အာရှဈေးကွက်ထဲ ဝင်ရောက်လာသည့် တရုတ်အီးဗီလုပ်ငန်းများ


အာရှဈေးကွက်ထဲ ဝင်ရောက်လာသည့် တရုတ်အီးဗီလုပ်ငန်းများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သူများသည် ပိုမိုကျယ်ပြန့်သော အာရှဈေးကွက်ကို အာရုံစိုက်ကြသည်။

အာရှသည် တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားများအတွက် စျေးကွက်အသစ်  ဥရောပအပြင် နောက်ထပ်စျေးကွက်အသစ်တစ်ခု ဖြစ်သဖြင့်  တရုတ်ကားထုတ်လုပ်သူများသည် နောက်ဆုံးထုတ်‌ေမာ်ဒယ်များဖြင့် အာရှဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်ကြသည်။  ဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ကြသည်။

 

Aiways

တရုတ်အီးဗီထုတ်လုပ်သူ Aiways သည် ထိုင်းနိုင်ငံ အခြေစိုက် Phoenix EV ထံမှ ငါးနှစ်ကာလအတွင်း အီးဗီစီးရေ ၁၅၀,၀၀၀ ဝယ်ယူရန် အမှာစာ လက်ခံရရှိခဲ့သည်။ တရုတ်နိုင်ငံမှ အီးဗီလုပ်ငန်းများအဖို့ စီးရေ အများဆုံး စံချိန်တင်သည့် အမှာစာ ဖြစ်သည်။

ကနဦးအနေဖြင့် စီးရေ ၁ သိန်း ပေးသွင်းရမည် ဖြစ်ပြီး ကျန်သည့် ၅၀,၀၀၀ ကျော်ကို ထပ်မံညှိနှိုင်းမည် ဖြစ်သည်။

ကားအရောင်းနှင့် ကားပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုအတွက် ကုမ္ပဏီ နှစ်ခုတို့က ဖက်စပ်လုပ်ငန်း ထူထောင်ရန်အတွက်လည်း စီစဉ်နေသည်။ အားသွင်းရုံများ၊ ဘက်ထရီလဲလှယ်ရုံများ ထူထောင်မည် ဖြစ်သည်။
Aiways သည် စင်ကာပူနှင့် လာအိုတို့တွင်လည်း လုပ်ငန်းလည်ပတ်လျက် ရှိသည်။

 

Hozon

တရုတ်အီးဗီထုတ်လုပ်သူ Hozon သည် ကမ္ဘာဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့ရာ၌ ထိုင်းနိုင်ငံတွင် အာဆီယံအတွက် ထုတ်လုပ်ရေး အချက်အချာ ထူထောင်မည့် အစီအစဉ် ရေးဆွဲထားသည်။ Hozon ၏ brand ဖြစ်သော Neta ဖြင့် အီးဗီများကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်မည် ဖြစ်သည်။ 
Neta V crossover ဖြင့် ဩဂုတ်လတွင် ထိုင်းဈေးကွက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး စွမ်းအင်လုပ်ငန်း PTT နှင့် အတူလက်တွဲပြီး အားသွင်းရုံများ ထုတ်လုပ်လုပ်ခြင်းနှင့် အားသွင်းရုံများ တပ်ဆင်ထားရှိခြင်းတို့ကို ထိုင်းနိုင်ငံတွင် လုပ်ကိုင်မည် ဖြစ်သည်။ 

စက်တင်ဘာလတွင် Neta V ကို နီပေါနိုင်ငံတွင် စတင်ရောင်းချခဲ့သည်။ အစ္စရေးနိုင်ငံတွင် Neta U SUV နှင့် Neta V တို့ကို စတင်ရောင်းချခဲ့သည်။ လာအိုတွင် Neta U ကို စတင်ရောင်းချခဲ့သည်။

အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံး ဝင်ရောက်လာသည့် အီးဗီလုပ်ငန်းသစ် ဖြစ်လာခဲ့သည်။ 
ပင်လယ်ရပ်ခြား ဈေးကွက်များတွင် စစချင်း တစ်လအတွင်း စုစုပေါင်း စီးရေ ၅,၂၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။


တရုတ်နိုင်ငံမှ အီးဗီလုပ်ငန်းသစ်များသာမက အစဉ်အလာရှိပြီးသား တရုတ်ကားလုပ်ငန်းများလည်း အာရှဈေးကွက်ထဲသို့ ရောက်ရှိလာကြသည်။


Great Wall Motors - GWM

တရုတ်နိုင်ငံတွင် SUV နှင့် ပစ်ကပ် အများဆုံး ထုတ်လုပ်သူ Great Wall Motors - GWM သည် ဘန်ကောက်မှာ မကြာသေးခင်က ပြသခဲ့သည့် 39th Thailand International Motor Expo တွင်  Tank 500 ဟိုက်ဘရစ် လျှပ်စစ်ကားမော်ဒယ်၊ Ora Good Cat GT hatchback မော်ဒယ်၊ Haval H6 SUV မော်ဒယ် အပါအဝင် မော်ဒယ်အချို့ကို ပြသခဲ့သည်။ ယခုအခါ စွမ်းအင်သစ်ကားမော်ဒယ် ၅ မျိုး ရောင်းချနေပြီး စုစုပေါင်း စီးရေ ၁၃,၀၀၀ ဝန်းကျင် ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။၂၀၂၃ တွင် ထိုင်းဈေးကွက်မှာ မော်ဒယ် ၄ မျိုး ထပ်တိုးပြီး စတင်ရောင်းချမည် ဖြစ်သည်။
အားသွင်းရုံကွန်ရက် ထူထောင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ၎င်း၏ အက်ပ်ဖြင့် ထိုင်းနိုင်ငံတစ်လွှားရှိ အများသုံးအားသွင်းရုံတည်နေရာများကို ကြည့်ရှုနိုင်သည်။
Great Wall Motors သည် လွန်ခဲ့သည့် နှစ်နှစ်က ထိုင်းနိုင်ငံရှိ General Motors ၏ ကားစက်ရုံကို ဝယ်ယူခဲ့သည်။ 

မကြာသေးခင်က Great Wall Motors သည် မလေးရှားနိုင်ငံတွင် Ora အီးဗီကို ဆီဒင် မော်ဒယ် နှစ်မျိုးဖြင့် မိတ်ဆက်ခဲ့သည်။ မလေးရှားတွင် လာမည့် ၃ နှစ်အတွင်း မော်ဒယ် ၉ ခု ရောင်းချမည် ဖြစ်သည်။ 

 

Wuling

SAIC-GM-Wuling ၏ အရွယ်ငယ်ငယ် ကားငယ်သည် တရုတ်ဈေးကွက်တွင် အရောင်းရဆုံးဖြစ်သည်။ Wuling က Air EV ကို အင်ဒိုနီးရှားတွင် ထုတ်လုပ်နေသည်။ အမှာစာ ၅,၀၀၀ ကျော် ရရှိထားသည်။ အင်ဒိုနီးရှားတွင် လူကြိုက်များနေသည်။

တရုတ်ပြည်မှ ကားတင်ပို့မှုသည် ၂၀၂၁ တွင် စီးရေ ၂ သန်း မိုင်တိုင်ကို ကျော်ဖြတ်ခဲ့သည်။
ယခုနှစ် ၂၀၂၂ တွင် စီးရေ ၃ သန်းကျော်မည် ဖြစ်သည်။ 
Source asianews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

 


 

Read 1322 times