တရုတ်နိုင်ငံ အီးဗီစျေးကွက် ၂၀၂၃ ခုနှစ်တွင် နှေးကွေးနေမည်ဟု ခန့်မှန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အစိုးရထောက်ပံ့ကြေး မရတော့သဖြင့် BYD ကားဈေး မြှင့်တင်လိုက်သည်။ တရုတ်နိုင်ငံမှ ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD Co သည် ယမန်နှစ်နိုဝင်ဘာလကတည်းက စွမ်းအင်သုံးကားအသစ်များအတွက် အစိုးရထောက်ပံ့ကြေးများ လျှော့ချခဲ့ခြင်းကြောင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ ၎င်း၏ ကားစျေးနှုန်းများကို ပြောင်းလဲခဲ့သည်။
မော်ဒယ်အမျိုးမျိုးအတွက် ယွမ် ၂,၀၀၀ (ဒေါ်လာ ၂၉၀) မှ ယွမ် ၆၀၀၀ ကြား စျေးနှုန်းများ တက်လာမည်ဖြစ်ကြောင်း ကုမ္ပဏီက ၎င်း၏ တရားဝင် Weibo အကောင့်တွင် ပြောကြားခဲ့သည်။
တရုတ်လျှပ်စစ်ကားစျေးကွက်သည် အစိုးရမှ ငွေသားထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး စီးပွားရေးအုံ့မှိုင်းနေသည့်အပေါ် စိုးရိမ်မှုများကြောင့် ဝယ်ယူသူများ အနေဖြင့် ဈေးမြင့်သော ကားမော်ဒယ်များ လက်ရှောင်ကြလျှင် တက်နေသည့် အရှိန်အဟုန် ၂၀၂၃ တွင် လျော့ကျသွားဖွယ်ရှိသည်။
ဘက်ထရီပါဝါသုံး မော်တော်ကားများ၏ ရောင်းအား ကြီးထွားမှု နှေးကွေးခြင်းကြောင့် ထုတ်လုပ်မှု အလွန်အကျွံ ဖြစ်ကုန်မည့်အရေးကို တရုတ်နိုင်ငံ မော်တော်ယာဥ်လုပ်ငန်းနှင့် ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံ မော်တော်ယာဥ်လုပ်ငန်းကဏ္ဍသည် တရုတ်နိုင်ငံ လုပ်သားအင်းအားစု ဦးရေ သန်း ၈၀၀ တွင် လူ ၆ ဦးတိုင်းတွင် ၁ ဦးကို အလုပ်ခန့်ထားသည်။
တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA) ၏ အဆိုအရ တရုတ်နိုင်ငံရှိ လျှပ်စစ်ကားထုတ်လုပ်သူ ၂၀၀ ဝန်းကျင်သည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ကားအစီးရေ ၈.၄ သန်းကို ထုတ်လုပ်ကြလိမ့်မည်။ ၂၀၂၂ တွင် ထုတ်လုပ်ခဲ့သည့် အစီးရေ ၆.၄ သန်းထက် ၃၀ ရာခိုင်နှုန်း ပိုများလိမ့်မည်ဟု မျှော်လင့်ထားသည်။
သို့သော် ၂၀၂၁ တွင် အီးဗီ စီးရေ ၂.၉၉ သန်း ရောင်းချခဲ့ပြီး ၂၀၂၂ တွင် ၂၀၂၁ တွင် ၁၁၄% တိုးခဲ့သည်နှင့် နှိုင်းယဉ်ပါက ၃၀% သည် နည်းလွန်းနေသည်။
"အလုပ်အကိုင်များ ဖန်တီးရန်နှင့် ဝန်ထမ်းများ၏ ၀င်ငွေများ တိုးတက်စေရန်အတွက် ပြင်းထန်သော အားထုတ်မှုများ ပြုလုပ်ရမည်" ဟု CPCA ၏ အထွေထွေအတွင်းရေးမှူး Cui Dongshu က ပြောကြားခဲ့သည်။ သို့မှသာ ၂၀၂၃ တွင် ကားရောင်းအား ပိုများလိမ့်ဟု ၎င်းက ပြောကြားသည်။
"ကားဝယ်ယူမှု အားကောင်းလာစေရန် မက်လုံးများပိုမိုပေးဆောင်ရန် အခွန် အာဏာပိုင်များကိုလည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်"ဟု ၎င်းက ပြောကြားသည်။
၂၀၂၃ ဇန်နဝါရီ ၁ ရက်မှစတင်၍ တရုတ်အစိုးရသည် အီးဗီ ဝယ်ယူမှုများအတွက် ငွေသားထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် မော်တော်ကားများရောင်းချမှုကို အားပေးရန် ၁၂ နှစ်ကြာ ကြိုးပမ်းမှုမှ အထောက်အပံ့ကို နိဂုံးချုပ်လိုက်သည်။
၂၀၂၂ ခုနှစ်တွင် အစိုးရသည် ခရီးတာ ကီလိုမီတာ ၄၀၀ ကျော်မောင်းနှင်နိုင်သော လျှပ်စစ်ကားများကို ဝယ်ယူသူများအား ယွမ်ငွေ ၁၂,၆၀၀ ($1,826) ထောက်ပံ့ခဲ့သည်။
"လူလတ်တန်းစား ကားဝယ်စီးမည့်သူ အများစုက ၂၀၂၃ ခုနှစ်မှာ သူတို့ရဲ့ ၀င်ငွေ တက်လာမယ်လို့ မမျှော်လင့်ကြဘူး။ ဒီတော့ ကားဝယ်ဖို့အတွက် ဆုံးဖြတ်ချက်ချတာမှာ သတိကြီးစွာထားကြလိမ့်မယ်" ဟု ရှန်ဟိုင်းအခြေစိုက် ဘဏ္ဍာရေးအကြံပေးကုမ္ပဏီ Integrity ၏ အတိုင်ပင်ခံပုဂ္ဂိုလ် Ding Haifeng က ပြောကြားသည်။
"အီးဗီ စျေးကွက်က စီးပွားရေး အခြေအနေနှင့် စီးပွားရေးအမြင်ပေါ်တွင် မူတည်နေပါတယ်"ဟု ၎င်းက ပြောကြားသည်။
လက်ရှိ COVID ဖြစ်ပွားမှု သက်သာလာပြီးနောက် မေလ သို့မဟုတ် ဇွန်လတွင် အီးဗီများ ထုတ်လုပ်မှုနှင့် ရောင်းအား ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဟု ခန့်မှန်းထားသည်။
Source SCMP
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U