တရုတ်နိုင်ငံ အီးဗီ ရည်မှန်းချက် မြှင့်တင်


တရုတ်နိုင်ငံ အီးဗီ ရည်မှန်းချက် မြှင့်တင်

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်အစိုးရက ၂၀၂၀ ပြည့်နှစ်တွင် အီးဗီ မူဝါဒ ချမှတ်စဉ်က ၂၀၃၅ ခုနှစ်တွင် ကားအသစ်ရောင်းအား စုစုပေါင်း၏ ထက်ဝက် (၅၀%) သည် NEV ဖြစ်ရမည်ဟု ရည်မှန်းချက် ချမှတ်ခဲ့ပါသည်။ စပ်ကူးမတ်ကူးကာလတွင် ရည်မှန်းချက်များမှာ ၂၀၂၅ ခုနှစ်တွငိ ၂၀% ၊ ၂၀၃၀ ပြည့်နှစ်တွင် ၄၀% ဟု ရည်မှန်းချက် အသီးသီး ချမှတ်ခဲ့ပါသည်။

ယခုအခါ တိုးမြှင့် သတ်မှတ်လိုက်ပါသည်။ ၂၀၂၇ ခုနှစ်တွင် စွမ်းအင်သစ်သုံးကားသစ်များ new energy vehicles (NEV) ရောင်းအားသည် ကားအသစ်ရောင်းအား စုစုပေါင်း၏ ၄၅%  ရရှိရန် ရည်မှန်းထားပါသည်။

၂၀၂၃ ခုနှစ် ကားရောင်းအားတွင် NEV ၃၂% ပါဝင်ပါသည်။ 

 

တရုတ်အစိုးရ မူဝါဒအရ စွမ်းအင်သစ်သုံးကားသစ်များ new energy vehicles (NEV) တွင်

• ဘက်ထရီဖြင့်သာ မောင်းနှင်သည့် လျှပ်စစ်မော်တော်ယာဉ် battery electric vehicle (BEV)

• ပလပ်ထိုးအားသွင်း အင်ဂျင်ပါ ဟိုက်ဘရစ် လျှပ်စစ်မော်တော်ယာဉ် plug-in hybrid electric vehicle (PHEV)

• လောင်စာဆဲလ် လျှပ်စစ်မော်တော်ယာဉ် fuel cell electric vehicle (FCEV)

တို့ အကျုံးဝင်ပါသည်။ 

Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 232 times