ထောက်ပံ့ကြေးကာလ ပြီးဆုံးခြင်းကြောင့် တရုတ်အီးဗီကဏ္ဍ အကွေ့အချိုးရောက်ရှိ


ထောက်ပံ့ကြေးကာလ ပြီးဆုံးခြင်းကြောင့် တရုတ်အီးဗီကဏ္ဍ အကွေ့အချိုးရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 
တရုတ်ပြည်မှ လျှပ်စစ်ကားထုတ်လုပ်သူများသည် ရောင်းအားမြင့်တက်ခဲ့သည့် ၂၀၂၂ ခုနှစ်ကို ဖြတ်သန်းခဲ့ပြီးသည့်နောက် အစိုးရထောက်ပံ့ကြေးများ ပေးအပ်သည့်ကာလ ပြီးဆုံးခြင်းအပြင် တရုတ်ပြည်မှာ ကိုဗစ်သုည မူဝါဒအစား ကိုဗစ်နှင့်အတူနေထိုင်ခြင်းကို ပြောင်းလဲ ကျင့်သုံးလိုက်ခြင်းအတွက် မသေချာမရေရာတဲ့ နှစ်တစ်နှစ်အဖြစ် ၂၀၂၃ ကို ရင်ဆိုင်ကြရမှာ ဖြစ်ပါသည်။  အစိုးရ ထောက်ပံ့ကြေး မရတော့သည့် အကွေ့အချိုးကို ကွေ့ချိုးပြီးချိန်တွင်  ကမ္ဘာတစ်လွှား လျှပ်စစ်မော်တော်ယာဉ်သုံး ချစ်ပ်များ မလုံလောက်သည့် ပြဿနာကိုလည်း ၂၀၂၃ မှာ ဆက်လက်ရင်ဆိုင်ကြရမှာ ဖြစ်ပါသည်။


နှစ်ပေါင်းအတန်ကြာ အစိုးရမူဝါဒများနှင့် ထောက်ပံ့မှုများကြောင့် တရုတ်နိုင်ငံ၏ အီးဗီ စျေးကွက်သည် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၆.၅ သန်း စံချိန်တင်ရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ၏ အစီးရေ ၃.၅၂ သန်း၏ နှစ်ဆနီးပါးရှိကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association ၏ ခန့်မှန်းချက်အရ သိရသည်။

အီးဗီအပါအဝင် ကားအမျိုးစုံ ရောင်းအားမှာ ၂၀၂၂ ပထမ ၁၁ လတွင် ယခင်နှစ်ထက် ၃.၃% မျှသာ မြင့်တက်ခဲ့သည်။ စီးရေ ၂၄.၃ သန်း ရောင်းချခဲ့သည်။ 
၂၀၂၃ အတွက် အသင်း၏ ကြိုတင်ခန့်မှန်းချက်များမှာ ကားအမျိုးစုံ ရောင်းအား ၃% ကြီးထွားမည် ဖြစ်ပြီး အီးဗီရောင်းအား ၃၁% ကြီးထွားမည်။

