၂၀၂၃ တွင် တရုတ်က ဂျပန်ကို ကျော်တက်ပြီး ကားအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာမည်


၂၀၂၃ တွင် တရုတ်က ဂျပန်ကို ကျော်တက်ပြီး ကားအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံသည် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် မော်တော်ကား ကမ္ဘာ့အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံ ဖြစ်လာရန် သေချာ‌နေပြီ ဖြစ်သည်။

ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ မော်တော်ယာဥ် တင်ပို့မှုသည် အစီးရေ ၃.၉ သန်းအထိ ရှိခဲ့ကြောင်း နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ အကြီးအကဲ Wang Xia က ကွမ်ကျိုး ကားပြပွဲကြီး (21st Guangzhou International Automobile Exhibition) ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ကားအစီးရေ ၁.၀၇ သန်း တင်ပို့ခဲ့ပြီး ဂျပန်နိုင်ငံကို ကျော်တက်ကာ မော်တော်ကား ကမ္ဘာ့အများဆုံး တင်ပို့သူအဖြစ်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ပါသည်။


ဂျပန်နိုင်ငံသည် ကမ္ဘာတစ်လွှား ကားစက်ရုံများ ထားရှိပြီး ထုတ်လုပ်သဖြင့် ဂျပန်မှာ ထုတ်လုပ်သည့် ကားများ တင်ပို့သည့် အစီးရေ လျော့နည်းပါသည်။ သို့တိုင်အောင် မော်တော်ကား ကမ္ဘာ့အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
တရုတ်ကားကုမ္ပဏီများသည် ပြည်ပစက်ရုံများ ထားရှိပြီး ထုတ်လုပ်ခြင်း အစပြုသည့် အဆင့်မှာသာ ရှိပါသေးသည်။
ဂျပန်မှ တင်ပို့သည့် ကားများသည် ဂျပန်ကုမ္ပဏီများက ထုတ်လုပ်သည့် ကားများသာ ဖြစ်ပါသည်။
တရုတ်မှ တင်ပို့သည့် ကားများတွင် Tesla နှင့် BMW ကဲ့သို့သော ပြည်ပကုမ္ပဏီများက တရုတ်ပြည်တွင် ထုတ်လုပ်သောကားများ အများအပြား ပါဝင်ပါသည်။ 

တရုတ်ပြည်သည် ယခုနှစ် ပထမ ၁၀ လအတွင်း အစီးရေ ၃.၉၂ သန်း တင်ပို့ခဲ့သည်။ 

တင်ပိုခဲ့သည့် ကားများ၏ ဈေးနှုန်းများကို ပျမ်းမျှ ချကြည့်လျှင် ၂၀၁၄ ခုနှစ် ပထမ ၉ လတွင် ပျမ်းမျှဈေးနှုန်း ကားတစ်စီး ယွမ် ၈၅,၀၀၀ ရှိခဲ့ရာမှ ယခုနှစ် ပထမ ၉ လတွင် ယွမ် ၁၃၇,၀၀၀(ကန်ဒေါ်လာ ၁၉,၁၀၀ ခန့်) သို့ မြင့်တက်ခဲ့သည်။ 
"၂၀၀၁ ခုနှစ်တုန်းက တရုတ်ပြည်မှ ကားတင်ပို့တဲ့ စုစုပေါင်းတန်ဖိုးက ကန်ဒေါ်လာ ၁.၅၆ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက် ဝေစု ၀.၆၅% ရရှိခဲ့ပါတယ်။ ယခုနှစ် ပထမ ရှစ်လအတွင်း  ကားတင်ပို့တဲ့ စုစုပေါင်းတန်ဖိုးက ကန်ဒေါ်လာ ၁၂၂ ဘီလီယံနီးပါးအထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက် ဝေစု ၅.၅% ရရှိပါတယ်"ဟု  ဝမ်က မှတ်ချက်ပြုသည်။

 
Source xinhua 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 358 times