ဩဂုတ်လ ၃ ပတ်တာ တရုတ်ပြည်တွင်း အိမ်စီးကား ရောင်းအား BYD ဦးဆောင်
တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA) မှ ဗုဒ္ဒဟူးနေ့ (ဩဂုတ် ၂၄) မှာ ထုတ်ပြန်တဲ့အချက်အလက်များအရ စွမ်းအင်သစ် မော်တော်ယာဉ် New Energy Vehicle (NEV)တရုတ်ပြည်တွင်း ဩဂုတ်လ ပထမ ၃ ပတ် ရောင်းအားမှာ BYD က ၉၇,၀၉၁ စီး ရောင်းချခဲ့ပြီး အရောင်းရဆုံး ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ သတ်မှတ်ချက်အရ စွမ်းအင်သစ် မော်တော်ယာဉ် မှာ ဘက်ထရီသုံး လျှပ်စစ်ကား battery electric vehicle BEV အမျိုးအစားအပြင် ပလပ်ထိုးဟိုက်ဘရစ်ကားplug-in hybrid electric vehicle PHEV အမျိုးအစားလည်း အကျုံးဝင်ပါတယ်။
Tesla က ၁၆ ရက်မှ ၂၁ ရက် ကာလအတွင်း ရောင်းအား လျော့နည်းခဲ့ပြီး ဩဂုတ်လ ပထမ၃ ပတ် ရောင်းအား ၁၇,၄၈၉ စီး ရှိပါတယ်။ NIO နှင့် XPeng တို့က ထုတ်လုပ်စီးရေ လျော့ကျလို့ ရောင်းအားလည်း လျော့နည်းခဲ့ကြပါတယ်။ အင်္ဂါနေ့မှာ XPeng က ၂၀၂၂ ဒုတိယ ၃ လပတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ တတိယ ၃ လပတ်မှာ စီးရေ ၂၉,၀၀၀~၃၁,၀၀၀ ထုတ်လုပ်ဖို့ လျာထားပါတယ်။ ဒုတိယ ၃လပတ်မှာ စီးရေ ၃၄,၄၃၃ ထုတ်လုပ်ခဲ့တာထက် နည်းနေတာကြောင့် ရှယ်ယာဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဩဂုတ်လ တတိယပတ် တရုတ်ပြည်တွင်းဈေးကွက်မှာ စွမ်းအင်သစ် မော်တော်ယာဉ် ၁၀၄,၀၀၀ ရောင်းချခဲ့ပါတယ်။ ဒုတိယသီတင်းပတ်ထက် ၉.၂၀% ပိုများပါတယ်။ အီးဗီစစ်စစ် မော်ဒယ်တွေချည်း ကြည့်မယ်ဆိုရင် စီးရေ ၇၉,၆၀၀ ရောင်းချခဲ့ပါတယ်။ လောင်စာဆီသုံးအင်ဂျင်ကားတွေလည်း ရောင်းအားတက်ပါတယ်။ တတိယ သီတင်းပတ်မှာ ဒုတိယ သီတင်းပတ်ထက် ၁၄.၅% ပိုများကြောင်း တရုတ်နိုင်ငံ အိမ်စီးကား အသင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
BYD Tang EV (Credit: BYD)
BYD က ဇွန်လမှာ စွမ်းအင်သစ်ကား စီးရေ ၁၃၃,၇၆၂ ရောင်းချခဲ့ပါတယ်။ ဇူလိုင်လမှာ ၁၆၂,၂၁၆ စီး ရောင်းချခဲ့ပြီး လျှပ်စစ်ကားစစ်စစ် BEV စီးရေ ၈၀,၉၉၁ ပါဝင်ပါတယ်။ Tesla က ဩဂုတ်လ ပထမသီတင်းပတ်မှာ ၆,၇၀၀ စီး ရောင်းချခဲ့ပြီး ဒုတိယသီတင်းပတ်မှာ ၃,၆၂၀ စီး ရောင်းချခဲ့ပါတယ်။ ဩဂုတ်လ ၁၆ ရက်မှ ၂၁ ရက်အထိ ၃,၆၂၀ စီး ရောင်းချခဲ့ပါတယ်။
တတိယပတ်မှာ Tesla ကားစက်ရုံ တည်ရှိရာ ရှန်ဟိုင်းမြို့မှာ အရေးပေါ် ဓာတ်အားချွေတာရေး စီမံချက် လုပ်ဆောင်ခဲ့လို့ စက်ရုံတွေ ပိတ်ခိုင်းထားတဲ့အပြင် အိမ်သုံးဓာတ်အား သုံးစွဲမှု လျှော့ချဖြတ်တောက်ခဲ့ပါတယ်။ ညဘက် အလှဆင်မီးများအားလုံးပိတ်ထားခဲ့ပါတယ်။
Tesla ရောင်းအားလည်း ကျဆင်းခဲ့ပါတယ်။
GigaShanghai (Credit: Tesla)
ဇုလိုင်လမှာ Tesla က စီးရေ ၂၈,၂၁၇ ပေးပို့ခဲ့ရာမှာ ပြည်ပသို့ ၁၉,၇၅၆ စီး ပေးပို့ခဲ့ပါတယ်။ အဆင့်မြှင့်တက်ဖို့ Tesla GigaShanghai စက်ရုံမှာ ထုတ်လုပ်မှု ၃ ကြိမ်တိုင်တိုင် ရပ်နားထားခဲ့ပါတာကြောင့် ဇွန်လ ထုတ်လုပ်မှုထက် ၆၄% လျော့နည်းခဲ့ပါတယ်။ "၃လပတ်ရဲ့ ပထမတစ်ဝက်မှာ Tesla က ပြည်ပတင်ပို့မယ့် ကားများကို ထုတ်လုပ်မှာ ဖြစ်ပြီး ဒုတိယတစ်ဝက်မှာ ပြည်တွင်းအတွက် ထုတ်လုပ်ပါမယ်" လို့ တရုတ်လူမှုကွန်ရက် Weibo မှာ Tesla ရဲ့ စီအီးအို အီလွန်မတ်စ်က တင်ပြခဲ့ပါတယ်။
တရုတ် အီးဗီထုတ်လုပ်ရေးလုပ်ငန်း Guangzhou Automobile Corp (GAC) ရဲ့ AION က ယခုလ ပထမလဝက်မှာ ၉,၁၂၇ စီး ရောင်းချခဲ့ပါတယ်။ တတိယသီတင်းပတ်မှာ ၅,၄၁၅ စီး ရောင်းချခဲ့ပါတယ်။ စုစုပေါင်း ၁၄,၅၇၈ စီး ရောင်းချခဲ့ပါတယ်။
ကားထုတ်လုပ်ရေးလုပ်ငန်းအလိုက် ရောင်းအားစီးရေ (ဩဂုတ် ၁- ၂၁)
1. BYD 97,091
2. Tesla 17,489 *
3. GAC Aion 14,578
4. Chery 8,756
5. NIO 6,140
6. XPeng 6,031
7. Hozon Neta 5,884
8. Sokon 4,102
9. Leap Motor 3,839
10. LI Auto 2,760
(*) ပြည်ပတင်ပို့မှု မပါပါ။
ဩဂုတ်လ ပထမ ၃ ပတ်အတွင်း ရောင်းအားမှာ Chery က ၈,၇၄၆ စီး ၊ NIO က ၆,၀၄၁ စီး၊ XPeng က ၆,၀၃၁ စီး ရောင်းချခဲ့ပါတယ်။
NIO ES7 (Credit: Edison Acu)
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U