ထိုင်းကို ထုတ်လုပ်ဖြန်ချိရေး အခြေစိုက်အဖြစ် တရုတ်အီးဗီလုပ်ငန်းများ မျက်စိကျ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်း-တရုတ် ကုန်သည်ကြီးများအသင်း၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ အဓိက လျှပ်စစ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံအား ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အခြေစိုက်စခန်းအဖြစ် မျက်စိကျနေကြသည်။
ထိုင်းတွင် ရနိုင်မည့် ရင်းနှီးမြှုပ်နှံမှုမက်လုံးများကြောင့် တရုတ်မော်တော်ကားထုတ်လုပ်သူများသည် အရင်းအနှီးများ သွန်ထည့်နေကြသည်ဟု ထိုင်း-တရုတ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Narongsak Putthapornmongkol က ဇွန်လ ၂၅ ရက်တွင် ပြောကြားသည်။
တရုတ်၏ Hozon New Energy Automobile Co သည် ထိုင်းနိုင်ငံသို့ နောက်ဆုံး မောင်းဝင်လာသည့် လုပ်ငန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှ ဈေးကွက်များသို့ ရောင်းချရန်အတွက် ထိုင်းနိုင်ငံတွင် အီးဗီများ စတင်ထုတ်လုပ်မည် ဖြစ်သည်။
Chongqing Changan Automobile နှင့် GAC Aion တို့သည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ရေး စက်ရုံများတွင် စုစုပေါင်း ဘတ်ငွေ ၁၆.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များကို ကြေညာခဲ့ကြသည်။
Great Wall Motor နှင့် BYD ကုမ္ပဏီတို့သည် အရှေ့ပိုင်း ရယောင်းပြည်နယ်တွင် ထုတ်လုပ်မှု စက်ရုံများကို ထူထောင်ပြီးဖြစ်သည်။
ပြီးခဲ့သည့် ၃ လတာတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဘတ် ၁၅၅.၃ ဘီလီယံအတွက် အဆိုပြုလွှာများ ထိုင်းနိုင်ငံ လက်ခံရရှိခဲ့သည်။ တောင်ကိုရီးယား၊ စင်ကာပူနှင့် တရုတ်တို့မှ ကုမ္ပဏီများက အများဆုံးဖြစ်သည်။
တရုတ်မှ ကုမ္ပဏီများက ဘတ် ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ဘက်ထရီ၊ လျှပ်စစ်ပစ္စည်း၊ ရေနံဓာတုပစ္စည်းနှင့် ဆိုလာဆဲလ် ထုတ်လုပ်မည့် လုပ်ငန်းများ ပါဝင်သည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန် ဖွံ့ဖြိုးရေးလုပ်ငန်း WHA Corpသည် အီးဗီများ၊ မော်တော်ကား အစိတ်အပိုင်းများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် စက်ရုံများ ထူထောင်ရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများထံမှ ၀ယ်လိုအားများလာမည်ဟု မျှော်လင့်ကြောင်း အမှုဆောင်အရာရှိချုပ် Jareeporn Jarukornsakul က ပြောသည်။
Source bangkokpost