တရုတ်နိုင်ငံမှ BYD ဂျပန်နိုင်ငံတွင် အီးဗီ ရောင်းချမှု စတင်


တရုတ်နိုင်ငံမှ BYD ဂျပန်နိုင်ငံတွင် အီးဗီ ရောင်းချမှု စတင်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ဂျပန်နိုင်ငံတွင် ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက်တွင်  လျှပ်စစ်ကားများကို စတင်ရောင်းချခဲ့သည်။

 ကမ္ဘာ့စတုတ္ထအကြီးဆုံး မော်တော်ကားစျေးကွက် ဖြစ်သည့် ဂျပန်ကားဈေးကွက်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းအီးဗီ ရောင်းချသူ BYD ၏ ပွဲဦးထွက် ခြေလှမ်းသည် ဂျပန်ကားဈေးကွက်ထဲ ခြေကုပ်ရယူရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။
 
BYD Auto Japan ၏ ဥက္ကဌ Atsuki Tofukuji က "ကျွန်တော်တို့ရဲ့ကားများကို ဂျပန်ဝယ်လက်များထံ ယူဆောင်လာရခြင်းအတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်" ဟု ပြောကြားသည်။ 

 


BYD ၏ ပထမဆုံး ဂျပန်အရောင်းပြခန်းကို တိုကျိုမြို့တောင်ဘက် ဆိပ်ကမ်းမြို့ကြီးဖြစ်သော ယိုကိုဟားမားတွင် ၂၀၂၃ ဖေဖော်ဝါရီလ ၂ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။
ဂျပန်နိုင်ငံတွင် စတင်ရောင်းချသည့် နာမည်ကြီးမော်ဒယ် Atto 3 အလယ်အလတ်တန်းစား SUV   ယန်း ၄.၄ သန်း ($33,800) ဖြင့် ရောင်းချပါသည်။ 
ယခုအခါ အမှာစာ လက်ခံနေပြီး မတ်လတွင် ကားအပ်နှံပါမည်။

BYD က ၂၀၂၅ နှစ်ကုန်တွင် ဂျပန်နိုင်ငံမှာ အရောင်းပြခန်း ၂၀ ခု၊ အရောင်းကိုယ်စားလှယ် ၁၀၀ ကျော်အထိ ထားရှိရန် ရည်မှန်းထားပါသည်။
အရောင်းကိုယ်စားလှယ်တိုင်းထံတွင် 50-kilowatt အမြန်အားသွင်းစက်များ ထားရှိပေးထားမည်။ မိနစ် ၆၀ ခန့်ဖြင့် Atto 3 ကို အားသွင်းပေးနိုင်မည်ဖြစ်သည်။
Source Asia nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2954 times