ကားတင်သင်္ဘော အရေအတွက် တိုးမြှင့်ရန် တရုတ်နိုင်ငံ ဆောင်ရွက် 


ကားတင်သင်္ဘော အရေအတွက် တိုးမြှင့်ရန် တရုတ်နိုင်ငံ ဆောင်ရွက် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ကားတင်သင်္ဘောကဏ္ဍတွင် ကားအမြောက်အမြား ထုတ်လုပ်တင်ပို့သည့် ဂျပန်နိုင်ငံသည် ကားသင်္ဘော အများဆုံး ပိုင်ဆိုင်ပါသည်။ Clarksons Research အဆိုအရ ကမ္ဘာ့ကားတင်သင်္ဘောကဏ္ဍမှ သင်္ဘောစုစုပေါင်း၏ ၄၀% သည် ဂျပန်ကုမ္ပဏီများ၏ ကားတင်သင်္ဘောများ ဖြစ်ပါသည်။ သို့ဖြစ်ရာ ဂျပန်နိုင်ငံသည် သင်္ဘောစီးရေအရလည်းကောင်း၊ တင်ဆောင်နိုင်သည့်ကားစီးရေအရလည်းကောင်း အများဆုံး ဖြစ်ပါသည်။

 

တရုတ်နိုင်ငံမှ ကုမ္ပဏီများ ပိုင်ဆိုင်သည့် ကားတင်သင်္ဘော အရေအတွက်သည် ပပြောပလောက်ချေ။ ၂၀၂၂ ဒီဇင်ဘာလတွင် ၃% သာ ရှိပါသည်။

ကမ္ဘာ့ကားတင်သင်္ဘောကဏ္ဍတွင် ကားတင်သင်္ဘော စီးရေ ၇၅၀ ဝန်းကျင်ရှိရာ၌ တရုတ်နိုင်ငံမှ ကားတင်သင်္ဘော ၄၁ စီးမျှသာ ပါဝင်သည့်အပြင် ခရီးရှည်နှင့် ခရီးလတ် သွားနိုင်သည့် ကားတင်သင်္ဘော ၁၀ စီးမျှသာ ပါဝင်ပါသည်။

 

ယခင်က တရုတ်ပြည်မှ ပြည်ပသို့ ကားများတင်ပို့မှု နည်းပါးပါသည်။ ယခုအခါ တစ်နှစ်လျှင် စီးရေ ၂ သန်းကျော် ၃ သန်းနီးပါး တင်ပို့နေသဖြင့် တရုတ်နိုင်ငံအနေဖြင့် ကားတင်သင်္ဘောများ များများစားစား ရှိနေဖို့ အရေးကြီးနေပါသည်။

အချို့သော တရုတ်ကားကုမ္ပဏီများသည် ကုမ္ပဏီပိုင် ကားတင်သင်္ဘောများ ထားရှိရန်အတွက် တရုတ်ပြည်မှ သင်္ဘောကျင်းများတွင် ကားတင်သင်္ဘောအသစ်များ မှာကြားထားကြပါသည်။

၂၀၂၂ ခုနှစ်အတွင်း ကားတင်သင်္ဘော မလုံလောက်တော့သဖြင့် ကားပို့ဆောင်ခနှုန်းထားများ ၃ ဆအထိ မြင့်တက်ခဲ့ပါသည်။

ကားတင်သင်္ဘော လိုသလောက် ငှားမရသဖြင့် ကားတင်ပို့မှု ထိခိုက်နိုင်သည့်အရေးကို ဖယ်ရှားနိုင်ရန်အတွက် တရုတ်နိုင်ငံသည် ကားတင်သင်္ဘောအရေအတွက် တိုးမြှင့်ရန် လုပ်ဆောင်လျက် ရှိသည်။

 

Clarksons Research ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် တရုတ်သင်္ဘောကျင်းများသည် ကားတင်သင်္ဘော ၅၈ စင်း အသစ်တည်ဆောက်ပေးရန် အမှာစာများ ရရှိခဲ့ပါသည်။ ကမ္ဘာတစ်လွှား ကားတင်သင်္ဘော အသစ်တည်ဆောက်ရန် အမှာစာ စီးရေ စုစုပေါင်း၏ ၈၆% ဖြစ်ပါသည်။

Source Yahoo Finance

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 139 times