"ကားထုတ်လုပ်ရေးကဏ္ဍမှာ အရေးကိစ္စ အသေးစားတွေ ရင်ဆိုင်နေကြရတာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ချစ်ပ်ကိစ္စ။ ကျွန်တော်တို့ အခြေအနေကို ပြည့်ပြည့်စုံစုံ မအုပ်မိသေးဘူး။ အခြေခံကျတဲ့ ကိစ္စရပ်တွေကို ဆုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး' ဟု နိုင်ငံပိုင် ကားထုတ်လုပ်ရေးလုပ်ငန်း GAC Motor မှ အထွေထွေမန်နေဂျာ Feng Xingya က ပြောကြားသည်။
ကွမ်ကျိုးမြို့အ‌ခြေစိုက် GAC Motor သည် ဘက်ထရီပါဝါ ဆီဒင် Aion ကို ထုတ်လုပ်သည်။ တရုတ်ဈေးကွက် ရောင်းအကောင်းဆုံး အီးဗီများတွင် Aion ဆီဒင်ပါဝင်သည်။
ကမ္ဘာ့အကြီးဆုံး အီးဗီ စျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည် COVID-19 လော့ဒေါင်းများကြောင့် ချစ်ပ်ပေးသွင်းမှု ပြတ်လပ်ခြင်းကို ကြုံ‌နေရသည်မှာ ၂၀၂၀ ပြည့်နှစ်ကတည်းက ဖြစ်သည်။ အမေရိကန်နှင့် ပထဝီနိုင်ငံရေး တင်းမာမှုများလည်း ဆက်ရှိနေသည်။ တရုတ်ကားထုတ်လုပ်သူများသည် ထုတ်လုပ်မှု နှေးထားကြပြီး ရောင်းအားရည်မှန်းချက်များကိုလည်း လျှော့ချထားကြသည်။
GAC Motor သည် ၂၀၂၂ တွင် ရောင်းအား ၁၂% ကြီးထွားခဲ့ပြီး ၂၀၂၃ အတွက် ၁၀% ဟု လျှော့ချထားသည်။

"ထောက်ပံ့ငွေများ ရုပ်သိမ်းခြင်းကဲ့သို့သော အီးဗီအတွက် မူဝါဒများကြောင့် ကျွန်တော်တို့ လုပ်ငန်းကဏ္ဍမှာ ရှိပြီးသား မရောမသေချာခြင်းတွေမှာ နောက်ထပ် မရောမသေချာခြင်းတွေ တိုးစေပါတယ်" ဟု Feng က ပြောကြားသည်။

လက်ရှိတွင် အီးဗီဝယ်ယူသူတိုင်းသည် ယွမ် ၄,၈၀၀($695) မှ ၁၂,၆၀၀၀ အထိ အစိုးရထောက်ပံ့ကြေး ရရှိနေကြသည်။ သို့သော် ၎င်းထောက်ပံ့ကြေးများကို ၂၀၂၀ မှစတင် တဖြည်းဖြည်း လျှော့ချလာခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ထောက်ပံ့ကြေးများ အဆုံးသတ်သည်။
"ကျွန်တော်တို့ရဲ့ Nio ET5 ကို မှာကြားပြီးရင်စောင့်ဆိုင်းကာလ သုံးလကြာတဲ့အထိ ဝယ်ယူသူ များပြားခဲ့ပြီး ယခုနှစ်မှာ အရောင်းရဆုံး မော်ဒယ် ဖြစ်ပါတယ်" ဟု တရုတ်ပရီမီယံ အီးဗီ ထုတ်လုပ်သူ Nio ၏ အရောင်းကိုယ်စားလှယ်က ပြောကြားသည်။
"ဒါပေမဲ့ အခု ထောက်ပံ့ကြေး မပါတော့လို့ စျေးနှုန်းအသစ်က ယွမ် ၃၂၈,၀၀၀ ဖြစ်သွားပါတယ်။ အရင်က ယွမ် ၁၁,၀၀၀ ပဲ ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။
Nio ၏ အမှုဆောင်အရာရှိချုပ် William Li က 
ထောက်ပံ့ကြေးများကို ဖယ်ရှားလိုက်သည့်အတွက်  အားနည်းသွားသော ဝယ်လိုအားကို ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင်  ရင်ဆိုင်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

တိုက်ဆိုင်နေသည်မှာ ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်သည့် ၂၀၂၂ နှစ်ကုန်တွင် ကိုဗစ်သုည မူဝါဒကို အစိုးရက စွန့်လွှတ်လိုက်ပြီး ကိုဗစ်နှင့် အတူနေထိုင်ရေး မူဝါဒကို ပြောင်းလဲကျင့်သုံးလိုက်ပြီး နိုင်ငံတဝှမ်း ကိုဗစ်ကူးစက်မှုများ ဆက်လက်များပြားနေသည်။ သို့ဖြစ်ရာ အီးဗီကားဈေးကွက် မရေရာ မသေချာခြင်းများ ပိုပြင်းထန်သွားစေပါသည်။ 
Source Asia Nikkei 
 

Read 308 times