၂၀၂၃ ဇန်နဝါရီလ တရုတ်ဈေးကွက် ရောင်းအားအကောင်းဆုံးကားများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၃ ခုနှစ် ဇန်နဝါရီလ တရုတ်ပြည်တွင်း ကားအသစ်ဈေးကွက်အပေါ် တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည်က သက်ရောက်မှု ရှိသည်။ တစ်ပတ်မှ နှစ်ပတ်အထိ အလုပ်နားကြသည်။
တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) ၏ နောက်ဆုံးအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ပြည်တွင်း ကားအသစ်ဈေးကွက်တွင် ကားစီးရေ ၁.၂၉၃ သန်း ရောင်းချခဲ့ပြီး ယမန်နှစ် ဇန်နဝါရီလထက် ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဈေးကွက်တစ်ခုလုံး ခြုံငုံကြည့်လျှင် ရောင်းအားကျဆင်းသည့်လ ဖြစ်သော်လည်း အချို့ကားအမှတ်တံဆိပ်များသည် ရောင်းအား ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
အရောင်းရဆုံး ကားအမှတ်တံဆိပ် ထိပ်တန်း(၅) စာရင်းတွင် Volkswagen က ပထမနေရာတွင် ရှိနေပြီး ၁၄၈,၀၀၄ စီး ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၁၁.၄၅% ရရှိသည်။
ဒုတိယနေရာတွင် BYD ရှိနေပြီး ၁၃၃,၃၁၇ စီး ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၁၀.၃၁% ရရှိသည်။
ကျန်သည့် brand ၃ ခုမှာ Toyota, Changan, Geely တို့ဖြစ်ပြီး ဈေးကွက်ဝေစု ၁၀% အောက်မှာသာ ရရှိကြသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံတွင်
အရောင်းရဆုံးအမှတ်တံဆိပ်များ
BYD တစ်ခုတည်းသာ ယမန်နှစ်ထက် ရောင်းအား ၄၀% မြင့်တက်ခဲ့သည်။ ကျန်သည့် ထိပ်တန်း(၁၀) စာရင်းဝင်အားလုံး ရောင်းအားလျော့နည်းကြသည်။
ရောင်းအား အကျဆုံးမှာ Nissan နှင့် Honda တို့ ဖြစ်ပါသည်။
၂၀၂၂ တတိယ၃ လပတ်မှစ၍ ၎င်း brand ၂ ခု ရောင်းအားကျဆင်းခဲ့ကြသည်မှာ ၃၀% ကျော်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံတွင်
အရောင်းရဆုံး PHEV+Pure EV အမှတ်တံဆိပ်များ
PHEV + EV ဈေးကွက် အပိုင်းအကန့်တွင် BYD သည် စီးရေ ၁၃၃,၃၁၇ ရောင်းချပြီး ဦးဆောင်နေသည်။
Tesla က ဒုတိယနေရာတွင် ရှိနေပြီး စီးရေ ၂၆,၈၄၃ ရောင်းချခဲ့သည်။
အခြား အရောင်းရဆုံး အီးဗီ brand များမှာ Wuling, Changan, GAC တို့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံတွင်
အရောင်းရဆုံး ကားမော်ဒယ်များ
BYD Song Plus သည် အရောင်းရဆုံး ကားမော်ဒယ် ဖြစ်သည်။ ပလပ်ထိုး ဟိုက်ဘရစ်နှင့် လျှပ်စစ်ကားစစ်စစ် ဗားရှင်း ၂ မျိုး ထုတ်လုပ်သည်။
ဇန်နဝါရီလတွင် ၃၅,၅၈၅ စီး ရောင်းချခဲ့သည်။
ဒုတိယနေရာတွင် Volkswagen Lavida ရှိနေပြီး Nissan Sylphy က တတိယနေရာတွင် ရှိနေသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံတွင်
အရောင်းရဆုံး အီးဗီ အမှတ်တံဆိပ်များ
Tesla က ဈေးချပြီး ရောင်းအားမြှင့်တင်ခဲ့သည်။
BYD သည် နိုင်ငံတကာသို့ တိုးချဲ့တင်ပို့နေသည်။ စီးရေ ၁၀,၀၀၀ ကျော် တင်ပို့ခဲ့သည်။ ထိုသို့ တင်ပို့သည့် အရေအတွက်သည် အထက်ဖော်ပြပါစာရင်းတွင် မပါဝင်ပါ။
Source carnewschina
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U