တရုတ်နိုင်ငံ မော်တော်ယာဥ် တင်ပို့မှု ဇူလိုင်လတွင် လစဉ်စံချိန်သစ်သို့ ရောက်ရှိခဲ့
တရုတ်နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှုသည် ဇူလိုင်လတွင် လစဉ်စံချိန်သစ်သို့ ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers မှ ကြာသပတေးနေ့ (ဩဂုတ် ၁၁)တွင် ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ မော်တော်ယာဥ် ထုတ်လုပ်ရေး ကုမ္ပဏီများသည် ပြီးခဲ့သည့် ဇူလိုင်လတွင် ကားအစီးရေ ၂၉၀,၀၀၀ ခန့် တင်ပို့ခဲ့ပြီး ယမန်နှစ်ထက် ၆၇ ရာခိုင်နှုန်း တိုးခဲ့ပြီး ပြီးခဲ့သည့် ဇွန်လထက် ၁၆ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့ပါသည်။
ဇူလိုင်လတွင် စွမ်းအင်သစ်သုံးယာဉ်များ တင်ပို့မှုမှာ စုစုပေါင်း အစီးရေ ၅၄,၀၀၀ ရှိပြီး ဇွန်လထက် ၉၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
Changan Automobile မှထုတ်လုပ်သောကားများကို China Railway Special Cargo Logistics Co., Ltd. ၏ JSQ ကုန်စည်ပို့ဆောင်ရေး ရထားပေါ် တင်နေသည်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းရှိ Yuzui ဘူတာရုံတွင် တွေ့ရစဉ်
၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံး ကားတင်ပို့မှုမှာ အစီးရေ ၂.၄ သန်း အထိရောက်ရှိနိုင်သည်ဟု အသင်းက ခန့်မှန်းထားပါသည်။၂၀၂၂ ခုနှစ် ပထမခုနစ်လတာတွင် မော်တော်ယဉ်တင်ပို့မှုမှာ အစီးရေ ၁.၅၁ သန်းခန့်ရှိခဲ့ပြီး အိမ်စီးကားများသည် အများစု ဖြစ်သည်။
Telegram Channel https://t.me/Guid4U
Source: Xinhua
#MyanmarAutomobileGuide