တရုတ်က ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်၊ တင်ပို့သည့် နိုင်ငံအဖြစ် ဂျပန်ကို ကျော်တက်


လျှပ်စစ်ကားများ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ရုရှားသို့ ကားတင်ပို့မှု တိုးလာခြင်းကြောင့် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်သည် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်၊ တင်ပို့သည့် နိုင်ငံအဖြစ် ဂျပန်ကို ကျော်တက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

 

ဇန်နဝါရီလမှ မတ်လအတွင်း တရုတ်နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှုသည် ယခင်နှစ်ကထက် အစီးရေ ၁.၀၇ သန်းအထိ တိုးလာခဲ့ပြီး ၅၈ ရာခိုင်နှုန်း ခုန်တက်ခဲ့ကာ ဂျပန်နိုင်ငံသည် အလားတူ သုံးလပတ်အတွင်း ကားအစီးရေ ၉၅၀,၀၀၀ တင်ပို့ခဲ့ပြီး ယခုနှစ်တွင် ၆ ရာခိုင်နှုန်းသာ တိုးခဲ့ကြောင်း ဂျပန်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ ဖော်ပြထားသည်။

 

ဧပြီလမှစ၍ လက်ရှိ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှုမှာ ဆက်လက် ကြီးထွားလာနေပြီး စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက တရုတ်နိုင်ငံအနေဖြင့် တစ်နှစ်အတွင်း ခရီးသည်တင်ယာဉ် အစီးရေ (၄) သန်း တင်ပို့နိုင်ပြီး (၃၀) ရာခိုင်နှုန်းအထိ မြင့်တက်လာရန် မျှော်မှန်းထားသည်။

 

တရုတ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး မော်တော်ကားအသစ် ဈေးကွက်ဖြစ်လာခဲ့သည်။ တရုတ်အစိုးရသည် ငွေပေးချေမှုနှင့် အခွန်ပေးဆောင်ရမှုကို လျှော့ချပြီး မက်လုံးများ ပေးဆောင်ခြင်းဖြင့် ပြည်တွင်း လျှပ်စစ်ကားလုပ်ငန်းကို ပိုမို ကြီးထွားလာစေခဲ့သည်။ 

 

ထို့ပြင် လျှပ်စစ်ကားများကို နိုင်ငံတကာ ဈေးကွက်အတွင်းသို့ ယူဆောင်လာနိုင်စေရန်အတွက် အဓိက မရှိမဖြစ် လိုအပ်သော အားသွင်းသည့် အခြေခံအဆောက်အအုံများ၊ နေရာများကို တီထွင်ခြင်းဖြင့်လည်း အကူအညီ ထောက်ပံ့မှုများ လုပ်ဆောင်ပေးနိုင်ခဲ့သည်။

 

လျှပ်စစ်ကားသို့ ကူးပြောင်းမှုသည် တရုတ်နိုင်ငံ၏ ပို့ကုန်တစ်ခုအနေဖြင့် မြင့်တက်လာစေခဲ့ပြီး စွမ်းအင်သုံးယာဉ်သစ်များ တင်ပို့မှုသည် ပထမသုံးလပတ်တွင် အစီးရေ ၃၈၀,၀၀၀၊ ၉၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ စွမ်းအင်သုံး ကားသစ်များသည် တရုတ်နိုင်ငံ၏ အလုံးစုံမော်တော်ယာဉ်တင်ပို့မှု၏ (၄၀) ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၏ လက်မောင်းတစ်ဖက်ဖြစ်သော Tesla ကုမ္ပဏီသည် အစီးရေ ၉၀,၀၀၀ ဖြင့် စွမ်းအင်သုံးကားသစ်များကို ထိပ်တန်းတင်ပို့သူဖြစ်ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။ ဒုတိယမှာ SAIC Motor ဖြစ်ပြီး ခရီးသည်တင်ယာဉ် အစီးရေ ၅၀,၀၀၀ နှင့် တတိယမှာ BYD ဖြစ်ကာ ကားအစီးရေ ၃၀,၀၀၀ ဖြင့် ထိပ်တန်း ကားတင်ပို့သူများ အနေဖြင့် အသီးသီး ရပ်တည်ခဲ့သည်။

 

SBP

Advertisement

Click Here >  Shwe Byain Phyu

 

