‌တရုတ်နိုင်ငံ ကားအများဆုံး ပြည်ပတင်ပို့သည့် ကုမ္ပဏီ (၁၀) ခု


‌တရုတ်နိုင်ငံ ကားအများဆုံး ပြည်ပတင်ပို့သည့် ကုမ္ပဏီ (၁၀) ခု

Source: Dongshu Cui of CPCA
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်နိုင်ငံ အကောက်ခွန်ဌာနမှ အချက်အလက်များအရ တရုတ်နိုင်ငံ၏ မော်တော်ကား (ကိုယ်ထည်ချာစီ တင်ပို့ခြင်းများ အပါအဝင်) တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၁.၆ ဘီလီယံတန်ဖိုးရှိ ကားအစီးရေ ၅.၂၂ သန်းကျော် ရှိခဲ့ပြီး ကားစီးရေ ကမ္ဘာ့ အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ပထမနေရာကို ရရှိခဲ့ပါသည်။

တရုတ်နိုင်ငံ ကားတင်ပို့သည့် သမိုင်းတလျှောက် ၂၀၂၃ ခုနှစ်တွင် အစီးရေ အများဆုံး၊ စုစုပေါင်းတန်ဖိုး အများဆုံးအဖြစ် စံချိန်သစ် တင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်အမှတ်တံဆိပ်ကားများကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် နယ်မြေပိုင်နက်ဒေသပေါင်း ၂၀၀ ကျော်သို့ တင်ပို့ရောင်းချခဲ့သည်။
  
၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်မှုနှင့် ရောင်းအားသည် အစီးရေ သန်း ၃၀ ကျော်ခဲ့ပြီး စံချိန်သစ် တင်ခဲ့ပါသည်။


၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် မော်တော်ကား တင်ပို့မှုတွင်  ပမာဏနှင့် တန်ဖိုး နှစ်ခုစလုံး ကမ္ဘာပေါ်တွင် အများဆုံး ပထမ နေရာတွင် ရောက်ရှိနေသည်။

ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ခန့်မှန်း‌ခြေအားဖြင့် အစီးရေ ၄.၃ သန်း တင်ပို့ပါသည်။
သို့ဖြစ်ရာ တရုတ်က ဂျပန်ထက် အစီးရေ ၁ သန်းနီးပါး ပိုများပါသည်။

 
တရုတ်နိုင်ငံမှ အပြီးအစီး တပ်ဆင်ပြီးသည့် ကားများ တင်ပို့သည့် စုစုပေါင်း တန်ဖိုးသည် ယာဉ်အစိတ်အပိုင်းများ တင်ပို့သည့် စုစုပေါင်း တန်ဖိုးထက် ပိုများပါသည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဥ် အစိတ်အပိုင်းများ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၇ ဘီလီယံဖိုး ရှိပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် အင်ဂျင်ကားများ အစီးရေ ၃.၅၂ သန်း တင်ပို့ခဲ့သည်။
အီးဗီ အစီးရေ ၁.၇ သန်း တင်ပို့ခဲ့သည်။ အီးဗီစစ်စစ် ၉၀% နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်အီးဗီ ၁၀% ပါဝင်ပါသည်။
 

ကားအများဆုံး တင်ပို့သည့် ထိပ်တန်း(၁၀) ကားကုမ္ပဏီများနှင့် တင်ပို့သည့် အစီးရေများမှာ
• Chery Automobile  ၉၂၂,၈၃၀ စီး
• SAIC Passenger Cars ၆၈၅,၀၁၈ စီး
• Tesla China ၃၄၄,၀၇၈ စီး
• Geely Automobile ၂၇၄,၁၀၁ စီး
• Great Wall Motors ၂၆၇,၇၆၅ စီး
• BYD Automobile ၂၄၂,၇၆၅ စီး
• Changan Automobile ၁၉၁,၉၁၇ စီး
• SAIC General Motors Wuling ၁၈၄,၉၃၅ စီး
• SAIC-GM ၁၀၀,၀၀၆ စီး
• Jiangsu Yueda Kia ၈၆,၈၉၉ စီး

တရုတ်နိုင်ငံမှ တင်ပို့သည့် ကားများတွင် ၄၂% သည် ရုရှားသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။


Source: Dongshu Cui of CPCA
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 252 times