ဥရောပတွင် တရုတ်အီးဗီးဗင် Maxus ရောင်းအားမြင့်မား


ဥရောပတွင် တရုတ်အီးဗီးဗင် Maxus ရောင်းအားမြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဥရောပတွင်  အနောက်တိုင်းမှ အစဉ်အလာ ရှိထားသည့်  ကားထုတ်လုပ်သူများသည် လုပ်ငန်းသုံး လျှပ်စစ်ဗင်ကားများ စတင်ထုတ်လုပ်ရန် နောက်ကျနေသဖြင့်  တရုတ်နိုင်ငံမှ SAIC Motor Corp ၏ brand တစ်ခု ဖြစ်သော Maxus လုပ်ငန်းသုံး လျှပ်စစ်ဗင်ကားများ ရောင်းအား မြင့်မားခဲ့သည်။ 
 ဥရောပမှ မော်တော်ယာဉ်စုဖြင့် လုပ်ငန်းလည်ပတ်ရသော ကုမ္ပဏီများသည် Ford Motor Co , Mercedes, Stellantis NV ၏ brand များဖြစ်သော Peugeot, Renault တို့ထံမှ လုပ်ငန်းသုံး လျှပ်စစ်ဗင်များ လိုသလောက် အလုံအလောက် မရနိုင်ကြချေ။ သို့ဖြစ်ရာ Maxus လုပ်ငန်းသုံး လျှပ်စစ်ဗင်ကားများ ဝယ်ယူသုံးစွဲလိုက်ကြသည်။
 
ယူကေမှ အိမ်တိုင်ရာရောက် ပစ္စည်းပို့သည့် လုပ်ငန်း Packfleet သည် လုပ်ငန်းသုံး လျှပ်စစ်ဗင်electric commercial vehicle (ECV) ကိုသာ သုံးစွဲသည်။ ဓာတ်ဆီနှင့် ဒီဇယ်ဆီ သုံးသည့် ကားများကို လုံးဝ အသုံးမပြုချေ။
Packfleet ၏ ECV များတွင် ဗင် ၅၃ စီးရှိပြီး အများစုသည် Maxus ဗင်ကားများ ဖြစ်သည်။ ယခုနှစ်တွင် ဗင်ကားစီးရေ ၂ ဆတိုးမည်ဟု စီအီးအို Tristan Thomas က ပြောကြားသည်။ 

ကုမ္ပဏီသည် ECV ပထမအသုတ်ကို ၂၀၂၁ တွင် ဝယ်ယူရန် ကားအရောင်းကိုယ်စားလှယ်များထံ စုံစမ်းမေးမြန်းသောအခါ 'ပေါက်ပေါက်ရှာရှာ' ဟု ရယ်မောကြသည်။ အစဉ်အလာရှိသည့် ကား brand များထံ မှာကြားပါက အနည်းဆုံး ၁၂ လ စောင့်ရမည်။
မကြာသေးခင်ကမှ Peugeot, Ford, Citroen တို့ ထုတ်လုပ်သည့် ECV များ Packfleet ဝယ်ယူရရှိခဲ့သော်လည်း လက်သွက်မှ ကားရနိုင်မည်။ "ဗင်ကားတွေရောက်လာတာနဲ့ အရောင်းကိုယ်စားလှယ်တွေက ကျွန်တော်တို့ကို ဖုန်းဆက်အကြောင်းကြားတယ်။ မြန်နိုင်သမျှ မြန်မြန် ငွေပေးချေပြီး အလုအယက် ဝယ်ရတယ်။ လက်နှေးနေရင် သူများဆီပါသွားရော" ဟု Thomas က ပြောကြားသည်။
ထုတ်လွှတ်မှု သုည zero-emission မော်တော်ယာဉ်များကိုသာ သုံးစွဲလိုသူများအတွက် brand အသစ်များမှာ ဗင်ကားများ အသင့်ရှိနေသည်။ ထိုအားသာချက်ကြောင့်  brand အသစ်တစ်ခုဖြစ်သော Maxus သည် အစဉ်အလာရှိသည့် brand များက မဖြည့်ဆည်းပေးနိုင်သည်ကို ဖြည့်ဆည်းပေးပြီး ခြေကုပ် အခိုင်အမာ ရယူနိုင်ခဲ့သည်။ 

 

SAIC သည် ယမန်နှစ်တွင် အနောက်ဥရောပနှင့် စကင်ဒီနေးဗီးယားတို့တွင် လျှပ်စစ်ဗင်အပြင် လျှပ်စစ်ဘတ်စ်နှင့် လျှပ်စစ်ပစ်ကပ်ထရပ်များအပါအဝင်  Maxus အမှတ်တံဆိပ် ကားအစီးရေ ၁၈,၀၀၀ ဝန်းကျင် ရောင်းချခဲ့ကြောင်း ပြောကြားသည်။ Ford, Nissan, Fiat တို့ အသီးသီး ရောင်းချခဲ့သည့်  ECV  စီးရေထက် ပိုများသည်။  ယူကေတွင် စီးရေ ၅,၀၀၀ နီးပါး ရောင်းချခဲ့သည်။ 
 “ဥရောပအလယ်ပိုင်းဒေသတွေမှာ ထပ်ပြီးတိုးချဲ့ဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားသည်။

 


.
Geely ကလည်း ဗင်ကး အမှတ်တံဆိပ် Farizon ကို ဥရောပတွင် ၂၀၂၄ ခုနှစ်မှာ စတင်ရောင်းချနိုင်ရန် စီစဉ်နေသည်။ 

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 251 times