၂၀၂၃ ပထမ ၈ လ တရုတ်ကား အများဆုံး တင်ပို့ခဲ့သည့် ထိပ်တန်း(၁၀) နိုင်ငံ


၂၀၂၃ ပထမ ၈ လ တရုတ်ကား အများဆုံး တင်ပို့ခဲ့သည့် ထိပ်တန်း(၁၀) နိုင်ငံ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၃ ခုနှစ် ဩဂုတ်လ တစ်လတာတွင် တရုတ်နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှုသည် အစီးရေ ၄၃၆,၀၀၀ အထိ ရောက်ရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပထမ ၈ လအတွင်း တရုတ်နိုင်ငံ၏ မော်တော်ကား အစီးရေ ၃.၂၂ သန်း တင်ပို့ခဲ့သည်။

၂၀၂၃ ခုနှစ် ပထမ ၈ လ တရုတ်ကား အများဆုံး တင်ပို့ခဲ့သည့် ထိပ်တန်း(၁၀)နိုင်ငံများသည် ပထဝီဝင်နိုင်ငံရေး တင်းမာမှု ကင်းရှင်းသည့် နိုင်ငံများဖြစ်သည်။
တရုတ်ကား အများဆုံး တင်ပို့ခဲ့သည့် ထိပ်တန်း(၁၀)နိုင်ငံများစာရင်းတွင် ရုရှားနိုင်ငံသည် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။
ယူကရိန်း ကျူးကျော်စစ်ကြောင့် အစဉ်အလာရှိသည့် ကားကုမ္ပဏီများ ပိတ်သိမ်းပြီး ရုရှားမှ ထွက်ခွာသွားသည့်အခါ ဈေးကွက်ထဲ လစ်ဟာနေသည့် နေရာကို တရုတ်ကားများ နေရာဝင်ယူနိုင်ခဲ့ကြသည်။ ၂၀၂၃ ဩဂုတ်လတွင် အစီးရေ ၈ သိန်း  တင်ပို့ခဲ့သည်။
တရုတ်ကားလုပ်ငန်းများသည် အမေရိကန်နိုင်ငံ၏ အိမ်နီးနားချင်း မက္ကဆီကိုနိုင်ငံသို့ ဒုတိယ အများဆုံး တင်ပို့ခဲ့ကြသည်။
ဥရောပမှ ဘယ်လဂျီယံနိုင်ငံသို့ တတိယအများဆုံး တင်ပို့ခဲ့ကြသည်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ တရုတ်နိုင်ငံ ကားတင်ပို့သည့် ထိပ်တန်း (၁၀) နိုင်ငံစာရင်း

နိုင်ငံ အစီးရေ

ရုရှား  ၅၄၄,၀၀၀
 မက္ကဆီကို  ၂၅၇,၀၀၀
 ဘယ်လ်ဂျီယံ  ၁၅၅,၀၀
 ဩစတြေးလျ  ၁၅၄,၀၀၀
 ဆော်ဒီအာရေဗျ  ၁၃၄,၀၀၀
ယူကေ  ၁၃၂,၀၀၀
 ထိုင်း  ၁၀၅,၀၀၀
 ဖိလစ်ပိုင်   ၁၀၀,၀၀၀
ယူအေအီး   ၉၈,၀၀၀
 စပိန်   ၉၀,၀၀၀
 အခြား   ၁,၄၄၈,၀၀၀


 တရုတ်နိုင်ငံမှ ပြည်ပသို့ ကားတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့ရာ ၂၀၂၁ ခုနှစ် စီးရေ ၁ သန်းကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။
၂၀၁၃ မှ ၂၀၁၆ တွင် ကမ္ဘာ့စီးပွားရေး အကျဘက်သို့ ရောက်နေစဉ် တရုတ်ကားများ တင်ပို့သည့်ပမာဏ သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း ပြန်လည်ဦးမော့လာခဲ့သည်။ 
၂၀၂၁ ခုနှစ်တွင် စီးရေ ၂ သန်းကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။
၂၀၂၂ ခုနှစ်တွင် စီးရေ ၃ သန်းကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။

ခုနှစ်    စီးရေ(သန်း)

2013    0.95 
2014    0.95    
2015    0.76    
2016    0.81    
2017    1.06    
2018    1.17    
2019    1.24
2020    1.08    
2021    2.19
2022    3.40
 
Source: Cui Dongshu

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1039 times