တရုတ်ကားဈေးကွက် တန်းမြင့် အိမ်စီးကားများ ၂၀၂၂ တွင် ရောင်းအား ၁၁.၁ ရာခိုင်နှုန်း မြင့်တက်


တရုတ်ကားဈေးကွက် တန်းမြင့် အိမ်စီးကားများ ၂၀၂၂ တွင် ရောင်းအား ၁၁.၁ ရာခိုင်နှုန်း မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံတွင် အဆင့်မြင့် အိမ်စီးကား ရောင်းချမှုသည် ၂၀၂၂ ခုနှစ်တွင် ပုံမှန်အားဖြင့် တိုးလာခဲ့သည်။
တန်းမြင့်အိမ်စီးကား စီးရေ ၃.၈၉ သန်း ရောင်းချခံ့သည်။ ၂၀၂၁ ထက် ၁၁.၁% ပိုများသည်ဟု တရုတ်နိုင်ငံ မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers က အချက်အလက် ထုတ်ပြန်ကြေညာသည်။
 ၂၀၂၂ အိမ်စီးကား ရောင်းအား၏ ၁၆.၅% သည် တန်းမြင့်အိမ်စီးကားများ ဖြစ်သည်။ 

ယွမ် ၅ သိန်း (အမေရိကန်ဒေါ်လာ ၇၄,၀၀၀ ခန့်) အထက် ရောင်းဈေးနှုန်းရှိသည့် ဓာတ်ဆီအင်ဂျင်သုံး ကားများ ရောင်းအားသည် ၂၀၂၂ တွင် ၂၀၂၁ ထက် ၄၁.၂ % ပိုများခဲ့သည်။
ရောင်းဈေးနှုန်း ယွမ် ၃ သိန်းခွဲနှင့် ၄ သိန်းကြား ရှိသည့် စွမ်းအင်သစ် အိမ်စီးကားများ ရောင်းအားသည် ၂၀၂၂ တွင် ၂၀၂၁ ထက် ၁၆၇ % ပိုများခဲ့သည်ဟု အသင်းက ပြောကြားသည်။


 



 

Read 260 times