တရုတ်နိုင်ငံမှာ  အီးဗီ စျေးနှုန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားဖွယ်ရှိ


 တရုတ်နိုင်ငံမှာ  အီးဗီ စျေးနှုန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားဖွယ်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယခင် အကြီးအကျယ် ဈေးချပြီး ရောင်းခဲ့ကြသည့် လျှော့စျေးများသည် ရောင်းအား တက်မလာသောကြောင့် တရုတ်ပြည်မှ မော်တော်ကားစျေးကွက်တွင် စျေးနှုန်းစစ်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ဖွယ်ရှိသည်။
တရုတ်ပြည်မှ ကားထုတ်လုပ်သူအများစုအတွက် ၀င်ငွေ ကျဆင်းမည့် အလာအလာ ရှိနေစေသည်။

စားသုံးသူများသည် ချွေတာရမည်ဟု  သတိရှိသောကြောင့် ကားဝယ်ရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။ ထို့ပြင် နောက်ထပ် ဈေးထပ်ချနိုင်သေးသည်ဟု ထင်ကြေးဖြင့် စောင့်နေကြသည်။ 
ကားထုတ်လုပ်သူများသည် လက်ထဲမှ လက်ကျန်ကားများကို ရှင်းထုတ်ကြရမည် ဖြစ်သဖြင့် ဈေးချပြီး ရောင်းချရမည့် အလားအလာ ရှိနေသည်။ သို့ဖြစ်ရာ ဈေးနှုန်းစစ်ပွဲ ဆက်ရှိနေဦးမည်ဟု ယူဆကြသည်။

အဓိက ကားထုတ်လုပ်သူများ၊ အထူးသဖြင့် အီးဗီ ထုတ်လုပ်သူများသည် ယခုနှစ် ရောင်းအား ရည်မှန်းချက်များကို မြှင့်ထားကြသဖြင့် မြင့်မားသည့် အစီးရေ ရောင်းချနိုင်ဖို့ ကြိုးပမ်းနေကြရသည်။
“ဧပြီလက စျေးနှုန်းစစ်ပွဲက စျေးကွက် ပျက်စေခဲ့ပါတယ်” ဟု ရှန်ဟိုင်း အခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ Automotive Foresight မှ မန်နေးဂျင်းဒါရိုက်တာ Yale Zhang က ပြောကြားခဲ့သည်။
"ကံမကောင်းတာက ဈေးချ ပေးပေမဲ့လည်း ရောင်းအားက တက်မလာဘူး။ ဒီတော့ ရှေ့လျှောက် ရောင်းအား ကောင်းမယ်ဆိုတာကို ကားထုတ်လုပ်သူတွေ စိတ်ချလက်ချ မဖြစ်ကြတော့ဘူး" ဟု ၎င်းက ပြောကြားသည်။

တရုတ် အီးဗီထုတ်လုပ်သူအများစုသည် ၂၀၂၃ ခုနှစ်တွင် ရောင်းချစီးရေ ယမန်နှစ်ထက် ၆၀% တိုးလာမည်ဟု ခန့်မှန်းထားသည်။

တရုတ်ပြည်တွင် ယခုနှစ် အီးဗီရောင်းအား စီးရေ ၈.၈ သန်း ရှိမည်ဟု မျှော်လင့်ထားသည်။ ယမန်နှစ်ထက် ၃၅% ပိုများမည်။

Tesla သည် ရှန်ဟိုင်းတွင် ထုတ်လုပ်သည်ြ Model 3 နှင့် Model Y တို့ကို အကြိမ်ကြိမ် ဈေးချပြီး စျေးနှုန်းစစ်ပွဲကို ဦးဆောင်ခဲ့သည်။ ယမန်နှစ် အောက်တိုဘာလတွင် တစ်ကြိမ် ဈေးချသည်။ ယခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ် ဈေးထပ်ချသည်။ ရှန်ဟိုင်းကားစက်ရုံ စတင်လည်ပတ်သည့် ၂၀၁၉ နှစ်ကုန်မှစ၍ ယခုအထိ ဈေးအနည်းဆုံး စံချိန်သစ် တင်သည်။

Xpeng, BYD, Huawei Technologies Co ကျောထောက်နောက်ခံပြုထားသည့် Aito တို့ကလည်း ၎င်းတို့၏ အီးဗီမော်ဒယ်များကို ဈေးချခဲ့ကြသည်။
ဓာတ်ဆီအင်ဂျင်ကားများ ထုတ်လုပ်သည့် Dongfeng Honda Automobile ၊ Volkswagen ၏ တရုတ်ပြည်မှ ဖက်စပ်လုပ်ငန်းများကလည်း  လက်ထဲ ကားလက်ကျန်နည်းအောင် ရောင်းအားမြှင်တင်ဖို့ ဈေးချပြီး ရောင်းချကြသည်။
BYD ကလည်း ဈေးချပြီး ရောင်းသည်။
သို့သော် ဈေးချရောင်းခြင်းကြောင့် ရောင်အား မဆိုစလောက်သာ မြင့်တက်သည်။
ဧပြီလ ရောင်းအားသည် မတ်လထက် ၃.၆% လျော့ကျသည်။ စီးရေ ၅၂၇,၀၀၀ ရောင်းချခဲ့သည်။

ဈေးနှုန်းစစ်ပွဲသည် ဇူလိုင်လအထိ ကြာမြင့်မည်ဟု Huanghe Science and Technology College မှ ဧည့်ပါမောက္ခ David Zhang က ခန့်မှန်းထားသည်။
ထိုအချိန်တွင် အချို့သော ကားကုမ္ပဏီများသည် အမြတ်အစွန်းနည်းပါးစေသည့် လျှော့စျေးများပေးခြင်းကို ရပ်တန့်ကြရမည်ဟု ၎င်းက ပြောကြားသည်။
ဈေးထပ်လျော့လျှင် အရှုံးခံပြီး ရောင်းရတော့မည် အခြေအနေ ဆိုက်ရောက်နေသည်။ သို့ဖြစ်ရာ ပုံမှန်ဈေးနှုန်းများဖြင့် ပြန်ရောင်းကြလိမ့်မည်။

Source SCMP
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 297 times