ဘယ်လ်ဂျီယံ၊ သြစတြေးလျနှင့် ထိုင်း နိုင်ငံများသည် တရုတ်လုပ် စွမ်းအင်သုံး ကားသစ်များ၏ ထိပ်တန်းနေရာများ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကားထုတ်လုပ်မှု၏ တတိယနေရာတွင် ရပ်တည်နေသည့် တရုတ်ကားထုတ်လုပ်သူများသည် ဂျပန်ကားထုတ်လုပ်သူများ ကာလကြာရှည် လွှမ်းမိုးထားသည့် အရှေ့တောင်အာရှတွင် စျေးကွက်ဝေစု ရယူရန်အတွက် EV များကို အသုံးပြုနေကြောင်း ပြသနေသည်။

 

တရုတ်လုပ် မော်တော်ကားအားလုံးအတွက် ရုရှားသည် ပထမသုံးလပတ်တွင် အများဆုံး တင်ပို့ရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ယင်းနိုင်ငံသို့ တင်ပို့မှုမှာ ယခင်နှစ်ကထက် သုံးဆကျော် တိုးလာပြီး အစီးရေ ၁၄၀,၀၀၀ ထိ ရှိလာသည်။

 

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်လာပြီးနောက် Toyota Motor၊ Volkswagen နှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် ရုရှားစက်ရုံများကို ပိတ်ကာ စျေးကွက်မှ နုတ်ထွက်ခဲ့သဖြင့် တရုတ်ကားထုတ်လုပ်သူများက အစားထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

 

အထူးသဖြင့် တရုတ်ထိပ်တန်း ကားကုမ္ပဏီများ ဖြစ်သည့် Chery Automobile နှင့် Great Wall Motor တို့သည် ရုရှားတွင် အရောင်းမြှင့်တင်ခဲ့ကြပြီး Chery Automobile ကို တရုတ် မြူနီစီပယ်အစိုးရများနှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းများမှ ရန်ပုံငွေ ပံ့ပိုးထားကြောင်း သိရသည်။

 

တရုတ်နိုင်ငံသည် ပထမသုံးလပတ်တွင် ရုရှားသို့ စစ်ဘက်အတွက် အသုံးပြုနိုင်သည့် ထရပ်ကား အစီးရေ ၃၀,၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် (၇) ဆနီးပါး တင်ပို့ခဲ့ခြင်း ဖြစ်ကာ ရုရှားအပြင် အမှာစာအတွက် ထိပ်တန်းပို့ကုန် နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ဘယ်လ်ဂျီယံနှင့် ဆော်ဒီအာရေဗျသို့လည်း တင်ပို့လျက် ရှိသည်။

 

Tesla ၏ ပထမသုံးလပတ်တွင် တရုတ်နိုင်ငံမှ တင်ပို့မှုသည် အစောပိုင်းနှစ်ထက် (၂၀) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး Tesla သည် ရှန်ဟိုင်း Gigafactory ကို ဥရောပနှင့် ဂျပန်အတွက် ချိတ်ဆက်ထားသော မော်တော်ကားများအတွက် ပို့ကုန်အချက်အချာတစ်ခုအဖြစ် စျေးကွက်ကြားတွင် နေရာယူထားသည်။ 

 

Shanghai ၏ Gigafactory ကို ၂၀၁၉ ခုနှစ်တွင် စတင် လည်ပတ်ခဲ့ပြီး အဆိုပါစက်ရုံသည် နှစ်စဉ် ကားအစီးရေ ၂၅၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့ကာ ယခုအခါ စက်ရုံသည် တစ်နှစ်လျှင် အစီးရေ ၁.၂၅ သန်းထိ ထုတ်လုပ်နိုင်ခဲ့ပြီး စွမ်းရည်မြှင့်စက် ၁.၇၅ သန်းအထိ ပါမစ်လျှောက်ထားခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ယမန်နှစ်က Gigafactory မှ တင်ပို့မှုမှာ ကားအစီးရေ ၂၇၀,၀၀၀ ရှိပြီး စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းနီးပါး ရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၃၀) ရာခိုင်နှုန်းနီးပါး တိုးတက်လာခြင်း ဖြစ်သည်။ Gigafactory သည် ပြီးခဲ့သည့်လတွင် ကနေဒါသို့ တင်ပို့ရန် Model Y အားကစားသုံးယာဉ်များကိုလည်း စတင် ထုတ်လုပ်နေပြီ ဖြစ်သည်။

 

Ref : Asia Nikkei 

Read 323 times