှစ် ဖြစ်နေသည်။

အလားတူပင် Hyundai သည်လည်း ရောင်းအား ဆိုးဆိုးဝါးဝါး ဖြစ်နေသည်။
 

အင်ဂျင်ကားများကို ကျောခိုင်းပြီး ဘက်ထရီသုံး အီးဗီများ၊ ဟိုက်ဘရစ် အီးဗီးများဆီသို့ လျင်မြန်စွာ ရောက်ရှိသွားစဉ် အီးဗီ ထုတ်လုပ်သည့် BYD နှင့် Tesla တို့က ဦးဆောင်သူများ ဖြစ်နေသည်။

ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် စွမ်းအင်သစ်သုံးကားများသည် ယခုနှစ်အတွင်း နိုင်ငံတွင်းရောင်းချသည့် အိမ်စီးကားသစ်များ၏ သုံးပုံတစ်ပုံကျော် ရှိသည်။

Volkswagen သည် တရုတ်ကားဈေးကွက်တွင် တစ်နှစ်လျှင် အစီးရေ ၃ သန်း ဝန်ူကျင် ရောင်းချပြီး ရောင်းအား ထိပ်တန်း(၁၀) စာရင်း၏ ထိပ်ပိုင်းတွင် ရရှိထားသည့်နေရာကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း လျှပ်စစ်ကားများ အပိုင်းအကန့်တွင် ရောင်းအား အခြေအနေ မကောင်းသေးသည်ကို ဖြေရှင်းအတွက် ဇူလိုင်လတွင် VW သည် တရုတ်ဈေးကွက်အတွက် အီးဗီ မော်ဒယ် ၂ မျိုးကို အတူပူးပေါင်း ထုတ်လုပ်ရန်အတွက် တရုတ်လျှပ်စစ်ကားလုပ်ငန်း Xpeng တွင် ဒေါ်လာသန်း ၇၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။

ရှန်ကျန်းအခြေစိုက် ကုမ္ပဏီ BYD သည် ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၁ သန်းကျော်သည်အထိ ပထမဆုံးအကြိမ် ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်တွင်  ကားအစီးရေ ၂.၅ သန်း ရောင်းချနိုင်ခဲ့သည်။

အင်ဂျင်ကားများတွင် ပြည်ပမှ ကားအမှတ်တံဆိပ်များ လူကြိုက်များခဲ့သော်လည်း လျှပ်စစ်ကားများတွင် Tesla မှတပါး အခြား ပြည်ပကားအမှတ်တံဆိပ်များ ရေပန်းမစားချေ။ 
သို့ဖြစ်ရာ ဂျပန်မှ တိုယိုတာ၊ ဟွန်ဒါ၊ နီဆန်းတို့ ရောင်းပန်းမလှကြချေ။ 
ဂျာမနီမှ ကားအမှတ်တံဆိပ်များကိုလည်း စိတ်ဝင်စားမှု လျော့ကျသည်။


ပရီမီယံတန်းမှာလည်း တရုတ်ကားအမှတ်တံဆိပ်များ နေရာ ဝင်ယူလာကြသည်။ 
BYD က ပရီမီယံတန်းမှာ Denza N7 ကို ထုတ်လုပ်သည်။ 
ယွမ် ၁ သန်း ($138,000 အထက်) အတန်းအစားအတွက် အကြီးစား တင်းပြည့်ကျပ်ပြည့် အရွယ်အစားဖြင့် U8 SUV ကို Yangwang အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည်။
“ဒီနှစ်မှာ ပြိုင်ဆိုင်မှုတွေ များတယ်လို့ ဆိုရင်  နောက်နှစ်မှာ ပိုများမယ်”ဟု Geely ၏ အီးဗီ အမှတ်တံဆိပ် Zeekr ၏ အကြီးအကဲ An Conghui က ပြောကြားခဲ့သည်။

Zeekr က လျှပ်စစ် အိမ်စီးပြိုင်ကား မော်ဒယ် 001 FR ကို ထုတ်လုပ်ရောင်းချသည်။ ဈေးနှုန်းက Tesla Model S Plaid ထက် သက်သာသည်။

001 FR ကို ငါးနှစ်အတွင်း မည်သည့်ကားကုမ္ပဏီမှ ပုံတူကူးချနိုင်မည်မဟုတ်ကြောင်း An က အခိုင်အမာ ပြောဆိုသည်။

တရုတ်ကားအမှတ်တံဆိပ်များ၏ ယှဉ်ပြိုင်နိုင်စွမ်းသည် ပြည်ပဈေးကွက်များသို့ ရောက်ရှိလာသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နှင့် ဂျာမနီတို့ကို ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ကားတင်ပို့သူ ဖြစ်လာရန် လမ်းကြောင်းပေါ် ရောက်နေပါသည်။

Source cnbc
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3605 times